ဖရဲသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး

ဖရဲသီးမှာ ရေဓာတ် 92% အထိ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြေလတ်ပိုင်းမှာ ဖရဲသီးကို
အစိုက်များပြီး တစ်နိုင်ငံလုံးကို လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးပါတယ်။ နွေရာသီရဲ့ သီးနှံတစ်မျိုး
ဖြစ်သလို ပူပြင်းလှတဲ့ နွေရာသီကို ကောင်းကောင်းကြီး အန်တုနိုင်တဲ့ သီးနှံလည်း ဖြစ်ပါတယ်။ မြန်မာ
ပြည်မှာပေါများတဲ့ သီးနှံဖြစ်တဲ့ ဖရဲသီးရဲ့ အံ့ဖွယ်အစွမ်း (၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. သွေး/နှလုံးရောဂါတွေကို ကာကွယ်ပေးပြီး
အရိုးကျန်းမာရေးကိုထောက်ပံ့ပေးနိုင်တယ်။

ဖရဲသီးထဲမှာပါတဲ့ lycopene ဓာတ်ဟာ သွေးဖိအား အလွန်အမင်း မြင့်တက်ခြင်းနဲ့၊ သွေးဖိအား ပုံမှန်
မဟုတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီ lycopene ဓာတ်ဟာ နှလုံးကျန်းမာရေးကို
ကာကွယ်ပေးနိုင်ပါတယ်။ ဖရဲသီးကို များများ စားပေးလေ သွေးလည်ပတ်မှုအား ကောင်းမွန်စေပြီး
lycopene ဓာတ်ကပင် အရိုးကို ကျန်းမာ သန်စွမ်းစေပါတယ်။

2. အဆီကျစေတယ်။

နေ့စဉ် စားသုံးတဲ့ ဖရဲသီးထဲမှာ citrulline ဓာတ် ပါဝင်ပြီး သွေးထဲမှာ အဆီဓာတ်ပါဝင်မှုကို လျှော့ချ
ပေးနိုင်သလို၊ နှလုံးအဆီဖုံး အသည်း အဆီဖုံးရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်
နဲ့ ပတ်သက်ရင်လည်း citrulline ဓာတ်ဟာ အမီနိုအက်စစ်အဖြစ် အသွင်ပြောင်းကာ ကျောက်ကပ်
ကို ကျေးဇူးပြုပေးပါတယ်။

READ
အိပ်ယာစောစောဝင်လေ့ရှိသည့် အမျိုးသားများ နှလုံးကျန်းမာရေးပြဿနာရှိနိုင်

3. ကြွက်သားများ ရောင်ရမ်းခြင်းနဲ့ အဆိပ်အတောက်
တွေကို ဖယ်ရှားပေးနိုင်တယ်။

ဖရဲသီးမှာ flavonoid, carotenoid နဲ့ triterpenoid တို့ကဲ့သို့သော phenolic compound ဓာတ်တွေ
အထူး ပါဝင်ပါတယ်။ carotenoid ဓာတ်ဟာ ခန္ဓာကိုယ် ရောင်ရမ်းကိုက်ခဲ့မှုတွေကို သက်သာစေနိုင်တဲ့
သဘာဝလက်ဆောင် ဖြစ်သလို၊ tripterpenoid cucurbitacin E ကလည်း cyclo-oxygenase enzyme
တွေ ပိတ်ဆိုးခြင်းမှ ဖြစ်ပေါ်တတ်တဲ့ ကိုယ်ဖောရောင်ခြင်းတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
flavonoid ဓာတ်ဟာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များ ၀င်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

4. ကျောက်ကပ်ကျန်းမာရေး ဆီးရွှင်ဆေး

ယောက်ျားမှာ ဆီး-ဆိုတဲ့အတိုင်းပဲ အမျိုးသားတွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
ကျောက်ကပ် ကျန်းမာရေးကို အထူးကောင်းမွန်စေသလို ဆီးရွှင်ကျန်းမာစေပါတယ်။ ရေဓာတ်ကြွယ်ဝ
စွာ ပါဝင်ခြင်းကြောင့် ရေဓာတ်ခမ်းတဲ့ ရောဂါကိုလည်း ကာကွယ်ပေးပြီး အသားရေ မွဲခြောက်ခြောက်
ဖြစ်ခြင်း၊ ပဲ့ကြားအက်များ ပေါ်ခြင်း၊ ရောင်ရမ်းခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

5. ကြွက်သားတွေကို သန်မာစေပြီး အာရုံကြောစနစ်ကို
ကောင်းမွန်စေတယ်။

ဖရဲသီးမှာ ပိုတက်စီယံဓာတ် ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ဒီအချက်
တစ်ခုတည်းနဲ့တင် ရောဂါအားလုံးကို ကာကွယ်ပေးနိုင်တယ်လို့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။
ပိုတက်စီယံဓာတ်ဟာ ကြွက်သားတွေ ခိုင်မာတောင်တင့်မှုနဲ့ အားအင်ကို ပေးစွမ်းနိုင်ပါသေးတယ်။

READ
နို့ချိုတိုက်ကျွေးခြင်းဟာ ကလေးများအတွက်သာမက မိခင်များကိုပါကျန်းမာရေးကောင်းစေ

6. မျက်လုံးကျန်းမာရေး စိတ်အေးစေရမည်။

ဖရဲသီးကို ပုံမှန်စားသုံးပေးပါက မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ကွန်ပျူတာအကြည့်
များခြင်းကြောင့် အမြင်မှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် အမြင်မှုန်ဝါးခြင်း-စတာတွေကို ပျောက်ကင်း
စေနိုင်တဲ့ beta-carotene ဓာတ်ဟာ အနီရောင်ပိုကဲတဲ့ ဖရဲသီးတွေမှာ ပိုပါလေ့ရှိပါတယ်။ စာကြည့်များ
သူများ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်သူများ၊ မျက်လုံးအမြင် မှုန်ဝါးသူများအတွက် သတင်းကောင်းပါဘဲ။

7. ထိခိုက်ဒဏ်ရာတွေကို အမြန်ကျက်စေပြီး ဆဲလ်များ
ပျက်စီးမှုကို ကာကွယ်ပေးတယ်။

သက်ရှိသတ္တ၀ါတိုင်း အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဆဲလ်များ ပျက်စီးမှုဒဏ်ကို ပိုမိုခံရပြီး ပျက်စီး
သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေ အစားထိုးမတည်ဆောက်နိုင်တာနဲ့အမျှ အရွယ်ကို မြန်မြန်
အိုမင်းစေပါတယ်။ ဖရဲသီးကို ပုံမှန်စားပေးရင် ဖရဲသီးမှာပါတဲ့ ဗီတာမင် C ဓာတ်ကြောင့် ဆဲလ်အသစ်တွေ
မြန်မြန်ဖြစ်စေနိုင်သလို ဆဲလ်သေဆုံးမှုကိုလည်း နှေးကွေးစေပါတယ်။ ဒါ့အပြင် ဗီတာမင် C ဓာတ်ဟာ
ပျက်ရှဒဏ်ရာ ရရှိသူများကို ဒဏ်ရာ အမြန်ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

နတ်စည်တော် (ShweMOM)

post image

SHARE