တတိယကမ္ဘာစစ် ဖြစ်ခဲ့ရင်တောင် စစ်ဘေးဒဏ်ကြုံတွေ့စရာ လုံးဝမရှိတဲ နိုင်ငံ(၇)နိုင်ငံ

Twitter/UArtic

အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံ စပြီးမွှေးလိုက်တဲ့ မီးစဟာ တဖြည်းဖြည်းနဲ့ တတိယကမ္ဘာစစ်ဖြစ်ဖို့ ဦးတည်လာနေပါပြီ။စစ်ဖြစ်ပြီဆိုတာနဲ့ စစ်ဖြစ်တဲ့နိုင်ငံက ပြည်သူတွေဟာ အစစအရာရာ ဒုက္ခရောက်ကြတဲ့အပြင် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး အစရှိတဲ့ဟာတွေ အနည်းနဲ့အများ ဆုံးရှုံးတတ်ကြတာပါပဲ။ဒါပေမယ့် ဘယ်လောက်ပဲ ကမ္ဘာစစ်တွေ ဖြစ်ပွားနေပါစေ စစ်ဘေးအန္တရာယ် လုံးဝမကျရောက်ပဲ ဘေးကင်းကင်းနေနိုင်တယ့် နိုင်ငံတွေရှိပါတယ်။

Freepik/TheDigitalArtist

1.Switzerland

Switzerland နိုင်ငံဟာ အမြဲတမ်း ကြားနေ၀ါဒကို ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒကို သေချာကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ Italy, France နဲ့ Germany တို့ဟာလဲ စစ်ရေးမှာ အင်အားကြီးတဲ့နိုင်ငံတွေ ဖြစ်တာကြောင့် Switzerland ဟာ စစ်ပွဲတွေမှာ ၀င်ပါလေ့မရှိပါဘူး။

2.Tuvalu

Tuvaluနိုင်ငံဟာလဲ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်လို့ စစ်ပွဲမှာ ပါဝင်နိုင်ခြေမရှိသလောက်ကို နည်းပါးလွန်းလှပါတယ်။ လူဦးရေနည်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့အပြင် ပတ်ပတ်လည်ရေ၀ိုင်းနေတာကြောင့် စစ်ပွဲဖြစ်ပွားဖို့ မလွယ်ကူလှပါဘူး။

READ
ဂျင်းဘောင်းဘီအရှေ့အိတ်ကပ်အပေါ်က အိတ်ကပ်သေးသေးလေအကြောင်း

3.New Zealand

New Zealand နိုင်ငံဟာ တတိယကမ္ဘာစစ်မှာ လုံးဝမပါဝင်မယ့် နိုင်ငံဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ New Zealand ဟာ ကမ္ဘာ့ဒုတိယအငြိမ်းချမ်းဆုံးနိုင်ငံဆုကို ၂၀၁၈မှ ပူပူနွေးနွေးရထားလို့ပါပဲ။ New Zealand နိုင်ငံဟာ စားနပ်ရိက္ခာအပြင် ရေအရင်းအမြစ်ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တာကြောင့် သူတို့ရဲ့အရင်းအမြစ်တွေ အဆုံးရှုံးခံပြီး စစ်ဖြစ်ပွားမှာ မဟုတ်ပါဘူး။ ဒါ့အပြင်တောင်တန်းတွေ ပတ်ပတ်လည် ၀ိုင်းရံနေတာကြောင့် စစ်ဖြစ်ပွားခဲ့ရင်လည်း တစ်ဖက်က အလွယ်တကူတိုက်လို့ရမယ့် အနေအထားမှာ မရှိပါဘူး။

Twitter/KraeheMicha

4.Bhutan

Bhutan နိုင်ငံဟာ UNနဲ့လက်မှတ်ရေးထိုးပြီးကတည်းက ဘယ်စစ်ပွဲမှာမှ ပါဝင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် American နဲ့ ဘယ်တုန်းကမှလဲ အဆက်အဆံမရှိခဲ့တာကြောင့်  စစ်ပွဲမှာ ပါဝင်နိုင်ခြေ အလွန်နည်းပါးပါတယ်။

5.Chile

Chile နိုင်ငံဟာ တောင်အမေရိကမှာ အအေးချမ်းဆုံး နိုင်ငံတစ်နိုင်ငံဆိုလဲ မမှားပါဘူး။ ဒါ့အပြင် လက်တင်အမေရိကနိုင်ငံတွေထဲမှာမှ အဖွံ့ဖြိုး အတိုးတက်ဆုံးနိုင်ငံလို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် နိုင်ငံ အနောက်ဘက်တစ်ခြမ်းလုံးမှာလဲ သဘ၀ကပေးထားတဲ့ Andes တောင်တန်းကြီးက ကာဆီးနေတာကြောင့် တစ်ဖက်ကလာတိုက်ရင်လဲ ဘယ်နည်းနဲ့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။

READ
အပင်တစ်ပင်ကို ရိုင်းပြတဲ့စကားလုံးတွေနဲ့ ရက်(၃၀)ကြာပြောဆိုပြီးနောက် တွေ့ရတဲ့အခြေအနေ
Twitter/sebadelval

6.Iceland

Iceland နိုင်ငံကတော့ ၂၀၀၈ခုနှစ်ကစပြီး ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံဆုကို တောက်လျှောက်သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့တည်နေရာဟာလည်း ကမ္ဘာ့ကြီးရဲ့အဆုံးလို့တောင် ပြောလို့ရတဲ့နေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

7.Fiji

Fiji နိုင်ငံဟာဆိုရင်လဲ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိပြီး အလွန်သေးငယ်တဲ့ ကျွန်းစုနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။လူဦးရေလည်း အလွန်နည်းပါးပြီး နိုင်ငံခြားသားအ၀င်အထွက်နည်းပါးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။စစ်ပွဲဖြစ်လာရင်လည်း ပါဝင်မှာလည်းမဟုတ်သလို သူ့ဟာသူသီခြားနေတဲ့ နိုင်ငံတစ်ခုလဲ ဖြစ်ပါတယ်။

Raw2Jpeg

Pyi Hein Kyaw

SHARE