စင်ကာပူနိုင်ငံက သူဌေးသမီးလေး Kim Lim အကြောင်း သင်မသိသေးတဲ့ အချက် ၇ ချက်

[email protected] kimlimhl

Kim Lim ဆိုတဲ့ နာမည်ကတော့ ပရိသတ်တော်တော်များများ သိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စင်ကာပူနိုင်ငံမှာတော့ မသိတဲ့လူ မရှိလောက်အောင်ကိုပဲ Kim Lim တစ်ယောက်က နာမည်ကြီးပါတယ်။ Kim Lim ရဲ့ ဖခင်ကတော့ စင်ကာပူနိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်းသူဌေးတွေထဲက တစ်ယောက်ဖြစ်တဲ့ Peter Lim ပဲ ဖြစ်ပါတယ်။ Peter Lim ကတော့ စပိန် La Liga ကလပ်တွေက ထိပ်တန်း ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ Valencia အသင်းရဲ့ ပိုင်ရှင် ဥက္ကဌကြီးပဲ ဖြစ်ပါတယ်။ အခု Kim Lim အကြောင်း လူသိပ်မသိသေးတဲ့ အချက် ၇ ချက် ကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ Kim Lim ဟာ Big Bang အဖွဲ့ဝင် Seungri နဲ့ ဘော်ဒါတွေ ဖြစ်ပါတယ်

[email protected] kimlimhl

အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ Kim Lim နဲ့ Big Bang အဖွဲ့ဝင် Seungri တို့ဟာ ဘော်ဒါအရင်းခေါက်ခေါက်ကြီးဖြစ်ပြီး မကြာခဏ nightout ထွက်တာတို့၊ Hangout လုပ်တာတို့ကို လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်တုန်းက ဗလင်စီယာအိမ်ကွင်းမှာ ရီးရဲမက်ဒရစ် အသင်းနဲ့ ကန်တဲ့ ပွဲစဉ်တုန်းက Kim Lim ဟာ Seungri ကို ဖိတ်ခဲ့ပြီး ပထမပိုင်းပြီးတဲ့အချိန်မှာ Fanstic Baby သီချင်းနဲ့ ဖျော်ဖြေခိုင်းခဲ့ကြောင်း သိရပါတယ်။

၂။ Kim Lim ဟာ Instagram Rich Kid တစ်ယောက်ဖြစ်ပါတယ်

https://www.instagram.com/p/CC_RtHWDIuK/

Kim Lim ဟာ Instagram မှာ ဆယ်လီတစ်ဦးဖြစ်သလို follower 280k ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘီလီယံနာသူဌေးကြီးရဲ့ သမီးဖြစ်တာကြောင့် အသုံးအဆောင်တွေကလည်း တစ်ကယ့်အကောင်းတကာ အကောင်းဆုံးတွေဖြစ်တာကြောင့် Rich Kid တစ်ယောက်ဖြစ်နေတာ သိပ်တော့မဆန်းပါဘူး။

READ
လူအချို့ရဲ့ ဆိုးဆိုးရွားရွားအပုပ်ချမှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်

၃။ Kim Lim ဟာ ပေါ့ပေါ့ပါးပါးနေရတဲ့ Lifestyle ကို  ပိုကြိုက်နှစ်သက်ပါတယ်

https://www.instagram.com/p/BzFyAw4Fksp/

Rich Kid တစ်ဦးဖြစ်ပေမယ့် တစ်ခြား Rich Kid တွေလို ဖုန်သိပ်မထပါဘူး။ ဒါကတော့ သူမရဲ့ Instagram ပို့စ်တွေကို ဝင်ကြည့်တာနဲ့ သိနိုင်ပါတယ်။ Kim Lim ပြောနေကြကတော့ “ငါ့မှာ အမိုက်စား ဒေါက်မြင့်ဖိနပ်တွေ အရမ်းကိုပေါပါတယ်။ ဒါပေမယ့် ငါ sneaker တွေ စီးလေ့ရှိပါတယ်” ဆိုတာပါပဲ။ Kim Lim ရဲ့ အဖေ Peter Lim ကိုယ်တိုင်ကလည်း များသောအားဖြင့် တီရှပ်နဲ့ ဘောင်းဘီတိုကိုသာ ဝတ်လေ့ရှိပါတယ်။

၎။ Kim Lim ဟာ အနိုင်ကျင့်တာတို့၊ လူမျိုးရေးခွဲခြားတာတို့ကို အလွန်မုန်းတဲ့လူ ဖြစ်ပါတယ်

https://www.instagram.com/p/BwUU0-tA_Kk/

လွန်ခဲ့တဲ့နှစ်တုန်းက အွန်လိုင်းပေါ်မှာ သူမဖခင်ရဲ့ အသင်းဖြစ်တဲ့ ဗလင်စီယာအသင်းပရိသတ်တစ်ချို့နဲ့ Kim Lim တို့ စကားများခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဗလင်စီယာအသင်းဟာ ရှုံးပွဲဆက်နေတဲ့အချိန်ဖြစ်ပြီး ဗလင်စီယာ ပရိသတ်တစ်ချို့ဟာ အသင်းပိုင်ရှင် Peter Lim ကို Asian သားတစ်ယောက်အဖြစ် လူမျိုးရေးခွဲခြားပြီး ရိုင်းရိုင်းစိုင်းစိုင်းရေးခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ Kim Lim ဟာ အဲဒီပရိသတ်တွေကို တစ်ခွန်းမကျန် ပြန်တုန့်ပြန်ခဲ့ဖူးပါတယ်။

၅။ Kim Lim ဟာ ပရဟိတအလုပ်တွေမှာ အမြဲလိုလို ပါဝင်ကူညီလေ့ ရှိပါတယ်

သူဌေးသမီးဆိုပေမယ့်လည်း အထာကြီးတွေဖမ်းပြီး နေတတ်တဲ့အထဲမှာ Kim Lim တစ်ယောက် မပါပါဘူး။ အမြဲလိုလို လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်တတ်သလို ဒီလိုလုပ်ငန်းတွေအတွက်လည်း ငွေရေးကြေးရေးအလှူဒါနတွေ ခဏခဏ ပြုလုပ်လေ့ ရှိပါတယ်။

READ
အနုပညာကြေး လျှော့ယူရတာတွေ ရှိတယ်ဆိုတဲ့ ပြေတီဦး

၆။ Kim Lim ဟာ တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်ပါတယ်

[email protected] kimlimhl

Kim Lim ဟာ ခွေးကလေးတွေ၊ ကြောင်ကလေးတွေနဲ့ အမြဲတပူးပူးနေလေ့ရှိပြီး သူမမှာလည်း French bulldog နှစ်ကောင်၊ Cocker spaniel Basil တစ်ကောင်နဲ့ English bulldog တစ်ကောင်၊ စုစုပေါင်း ခွေးလေးကောင်တောင် မွေးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက တိရစ္ဆာန်ချစ်သူများအဖွဲ့ကို ကိုယ်တိုင်တည်ထောင်ခဲ့ပြီး အကူအညီလိုတဲ့ တိရစ္ဆာန်လေးတွေ၊ ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို အမြဲလိုလို ကူညီတက်သူတစ်ဦး ဖြစ်ပါတယ်။

၇။ Kim Lim ရဲ့ မိထွေးဟာ Chrrie Lim ဖြစ်ပါတယ်

Instagr[email protected] kimlimhl

Cherrie Lim ကတော့ စင်ကာပူနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးပါပဲ။ Peter Lim နဲ့ Cherie Lim တို့ဟာ ၂၀၀၃ ခုနှစ်မှ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE