၂၀၂၀ မှာ ထွက်မယ့် အမျိုးသမီးဒါရိုက်တာတွေရိုက်ကူးထားတဲ့ ရုပ်ရှင် (၇) ကား

Instagram- Harley Quinn/Mulan/Black Widow/ Wonder Woman

နှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်သွားတာနဲ့အမျှ ဇာတ်ကားကောင်းတွေဟာလည်းတစ်ကားပြီးတစ်ကား အသစ်တွေထွက်ရှိလို့ လာပါတယ်။ ဒါ့ကြောင့်ဒီ ၂၀၂၀ခုနှစ်ထဲမှာ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားကောာင်း ၇ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကား၁၀ကားလုံးရဲ့ ထူးခြားချက်ကတော့ အမျိုးသမီး ဒါရိုက်တာတွေရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ဖြစ်နေတာပါပဲ။

၁။ Jezebel

ဒီဇာတ်ကားကတော့ ဇန်န၀ါရီလ ၁၇ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Netflix ကနေ ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းကတော့ မိခင်မရှိတော့တဲ့နောက်ပိုင်း အသက်၁၉နှစ်သာရှိသေးတဲ့ Tiffany ဟာ မောင်နှမ၅ယောက်နဲ့ ဘ၀ကို ခက်ခက်ခဲခဲဘယ်လို ဖြတ်သန်းလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။

၂။ Troop Zero

“Troop Zero” ဇာတ်ကားကတော့ အာကသသိပ္ပံဇာတ်ကားပဲ ဖြစ်ပါတယ်။ Georgia ဆိုတဲ့ ကောင်မလေးမှာ ငယ်ငယ်လေးကတည်းက အိမ်မက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အာကာသထဲကို သွားဖို့ပါပဲ။ ဒါကြောင့် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Nasa ရဲ့ Golden Record ပြိုင်ပွဲမှာ Georgia တစ်ယောက်ဘယ်လို ရုန်းကန်ယှဉ်ပြိုင်သလဲဆိုတာတွေ့ရမှာပါ။

READ
ပရိသတ်တွေမမှတ်မိလောက် အရမ်းတွေ လှလွန်းနေတဲ့ ငွေမှုံရတီ

၃။ Taylor Swift: Miss Americana

ဒီဇာတ်ကားကတော့ Taylor Swift ရဲ့ ဘဝကို မှတ်တမ်းတင်၇ုပ်ရှင်ပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီနေ့ ခေတ် Taylor Swft မဖြစ်လာခင် အရင်တုန်းက ဘယ်လို ဘ၀ကို ရုန်းကန်ထားရလဲဆိုတာကို မှတ်တမ်းတင်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး Netflix က ကြည့်ရှု့နိုင်ပတယ်။

၎။ Birds of Prey

ဒီဇာတ်ကားကတော့ လူငယ်ပရိတ်သတ်အကြိုက်ပါပဲ။ ဇာတ်ကားအကျဉ်းကတော့ Joke နဲ့ Harley Quinn တို့ဟာ အရင်လူဟောင်းတွေနဲ့ ခွဲခွာပြီး စူပါဟီးရိုး Black Canary နဲ့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ ဒီနောက်ပိုင်း ဘယ်လိုပြသနာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားစွာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုပါပဲ။ ဖေဖော်ဝါရီလ၄လက်နေ့ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။

READ
အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အောင်ပွဲခံခဲ့တဲ့ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ

၅။ Mulan

ကာတွန်းကားကတော့ လူငယ်တော်တော်များများကြည့်ဖူးကြမှာပါ။ Mulan လို့ အမည်ရတဲ့ တရုတ်အမျိုးသမီးလေးတစ်ယောက်ဟာ ယောက်ျားလေးအယောင်ဆောင်ပြီး သူ့ဖခင်ကြီးကို ကယ်တင်ဖို့စစ်တပ်ထဲ ၀င်သွားပါတယ်။ မတ်လ၂၇ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

၆။ Black Widow

မင်းသမီးချောလေး Scarlett Johansson ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ မေလ၁ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး Marvel ပရိသတ်တွေတော့ အလုအယက်ကြည့်ကြမှာ မြင်ယောင်နေပါသေးတယ်။

၇။ Wonder Woman 1984

2017 ခုနှစ်မှာ ထွက်ရှိတဲ့ Wonder Woman ဇာတ်ကားရဲ့အဆက်ပဲ ဖြစ်ပါတယ်။ ဇွန်လ၅ရက်နေ့မှာ ထွက်ရျိမှာဖြစ်ပြီး DC ပရိတ်သတ်တွေ လုံးဝအကြိုတွေ့စေမယ့် ဇာတ်ကားတစ်ခုပါပဲ။

Pyi Hein Kyaw

SHARE