ရုပ်ရှင်မင်းသားကြီး Stallone အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စွားဖွယ် အချက်(၇)ချက်

[email protected] officialslystallone

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ Stallone ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ Stallone ကိုတော့ ပရိသတ်တော်တော်များများက Rocky ဇာတ်ကားတွေနဲ့ သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် Rambo, Creed, The Expendables, Escape Plan, The Specialist အစရှိတဲ့ ဇာတ်ကားတွေနဲ့လည်း Stallone ကြီးဟာ နာမည်ကျော်မင်းသားတစ်ယောက် ဖြစ်လာခဲ့တယ်ဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် Stallone ကြီးအကြောင်း ပရိသတ်တော်တော်များများ မသိကြသေးတဲ့ အချက် (၇) ချက်ကို ပြောပြပေးသွားချင်ပါတယ်။

 

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone)

၁။ Stallone ကြီးဟာ ကျောင်းသားဘဝတုန်းက တော်တော်လေး ဆိုးသွမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်

ဒီခေတ် ကျောင်းသားလူငယ်တွေဆိုးတယ်ဆိုတာ Stallone ကြီးကို မှီလောက်မယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Stallone ကြီးဟာ အသက် ၁၃ နှစ်မှာတင် ကျောင်း ၁၄ ကျောင်းတိတိ ကနေ ကျောင်းထုတ်ခံခဲ့ရတဲ့ လူငယ်တစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ။

၂။ Stallone ကို သူ့မိခင်က ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတာပါ

Stallone ကို မွေးဖွားတဲ့အချိန်တုန်းက တော်တော်လေးကို မွေးရခက်ခဲ့ပါတယ်။ Stallone ကို မွေးဖွားပေးတဲ့ သားဖွားဆရာဝန်ဟာ Stallone တစ်ယောက် အလွယ်တကူ မမွေးနိုင်ခဲ့တာကြောင့် ညှပ်သုံးပြီး Stallone ရဲ့ ဦးခေါင်းကို ဆွဲထုတ်ကာ မွေးဖွားခဲ့ရတာပါ။ အဲဒီညှပ်တဲ့ ဒဏ်ကြောင့်ပဲ Stallone ဟာ ဦးနှောက်အကြောတစ်ခုထိခဲ့ပြီး စကားပြောရာမှာ ငယ်စဉ်တုန်းက စကားပြောထစ် ခဲ့ဖူးပါတယ်။ အသက်ကြီးလာချိန်မှာလည်း တစ်ခါတစ်ရံမှာ စကားထစ်လေ့ ရှိတာကြောင့် သူ့ရုပ်ရှင်ကားတွေမှာ စကားအမြန် ပြောရမယ့် ဇာတ်ဝင်ခန်းတွေ တစ်ခန်းတစ်လေမှ ရိုက်ကူးခဲ့ခြင်း မရှိခဲ့တာပါ။

READ
မင်းသားအဖြစ်တင် မဟုတ်ဘဲ ဒါရိုက်တာပါတွဲလုပ်မယ်ဆိုတဲ့ Michael B Jordan

 

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone)

၃။ Stallone ဟာ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်

Stallone တစ်ယောက် New York စရောက်ကာစမှာ ငွေရေးကြေးရေး အခက်အခဲကြောင့် တိရစ္ဆာန်ရုံ ဝန်ထမ်းလုပ်ခဲ့ဖူးပါတယ်။ သူ့ရဲ့အလုပ်ကတော့ ခြသေ့င်္လှောင်အိမ်ကို သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်ဖြစ်ပြီး တစ်နာရီကို ၁.၁၂ ဒေါ်လာနဲ့ လုပ်ကိုင်ခဲ့ရတာပါ။ အဲဒီအတွေ့အကြုံကြောင့်ပဲ ၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Zookeeper ဇာတ်ကားမှာ Stallone ကြီးတစ်ယောက် ခြသေ့င်္နေရာကနေ အသံသရုပ်ဆောင် လုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

၎။ Stallone ဟာ Rock ဇာတ်ကားအတွက် ပြင်ပလောကက တကယ့်လက်ဝှေ့ပွဲကို Inspire ယူခဲ့တာ ဖြစ်ပါတယ်

Stallone ဟာ New York ကနေပြီးတော့ Los Angeles  ကို ပြန်သွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Rocky ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကို ရုပ်ရှင်ကုမ္ပဏီတွေမှာ ရောင်းချဖို့ အတွက်ပါ။ Stallone ဟာ New York က ဘားဆိုင်တစ်ခုမှာ စားပွဲထိုးနေရင်း တီဗီကနေ Muhammad Ali နဲ့ Chuck Wepner တို့ရဲ့ လက်ဝှေ့ပွဲကို ကြည့်ရင်း Rocky ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကိုရေးဖို့ စဉ်းစားမိခဲ့တာပါ။ ဇာတ်ညွှန်းကို (၃)ရက်ထဲနဲ့ အပြီးရေးခဲ့ပြီး စားပွဲထိုးအလုပ်ကထွက်ကာ LA ကို ပြန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Sly Stallone (@officialslystallone)

၅။ Stallone ဟာ တစ်ချိန်တုန်းက အကြီးအကျယ် ဘ၀နာခဲ့သူပါ

READ
ချစ်သူအသစ် Cody Simpson နဲ့ လမ်းခွဲပြတ်စဲသွားပြန်ပြီဖြစ်တဲ့ Miley Cyrus

Stallone တစ်ယောက် Rocky ဇာတ်ကားနဲ့ မပေါက်ခင်တုန်းက တော်တော်လေးကို ဆင်းရဲခဲ့ပါတယ်။ နောက်ဆုံး အိမ်ငှားခပေးဖို့အတွက်နဲ့ ခွေးစာမကျွေးနိုင်တော့လို့ သူ့ရဲ့ အချစ်ဆုံးခွေးလေးဖြစ်တဲ့ Phew ကို ရောင်းခဲ့ရသူတစ်ယောက်ပါ။ နောက်ပိုင်း ပိုက်ဆံရှိလာတဲ့ အချိန်မှ Phew လေးကို ပြန်ဝယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၆။ Stallone ဟာ Rocky ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရဖို့ အနစ်နာခံခဲ့ရပါတယ်

Stallone ပရိသတ်တွေကတော့ Rocky ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို Stallone ကြီးရေးခဲ့တာ သိကြမှာပါပဲ။ Stallone ဟာ အဆိုပါ ဇာတ်ညွှန်းကို ထုတ်လုပ်သူတွေထံ ပြသခဲ့တဲ့ အချိန်မှာတော့ ထုတ်လုပ်သူတွေဟာ အဆိုပါ ဇာတ်ညွှန်းကို အရမ်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ Rocky ဇာတ်ကားမှာ Stallone ကို သရုပ်မဆောင်ခိုင်းခဲ့ပါဘူး။ ဒီလိုနဲ့ Stallone ဟာ ဇာတ်ညွှန်းရေးခကို လုံးဝမယူပဲ သူကိုယ်တိုင် သရုပ်ဆောင်ခွင့်ရဖို့ တောင်းဆိုခဲ့တာပါ။ ထုတ်လုပ်သူတွေနဲ့ အကြေအလည် ဆွေးနွေးပြီးချိန်မှာ သရုပ်ဆောင်ခွင့်ရခဲ့ပေမယ့် သူရမယ့် အနုပညာကြေးကို  လျှော့ယူခဲ့ရပါတယ်။

၇။ Rocky ဇာတ်ကားဟာ ဟောလိဝုဒ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်

Stallone ဟာ Rocky ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ပြီး အဆိုပါ ဇာတ်ကားဟာ အော်စကာဆု ၉ ဆုအထိ ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ဖူးပါတယ်။ အဲဒီထဲကမှာ Best Picture ခေါင်းစဉ်နဲ့ အော်စကာဆု ၃ ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့  Rocky ပါဝင်တဲ့ ဇာတ်ကားပေါင်း (၈) ကားအထိ ထွက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ အမြတ်ငွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE