မွေးနေ့မှာရတဲ့ ပိုက်ဆံနဲ့ အမေ့ကို ရွှေလက်စွပ်ဝယ်ပေးခဲ့တဲ့ (၆) နှစ်သားလေး

facebook/Sumarnie Edison

၆နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဟာ အသက်ငယ်သေးပေမယ့် မိခင်ကိုဘယ်လိုစိတ်ချမ်းသာအောင် ထားရမလဲဆိုတာ နားလည်လွန်းပါတယ်။ အဆိုပါ ကောင်လေးဟာ သူ့မွေးနေ့မှာ သူ့အတွက် အရုပ်ဝယ်ရမယ့်အစား မွေးနေ့မှာရတဲ့လက်ဆောင်ငွေတွေကိုစုပြီး မိခင်အတွက် ရွှေလက်စွပ်တစ်ကွင်းဝယ်ပေးခဲ့တယ်လို့ rachfeed သတင်းစာမျက်နှာအရ သိရပါတယ်။

facebook/Sumarnie Edison

ကလေးတွေအများစုဟာ အရုပ်တွေကိုကြိုက်နှစ်သက်ပါတယ်။ သူတို့လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိပြီဆိုတာနဲ့ မိဘတွေကိုအရုပ်ပူဆာတတ်ကြပါတယ်။ ဒါပေမဲ့ မလေးရှား Kota Kinabalu က ဒီကောင်လေးကတော့ တခြားကလေးတွေနဲ့မတူဘဲ ရှိနေတာပါ။ သူ့နာမည်က Afiq Edison ပါ။ Edison ဟာ တစ်ရက်တော့ သူ့မွေးနေ့ပွဲကျင်းပရာမှာ မွေးနေ့လက်ဆောင်အဖြစ် ငွေသားတွေရခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူက ဖခင်ဖြစ်သူနဲ့အတူ ဆံပင်သွားညှပ်ရင်း ရွှေဆိုင်တစ်ဆိုင်ကို မြင်သွားပါတယ်။ ဒါနဲ့ မိခင်ဖြစ်သူ Sumarnie Edison အတွက် လက်စွပ်ဝယ်ပေးချင်တယ်လို့ဆိုပြီး ဖခင်ကိုပြောခဲ့တာပါ။

READ
ကျဆုံးသွားတဲ့ စစ်ပြန်ကြီးတွေရဲ့ကလေးတွေကို Disneyland ဆီအခမဲ့ပို့ပေးခဲ့တဲ့ အမျိုးသား
facebook/Sumarnie Edison

Edison ဟာ သူ့မွေးနေ့မှာ မလေးဒေါ်လာ ၅ ရင်းဂစ် (ကန်ဒေါ်လာ ၁.၂၂) မုန့်ဖိုးရပါတယ်။ ပြီးတော့ သူ့မှာ မွေးနေ့လက်ဆောင်တွေဆီက စုဆောင်းထားတဲ့ငွေတွေလည်းရှိပါတယ်။ Edison ရဲ့ဖခင်ကတော့ အမေကိုလက်ဆောင်ပေးချင်တဲ့သားလေးကိုကြည့်ပြီး တော်တော်ပျော်သွားပါတယ်။ ဒါနဲ့ သူက သားဖြစ်သူကို ရင်းဂစ် ဒေါ်လာ ၃၀၀ (ကန်ဒေါ်လာ ၇၃.၅၀) ဝန်းကျင်ရှိတဲ့ လက်စွပ်တစ်ကွင်းရွေးခိုင်းပါတယ်။

facebook/Sumarnie Edison

နောက်ဆုံးတော့ Edison လေးဟာ ရင်းဂစ်ဒေါ်လာ ၂၆၀ (ကန်ဒေါ်လာ ၆၃.၅၀) တန်တဲ့ လက်စွပ်လေးကိုရွေးလိုက်ပါတယ်။ Edison ရဲ့ဖခင်ကတော့ လိုအပ်တဲ့ငွေ ရင်းဂစ် ဒေါ်လာ ၇၀ (ကန်ဒေါ်လာ ၁၇) စိုက်ပေးပါတယ်။ သူက သူတို့သားအဖ လက်စွပ်ဝယ်လာကြောင်း နဲ့ အိမ်ပြန်ရောက်ရင် လက်စွပ်ဝယ်လာတာကို သားဖြစ်သူမပြောမချင်း မသိချင်ယောင်ဆောင်ပေးဖို့ ဇနီးသည် Sumarine ဆီကို တိတ်တိတ်လေးစာပို့ခဲ့ပါတယ်။ Sumarine ကတော့ သားဖြစ်သူရဲ့ လက်ဆောင်လေးကိုရလို့အရမ်းပျော်နေခဲ့တာပါ။ သူမက “မေမေတော့ တအားစိတ်လှုပ်ရှားသွားပြီ။ သားလေး Afiq အတွက် ဂုဏ်ယူပါတယ်။” ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားတင်ခဲ့ပါတယ်။

READ
ချစ်စရာကြောင်ကလေး Zimes ရဲ့နောက်ကွယ်က ကြောက်မက်ဖွယ် ဇာတ်လမ်

ShweMom

SHARE