မိတ်ကပ်ပစ္စည်း အတု အစစ် ခွဲနည်း

အလှကုန်ပစ္စည်း Brand တစ်ခု နာမည်ကြီးလာပြီဆိုတာနဲ့ အဲ့ဒီ ပစ္စည်းကို တုပဖန်တီးထားတဲ့ အတုတွေ ဈေးကွက်ထဲမှာ ပေါ်လာတတ်ပါတယ်။ဒါကြောင့် ကိုယ်သုံးမယ့် မိတ်ကပ်ဟာ တကယ့် ပစ္စည်းစစ်၊ပစ္စည်း မှန်ဖြစ်စေဖို့  ရှောင်ရ၊ေ ဆာင်ရမယ့် အကြောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁)ကြုံတဲ့နေရာမှာ မ၀ယ်ပါနဲ့

အတုနဲ့ မတိုးဖို့က ကိုယ်ဝယ်ယူတဲ့ နေရာက အရမ်းအရေးကြီးပါတယ်။မိတ်ကပ် ၀ယ်မယ်ဆိုရင် သူ့ကုမ္ပဏီကနေ သီးသန့်ဖွင့်ထားတဲ့ ဆိုင်တွေက စိတ် အချရ ဆုံးပါ။အဲ့ဒီလို မဟုတ်ပဲ တရားဝင်ရောင်းချခွင့်ရထားတဲ့ ဆိုင်တွေ မဟုတ်တဲ့ နေရာတွေကနေ ၀ယ်ပြီဆိုရင်တော့ အတုမိဖို့ များပါတယ်။ဈေးဝယ်စင်တာတွေ မှာဆိုရင် သူ့Brand အလိုက် ရောင်းချနေတဲ့ ကောင်တာ တွေ ရှိပါတယ်။

(၂)ထုပ်ပိုးမှုကို အရင်ကြည့်

အတုက အစစ်နဲ့ တူအောင် ဘယ်လောက်ပဲ တုပ ထုတ်ပါစေ။အတွင်း ပိုင်း အရည်အသွေးကို မဆိုထားပါနဲ့။ပြင်ပ ထုပ်ပိုးမှု ပုံစံကိုတောင်မှ တစ်ထပ် တည်း တူအောင် မထုတ်နိုင်ပါဘူး။အကောင်းဆုံးနည်းကတော့ Brand တစ်ခုကို ၀ ယ်တော့ မယ်ဆိုရင် အဲ့ဒီ Brand ရဲ့ တရားဝင် အခုဆိုရင်တော့ fb page တွေကို ၀င်ပြီး ကိုယ်ဝယ်တော့မယ့် ပစ္စည်းရဲ့ ထုပ်ပိုးမှု ပုံစံကို သေချာေ လ့လာ ပါ။စာလုံးဆိုဒ်အကြီးအသေး၊အရောင်အသွေးက အစသေချာ လေ့လာပါ။ပြီး ရင်တော့ ကိုယ်ဝယ်တဲ့ ပစ္စည်းရဲ့ ထုပ်ပိုးမှု ပုံစံနဲ့ သေချာ တိုက်ကြည့်စစ်ဆေးပါ။

READ
အသားအရေအတွက် ရှားစောင်းလက်ပတ်

(၃)bar code, serial number နဲ့စာတွေကို သေချာဖတ်ပါ

ဘူး(သို့)အထုပ်တွေမှာ bar code တွေပါပါတယ်။ပထမဆုံ ဂဏန်း(၂)လုံး (၃)လုံးလောက်က တကယ်ထုတ်တဲ့ နိုင်ငံရဲ့ ကုဒ်နဲ့ တူ၊မတူ သေချာ ကြည့် ပါ။ serial number လည်း အတူတူပါပဲ။အတုမှာဆိုရင် မပါတာ များပါတယ်။ဒါေ ကြာင့် မိတ်ကပ်ဝယ်မယ်ဆိုရင် serial number  ကို သေချာကြည့်ဝယ်ပါ။ နာ မည်ကြီးcosmetic brands  တော်တော်များများက သူတို့ပစ္စည်းရဲ့ အညွှန်းနဲ့ ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေကို ဘာသာစကား အမျိုးမျိုး နဲ့ ရေးပြီး ဖော်ပြ တတ်ပါတယ်။တကယ်လို့ ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းမှာ အညွှန်းစာတွေ သိပ်မပါတာ၊အချက်အလက်ကို ပြည့်ပြည့် စုံစုံဖော်ပြမထားရင်တော့ အတုဖြစ်ဖို့ များပါတယ်။

(၄)အရောင်ကို သေချာဖော်ပြမထား

eye shadows, blushes, နှုတ်ခမ်းနီ၊ပေါင်ဒါ အတု တော်တော်များများ တကယ့် အစစ်တွေမှာလိုမျိုး ဟာ အရောင်ကို သေချာ ရှင်းရှင်းလင်း မဖော်ပြ တတ်ကြပါဘူး။အရေးအကြီးဆုံးကတော့ အတုမမိချင်ရင် ကုမ္ပဏီရဲ့ တရားဝင် ၀က်ဘ်ဆိုက်၊fb page တို့ကို ၀င်ရောက် ကြည့်ရှုပါ။အရောင်အသွေးနဲ့ပ တ် သက်ပြီး ဘာတွေ ထုတ်ထားလဲ၊ဘာရောင်လဲ သေချာလေ့လာပါ။

(၅)အနံ့နဲ့သိပ်သည်းဆ(အကျဲ၊အပျစ်)

အတုနဲ့အစစ်ဟာ အနံ့မတူပါဘူး။ဒါကတော့ ကိုယ်က အရင်ဆုံး ပစ္စည်း အစစ်ကို သုံးကြည့်ဖူး၊တွေ့ဖူးထားရင်တော့ ခွဲခြားရတာ ပိုလွယ်ပါတယ်။အနံ့က အတုနဲ့အ စစ် မတူပါဘူး။အဲ့ဒီလိုပဲ ပစ္စည်းရဲ့ သိပ်သည်းဆ(အကျဲ၊အပျစ်)ဒါကလည်း လုံးဝ မတူပါဘူး။လိမ်းတဲ့ခရင်တွေဆိုရင်တော့ များသောအားဖြင့် အစစ်က သိပ်သည်း ဆ ပိုကောင်းတယ်၊အပျစ်လေးတွေပါ။အတုကတော့ ခပ်ကျဲကျဲပုံစံမျိုး ဖြစ်ဖို့  များ ပါ တယ်။နှုတ်ခမ်းနီဆိုရင်တော့ အတုက အစစ်လောက် ဆွဲဆောင်မှု မရှိပါ ဘူး။ဆိုးကြည့်လိုက်ရင်တော့ ပိုသိသာပါတယ်။mascara ဆိုရင်တော့ အစစ်က အနံ့ကောင်းပါတယ်။အတုက အနံ့ဆိုးပါတယ်။

READ
ရက်ပိုင်းအတွင်း ထူးခြားလှပစေမယ့် သဘာဝအဆီများ

(၆)ဘရပ်(ရှ်)နဲ့ရေမြှုပ်

ဘရပ်(ရှပ်)နဲ့ရေမြှုပ် အတုအစစ် ကို ခွဲမယ်ဆိုရင်တော့ ဆိုဒ်၊ပုံစံ၊အရောင်တို့ကို သေချာ စစ်ဆေးပါ။အတုနဲ့အစစ်ဟာ အားလုံးတော့ ထပ်တူ မတူပါဘူး။အဲ့ဒီ အထဲက တစ်ခုခုတော့ မတူပဲ ကွဲပြားနေတတ်ပါတယ်။

(၇)မ၀ယ်ခင် အရင်စမ်းသပ်

မ၀ယ်ခင်မှာ အရင်ဆုံးစမ်းသပ်ကြည့်ပါ။မိတ်ကပ်ဆိုရင် အစစ်ဆိုရင် အသားနဲ့ ထပ်တူ ကျပြီး သိပ်သိပ်လေးပါ။Smooth မဖြစ်ပဲနဲ့ အတုဆိုရင်တော့ ပြာနှ မ်းနှမ်း ဖြစ်တာ၊အ သားေ ပ်ါမှာ သပ်သပ်ကြီး တင်နေတာကို တွေ့ရမှာပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;brightside

SHARE