တွဲနေကြတာကို ပရိတ်သတ်တွေ လုံးဝသတိမထားမိအောင် ပိရိလွန်းခဲ့တဲ့ ဆယ်လီစုံတွဲ(၇)တွဲ

ig/@taeshincouple_ ,@yu_jou

ကိုးရီးဆယ်လီတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ပရိတ်သတ်တွေမသိအောင် ဒိတ်လုပ်ဖို့ဆိုတာ မလွယ်ကူသလို သူတို့နိုင်ငံမှာ အနုပညာရှင်တွေကို အမြဲတမ်း မျက်လုံးဒေါက်ထောက်ကြည့်နေကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် တွဲနေတဲ့ သတင်းတွေဟာလည်း ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ သိသွားတတ်ကြပါတယ်။ ဒါပေမယ့်လို့ ဒီစုံတွဲတွေကတော့ သူတို့တွဲနေတာကို ပရိတ်သတ်တွေ လုံးဝသတိမထားမိနိုင်အောင် ပိပိရိရိ ဖုံးကွယ်ထားနိုင်ခဲ့တဲ့ စုံတွဲတွေအကြောင်းကို koreaboo က ခုလိုဖော်ပြထားပါတယ်။

Choi Tae Joon and Park Shin Hye

Choi Tae Joon နဲ့ Park Shin Hye တို့ တွဲနေတယ်ဆိုတဲ့ အကြောင်းကို ပရိတ်သတ်တွေ လုံးဝသတိမထားမိခဲ့ကြပါဘူး။ (၂၀၁၈)ခုနှစ် မတ်လ မှာတော့ Park Shin Hye ကိုယ်တိုင် သူမတို့ တွဲနေတယ်ဆိုတဲ့အကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်က တက္ကသိုလ်အတူတူ တက်ခဲ့ကြပြီး အနုပညာအလုပ်ကို အတူတူလုပ်ကိုင်ခဲ့ကြတဲ့ သူငယ်ချင်းတွေကနေ ချစ်သူတွေ ဖြစ်လာခဲ့တာပါ။

Nam Goong Min and Jin Ah Reum

Jin Ah Reum က ‘Happy Together’ ရိုက်ကူးခဲ့စဉ်တုန်းက Nam Goong Min နဲ့ ဆုံတွေ့ခဲ့တဲ့ အကြောင်းလေးကို ပြောပြခဲ့ပါတယ်။ အစပိုင်းမှာတော့ သူမက သူ့ကို စိတ်မဝင်စားခဲ့မိပေမယ့် အချိန်ကြာလာပြီး ရင်းနှီးလာတဲ့အခါမှာတော့ သူမ သူ့ကိုချစ်မိခဲ့ပါတယ်။ သူတို့စုံတွဲကလည်း သူတို့တွဲနေကြပြီဆိုတဲ့အကြောင်းကို ပရိတ်သတ်တွေကို ထုတ်ပြောခဲ့ပြီး သူတို့ချစ်နေကြတာဟာ 2016 ကတည်းကဆိုတာကို ပြောပြခဲ့ပါတယ်။

Yoon Hyun Min and Baek Jin Hee

View this post on Instagram

오늘은 종일 슬기와…^^

A post shared by Hyun-min Yoon (@yoonhyunmin) on

Yoon Hyun Min နဲ့ Baek Jin Hee တို့ဟာ 2016 ခုနှစ်မှာ စပြီး date လုပ်ခဲ့ကြပြီးတော့ 2017 ခုနှစ်မှာတော့ သူတို့ရဲ့ အချစ်ရေးကို ပရိတ်သတ်တွေဆီ အသိပေးခဲ့ပါတယ်။ သူတို့တွေဟာလည်း ဇာတ်ကားအတူတူရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြတာပါ။

Lee Dong Hwi and Jung Hoyeon

View this post on Instagram

@ellekorea

A post shared by HoYeon Jung(Chung) (@hoooooyeony) on

မင်းသား Lee Dong Hwi နဲ့ မော်ဒယ် Jung Hoyeon တို့ဟာ အသက်ကိုးနှစ်လောက် ကွာပေမယ့်လို့ သူတို့ရဲ့ အချစ်က အရမ်းကို ခိုင်မြဲပြီး နှစ်အတော်ကြာနေတဲ့အထိ တွဲလာကြတာ ဖြစ်ပါတယ်။ Lee Dong Hwi ပါဝင်တဲ့ ‘Reply 1988’ ပြသနေတဲ့ အချိန် January 2016 မှာတော့ သူတို့ရဲ့အချစ်ရေးကို ပရိတ်သတ်တွေဆီ ပြောပြခဲ့ပါတယ်။

READ
နှလုံးသားရှိသူတိုင်း ကြည့်သင့်တဲ့ (၂၀၁၉)ရဲ့ အကောင်းဆုံး အချစ်ဇာတ်ကား( ၉)ကား

Ma Dong Seok and Ye Jung Hwa

Ma Dong Seok နဲ့ Ye Jung Hwa တို့ကလည်း အသက် ဆယ့်ခုနှစ်နှစ်တောင် ကွာဟနေတဲ့ စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ရေးကို 2016 ခုနှစ်က ပရိတ်သတ်တွေဆီ အသိပေးခဲ့ပြီးတော့ မကြာသေးခင်က လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

Lee Joon and Jung So Min

မင်းသား Lee Joon နဲ့ မင်းသမီး Jung So Min တို့ဟာ ‘My Father Is Strange’ ဆိုတဲ့ဇာတ်ကားမှာ စတွေ့ဆုံခဲ့ကြပြီးတော့ ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ relationship အကြောင်းကိုတော့ 2018 မှာ ပရိတ်သတ်တွေဆီကို ချပြခဲ့ကြပြီးတော့ ခုချိန်မှာ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို တည်ဆောက်ထားပါတယ်။

READ
Vin Diesel အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက် (၉) ချက်

Jinwoon and Kyungri

View this post on Instagram

Jeong Jinwoon dan Kyungri Dikonfirmasi Berpacaran #JeonJinwoon #Kyungri #2AM #9MUSES Sebelumnya, SBS funE melaporkan bahwa Jeong Jinwoon dari 2AM dan mantan anggota 9MUSES, Kyungri sedang berkencan. SBS funE mengutip beberapa sumber industri dan melaporkan bahwa Jeong Jiwoon dan Kyungri mulai berkencan pada tahun 2017. Satu sumber berbagi, “Setiap kali Jeong Jinwoon keluar dari militer, ia menikmati kencan publik dengan Kyungri tanpa memedulikan perhatian orang lain. Mereka serius tentang satu sama lain. Menanggapi laporan tersebut, agensi Jeong Jinwoon Mystic Story telah merilis pernyataan resmi yang mengonfirmasi laporan kencan sang artis. Halo, ini adalah Mystic Story. Berikut adalah pernyataan kami tentang berita kencan Jeong Jinwoon yang dilaporkan hari ini [13/11]. Jeong Jinwoon dan Kyungri menjadi kenalan dekat setelah satu proyek di beberapa program bersama, dan mereka bertemu satu sama lain dengan perasaan yang baik sejak akhir 2017. Kami harap kalian akan lihat mereka dengan hangat. Tolong dukung mereka, karena Jeong Jinwoon akan rajin bertugas di militer sementara Kyungri akan menyapa pemirsa melalui berbagai program. Selamat untuk Jeong Jinwoon dan Kyungri. via: Soompi (koreanarea.com)

A post shared by Korean Area (@areakorean) on

Jinwoon နဲ့ Kyungri တို့က သူတို့ရဲ့အချစ်ရေးအကြောင်းကို November 2019 မှာ ပရိတ်သတ်တွေဆီကို ချပြခဲ့တာဖြစ်ပြီး သူတို့တွဲနေတာ နှစ်နှစ်ရှိသွားပြီဆိုတဲ့အကြောင်းကိုပါ ပြောပြခဲ့တာပါ။ Kyungri က ဒီသတင်းကို Jinwoon စစ်မှုထမ်းနေတဲ့ ကာလမှာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Khin

 

SHARE