ယခုပျောက်ကွယ်သွားပြီဖြစ်တဲ့ တချိန်ကကမ္ဘာ့ဖလားမှာတောင် ပါဝင်ခဲ့တဲ့နိုင်ငံ(၇)ခု

shutterstock/By ViDi Studio

၁၉၃၀ ပြည့်နှစ်ကစတင်ကျင်းပခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအပါအဝင် (၂၁)ကြိမ် တိုင်ခဲ့ပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၁)ကြိမ်မှာ နိုင်ငံပေါင်း (၇၉)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ထားနိုင်တယ်လို့လည်း စာရင်း အချက်အလက်တွေအရ သိရပါတယ်။ ဒီ (၇၉)နိုင်ငံထဲမှာမှ  ပြိုင်ပွဲမှ ပြန်လည်အသုံးပြုလို့မရတဲ့ နိုင်ငံအမည်ကို အသုံး ပြုခဲ့တဲ့ အသင်း (၇)သင်းရှိပါတယ်တဲ့။ ဘယ်အသင်းတွေလဲ… ဘာကြောင့် အရင်အမည်ကို အသုံးပြုလို့ မရတော့တာ လဲ ဆိုတော့……

(၁) ချက်ကိုဆလိုဗက်ကီးယား
shutterstock/By Serban Bogdan

၁၉၂၀ ကနေ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့တဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံဟာ အခုတော့ ချက် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေ အဖြစ် ခွဲထွက်လိုက်ကြပြီဖြစ်ပါတယ်။ ၁၉၃၈ နဲ့ ၁၉၆၂ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံဟာ အရင်က ဘောလုံးအင်အားကြီး နိုင်ငံ တနိုင်ငံဖြစ်ပြီး ဖီဖာ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁)အထိ ရောက်ရှိဖူးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

(၂) Dutch East Indies

Dutch East Indies ဆိုတာ တကယ်တော့ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒိုနီးရှားနိုင်ငံဟာ လွတ် လပ်ရေးမရခင် ၁၉၄၅ ခုနှစ်အထိ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲတိုင်းကို Dutch East Indies ဆိုတဲ့ အမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတာ ဖြစ်ပါတယ်။ Dutch East Indies ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစောပိုင်းကာလဖြစ်တဲ့ ၁၉၃၈ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာဖြစ်ပြီး ပထမအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

(၃) အရှေ့ဂျာမဏီ

ဘာလင်တံတိုင်းကြီး မဖြိုချခင်အထိ ဂျာမဏီဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီဆိုပြီး ၂ ပိုင်းကွဲနေခဲ့တာပါ။ အ နောက်ဂျာမဏီက ဘောလုံးလောကမှာ အင်အားကြီးဖြစ်ခဲ့ပေမဲ့ အရှေ့ဂျာမဏီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတောင် (၁)ကြိမ်ပဲ ဝင်ခွင့်ရခဲ့ပါတယ်။ ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ၁၉၇၄ ကမ္ဘာ့ဖလားမှာ အရှေ့ နဲ့ အနောက် ဂျာမဏီတို့ တအုပ်စု ထဲကျခဲ့ပြီး ချန်ပီယံဖြစ်လာမဲ့ အနောက်ဂျာမဏီကို အရှေ့ဂျာမဏီတို့ အုပ်စုပွဲမှာ အနိုင်ကစားခဲ့ပါတယ်။ အဲဒီပွဲဟာ အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီတို့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး တွေ့ဆုံတဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

(၄) ဆိုဗီယက်ပြည်ထောင်စု
twitter/ET

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစောပိုင်းကာလတွေမှာ အကြိမ်တိုင်းလိုလိုယှဉ်ပြိုင်နိုင်ခဲ့ပြီး ခြေစွမ်းထက်တဲ့ ကစားသမားတွေ ပေါ်ထွန်းခဲ့တဲ့ ဆိုဗီယက်အသင်းကတော့ အခုအချိန်မှာ နိုင်ငံ (၁၅)အဖြစ် ပြိုကွဲသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ ရုရှားလို့ ခေါ်ကြတဲ့ ယခင်က ဆိုဗီယက်အသင်းဟာ ကမ္ဘာ့အဆင့် (၁)နေရာကို ရခဲ့ဖူးတဲ့ အသင်းဖြစ်သလို၊ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရခဲ့ပေမဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို (၂)ကြိမ်ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်မှာ အသင်းရဲ့ အောင်မြင်မှုတွေကို ဖီဖာက ရုရှားအသင်းထံ လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါ တယ်။

(၅) အနောက်ဂျာမဏီ

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၅)ကြိမ်တက်ပြီး (၃)ကြိမ်ဗိုလ်စွဲဖူးတဲ့ အနောက်ဂျာမဏီကတော့ ဒီစာရင်းထဲမှာ အအောင် မြင်ဆုံးအသင်းလို့ ဆိုရမှာပါပဲ။ အနောက်ဂျာမဏီအသင်းအမည်နဲ့ နောက်ဆုံးပြိုင်ပွဲဝင်ခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားမှာ လည်း ဗိုလ်စွဲခဲ့ပါသေးတယ်။ အနောက်ဂျာမဏီရဲ့ အောင်မြင်မှုတွေကို ဖီဖာက လက်ရှိဂျာမဏီအသင်းကို လွှဲပြောင်း ပေးခဲ့ပေမဲ့ အချက်အလက်တွေအရတော့ ဂျာမဏီဟာ ကမ္ဘာ့ချန်ပီယံ (၁)ကြိမ်သာဖြစ်ဖူးသေးပြီး အရင်က အောင်မြင် မှုဖြစ်တဲ့ ချန်ပီယံ (၃)ကြိမ်ကို လိုက်မမှီသေးဘူးလို့ ဆိုရမှာပါ။

(၆) ယူဂိုဆလားဗီးယား
fb/rachel

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကျင်းပတဲ့ ၁၉၃၀ ခုနှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ယူဂိုဆလားဗီးယားဟာ လက်ရှိအချိန် မှာတော့ နိုင်ငံ (၇)နိုင်ငံအဖြစ် ပြိုကွဲသွားခဲ့ပါပြီ။ ပထမဆုံးပြိုင်ပွဲမှာ နာမည်ကြီး ဘရာဇီးလ်ကို အနိုင်ယူပြီး ဆီမီးဖိုင် နယ်အထိ တက်နိုင်ခဲ့သလို၊ ၁၉၆၂ ပြိုင်ပွဲမှာလည်း ဆီမီးကိုရောက်ခဲ့ပါသေးတယ်။ ယူဂိုဆလားဗီးယားရဲ့ အောင်မြင်မှု တွေကို လက်ရှိ ဆားဘီးယားအသင်းထံ ဖီဖာက လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ယူဂိုဆလားဗီးယားက ခွဲထွက်လာခဲ့ တဲ့ ခရိုအေးရှားရဲ့ အောင်မြင်မှုကိုတော့ ဆားဘီးယားကော၊ အသင်းဟောင်း ယူဂိုဆလားဗီးယားပါ မမှီနိုင်သေးပါဘူး။

(၇) ဇိုင်ယေး
twitter/jessica

ဇိုင်ယေးနိုင်ငံဆိုတာ အာဖရိကတိုက်က နိုင်ငံတခုဖြစ်ပြီး လက်ရှိမှာတော့ အမည်ပြောင်းသွားပါပြီ။ DR ကွန်ဂိုလို့ လက် ရှိအချိန်မှာ ပြောင်းလဲလိုက်ပြီဖြစ်တဲ့ ဇိုင်ယေးဟာ ၁၉၇၁ ကနေ ၁၉၉၇ ခုနှစ်အတွင်းက စစ်အာဏာရှင်တွေသိမ်းပိုက် ထားစဉ်မှာ ဒီနာမည်ကို အသုံးပြုခဲ့တာပါ။ ဇိုင်ယေးဟာ ၁၉၇၄ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲအောင်ခဲ့ပေမဲ့ အုပ်စုပွဲစဉ်မှာ ယူဂိုဆလားဘီးယားကို (၉)ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ပွဲအပါအဝင် (၃)ပွဲစလုံးရှုံးခဲ့ပြီး အုပ်စုနောက်ဆုံးနဲ့ လှည့်ပြန်ခဲ့ရပါတယ်။

KYM 

Ref : Wikipedia

SHARE