ကျစ်လစ်လှပတဲ့ နောက်ကျောကြွက်သားကို ပိုင်ဆိုင်နိုင်ဖို့ ထိရောက်တဲ့လေ့ကျင့်ခန်းများ

လူတွေဟာ သာမန်အားဖြင့် ကိုယ့်နောက်ကျောကို သေသေချာချာ ဂရုစိုက်ကြည့်ကြလေ့ မရှိကြပါဘူး။ ကိုယ့်နောက်ကျောမှာ အတွန့်အခေါက်တွေဖြစ်နေလား၊ ကိုယ့်ရဲ့ ကျောပြင်ဟာ ဘယ်လိုပုံစံဖြစ်နေသလဲဆိုတာ သတိပြုမိတဲ့လူဦးရေ အလွန်နည်းပါးပါလိမ့်မယ်။ အထူးသဖြင့် အလှအပကို တန်ဖိုးထားတတ်တဲ့ အမျိုးသမီးထုအနေနဲ့ မြင်ရတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဂရုစိုက်ထိန်းသိမ်းတတ်ဖို့တင်မကပဲ မမြင်ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။

အသက်ကြီးလာလို့ဖြစ်စေ၊ အ၀လွန်လာလို့ဖြစ်စေ ခန္ဓာကိုယ်ရဲ့ ကျောနဲ့ဘေးဘက်တွေမှာ အတွန့်အခေါက်တွေ မဖြစ်အောင်ထိန်းသိမ်းဖို့ အောက်မှာ ဖော်ပြထားတဲ့လေ့ကျင့်ခန်းတွေနဲ့ လုပ်ဆောင်နိုင်ကြောင်း တင်ပြပေးလိုက်ပါတယ်။

မြေကြီးကိုလက်နဲ့ထိသည်အထိ အရှေ့သို့ကိုင်းညွတ်ခြင်း

© DEPOSITPHOTOS

မတ်တပ်ရပ်ပြီး ခြေနှစ်ဖက်ကို ပခုံးအကျယ်စာလောက်သာ နေရာခွဲပါ။ ဒူးခေါင်းမကွေးပဲ ခန္ဓာကိုယ်ကိုအရှေ့ဘက်ဆီ ကိုင်းညွတ်ပါ။ မြေပေါ်လက်နှစ်ဖက် စုံချနိုင်တဲ့အထိ ကြိုးစားပေးပါ။

ဘေးတိုက် ကိုင်းညွတ်ခြင်း

© DEPOSITPHOTOS

မတ်တပ်ရပ်ပြီး ခြေနှစ်ဖက်ကိုပခုံးအကျယ်စာလောက်သာနေရာခွဲပါ။ လက်တစ်ဖက်ကို  ခေါင်းနောက်မှာထားပါ။ အခြားလက်တစ်ဖက်ကနေ သင့်တော်တဲ့ အလေးတုံးကိုင်ပြီး အပေါ်နဲ့အောက်ကို ဆွဲတင်ဆွဲချပြုလုပ်ပေးပါ။

READ
ဆံသားကျန်းမာစေရန် လုပ်ဆောင်ရမည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများ

ဒိုက်ထိုးခြင်း

© DEPOSITPHOTOS

ပုံမှာပြထားတဲ့အနေအထားအတိုင်း ပျဉ်တစ်ချပ်လို တဖြောင့်တည်းနေပါ။ တစ်ကိုယ်လုံးမှာရှိသမျှအားတွေကို လက်မောင်းဆီမှာထားပါ။ တံတောင်နေရာလောက် ရောက်တဲ့အထိ လက်မောင်းတွေကိုကွေးကာ ခန္ဓာကိုယ်ပါ တစ်ပါတည်း လိုက်ပါနှိမ့်ချပါ။ ပြီးနောက်မှ ပုံမှန်အနေအထားဆီသို့ ပြန်သွားပါ။

လေးကိုင်းသဏ္ဍာန်အနေအထား

© DEPOSITPHOTOS

ဝမ်းလျားမှောက်ပါ။ ခြေလက်တွေအားလုံးကို ဆန့်ထုတ်လိုက်ပါ။ ပုံပါအတိုင်း လက်နှစ်ဖက်က ခြေနှစ်ဖက်ကို စုံကိုင်ထားပါ။ အသက်ပြင်းပြင်း လေရှူသွင်းပြီး စက္ကန့်အနည်းငယ်လောက် ဒီတိုင်းနေပါ။ လေပြန်ရှူထုတ်လိုက်တဲ့အခါမှ တစ်ကိုယ်လုံးမှာရှိတဲ့ကြွက်သားတွေကို လျော့ပြီး ပုံမှန်အနေအထားအတိုင်း ပြန်နေပါ။

စူပါမန်းအနေအထား

© DEPOSITPHOTOS

ဝမ်းလျားမှောက်ကာ လက်တွေ၊ ခြေတွေကို ဆန့်နိုင်သမျှဆန့်ထုတ်လိုက်ပါ။ ခြေလက်တွေကို တစ်ပြိုင်တည်း မ, တင်ပေးပြီး စက္ကန့်အနည်းငယ်လောက်နေပါ။ ပြီးမှပုံမှန်အနေအထားဆီကို ပြန်သွားပါ။

ဘောလုံးပေါ်မှာ ကစားခြင်း

© DEPOSITPHOTOS

ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရာမှာ အသုံးပြုတဲ့ဘောလုံးပေါ်မှာ မှောက်ခုံအနေအထားနဲ့ လှဲလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်အကွာအဝေးလောက်ထားပြီး ခွာထားပါ။ လက်တွေကို ခေါင်းနောက်မှာထားပါ။ လည်ပင်းကိုခပ်တန်းတန်းလေးထားပြီး ပခုံးတွေကိုသာ အပေါ်တင်၊ အောက်ချပြုလုပ်ပြီး ကစားပေးပါ။

READ
ဆံပင်ရှည်တာ အရမ်းမြန်စေတဲ့ အစားအစာ(၇) မျိုး

တံတားသဏ္ဍာန်ပြုလုပ်ခြင်း

© DEPOSITPHOTOS

အခုမှစပြီးလေ့ကျင့်သူတွေအတွက် အန္တရာယ်များပေမယ့် ကျောကုန်းကြွက်သားတွေလှပဖို့အတွက် အလွန်ထိရောက်မှုရှိတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကြမ်းပြင်မှာ ကျေချလိုက်ပါ။ ဒူးခေါင်းကွေးပြီး ကျောကုန်းကို ဖြည်းဖြည်းချင်း မ,တင်လိုက်ပါ။ လက်ဖ၀ါးနှစ်ဖက်စလုံးဟာ ကြမ်းပြင်မှာ ထိနေပါစေ။ စက္ကန့်အနည်းငယ်လောက် နေပြီးတဲ့နောက်မှ ကျောကုန်းကို ကြမ်းပြင်မှာဖြည်းဖြည်းချပြီး ပုံမှန်အနေအထားဆီ ပြန်သွားပါ။

လင်းလင်း (ShweMom)

Source: Brightside.me

SHARE