Samsung Galaxy S7ရဲ့ ဆွဲဆောင်မှုအရှိဆုံးFeature(၇)ခု

၂၀၁၆ ထဲမှာ ဖုန်းတွေအများအပြားထွက်ရှိလာခဲ့ပြီး စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဖုန်းတွေလည်း တော်တော်များခဲ့
ပါတယ်။ အဲဒီဖုန်းတွေထဲကမှ အခုအချိန်အထိ ကမ္ဘာတစ်လွှားမှာ စိတ်ဝင်စားမှုမကျသေးပဲ ၂၀၁၆ရဲ့အကောင်းဆုံး
ဖုန်းလို့တောင်တင်စားကြတာကတော့ Samsung Galaxy S7ပဲဖြစ်ပါတယ်။ တကယ်လည်း Samsung
Galaxy S7မှာမျက်စေ့ကျစရာ Features များစွာ ပါဝင်နေပါတယ်။

(၁) သပ်ရပ်လှပတဲ့ဒီဇိုင်း

samsung

Samsung ရဲ့ထွက်ခဲ့သမျှဖုန်းတွေထဲမှာ Galaxy S7နဲ့ Galaxy S7 Edge ရဲ့ဒီဇိုင်းက အလန်းဆုံးလို့တောင်
ပြောလို့ရပါတယ်။ ဖုန်းရဲ့ အရွယ်အစားက အကြီးကြီး မဟုတ်သလို သေးသေးလေးလည်း မဟုတ်ပါဘူး။ Facebook
သုံးသုံး၊ Ebook ဖတ်ဖတ် အဆင်ပြေစေမယ့် အရွယ်အစားပါ။ ဒေါင့်တွေချိုးထားတာကလည်း အရမ်းကိုကြည့်လို့
ကောင်းပြီး Body Frameကလည်းတော်တော်ကို ကိုင်လို့ကောင်းပါတယ်။

(၂) ရေစိုခံခြင်း

မိုးရာသီ ရုံးဆင်းရုံးတက် ပလပ်စတစ်အိတ်နဲ့ထုတ်စရာမလိုဘူး။ ကော်ဖီမှောက်ကျလည်းဘာမှမဖြစ်ဘူး။ ရေကူးကန်
ထဲမှာ သုံးချင်လည်း အဆင်ပြေတယ်။  ရေအနက် ၅ ပေလောက်မှာ  မိနစ်၃၀နီးပါး စိတ်ချလက်ချ သုံးလို့ရပါတယ်။
မြန်မာနိုင်ငံလို မိုးရာသီတွေ၊ သင်္ကြန်ပွဲတော်တွေရှိတဲ့ နိုင်ငံမျိုးအတွက်တော့ Samsung Galaxy S7 ဟာ အသင့်
တော်ဆုံးဖုန်းအမျိးအစားပဲဖြစ်ပါတယ်။

READ
Customer တွေပေးထားတဲ့ Rating နဲ့ Review အားလုံးကို Apple Store မှ Apple ဖြုတ်ချ

(၃) ကြာရှည်ခံတဲ့ဘက်ထရီ

fast charge

ဘက်ထရီက Li-Ion 3000 mAHဘက်ထရီဖြစ်ပြီး အားပြန်သွင်းရတာ အရမ်းကိုမြန်လွန်းပါတယ်။ 0% ကနေ
100%ကိုပြန်ပြည့်ဖို့ ဘယ်လောက်မှကြာမှာမဟုတ်ပါဘူး။ 60% လောက်ကို မိနစ်၃၀အတွင်းပြန်ဖြည့်ပေးနိုင်ပါ
တယ်။ ဖုန်းပြောမယ်ဆိုရင် 3Gကွန်ရက်မှာ ၂၂နာရီလောက်ပြောနိုင်ပြီး သီချင်းနားထောင်မယ်ဆိုရင် 62နာရီ
လောက်နားထောင်နိုင်ပါတယ်။ Qi/PMA Wireless Charging နည်းပညာပါဝင်ပြီး Fast Chareg Wireless
Padနဲ့လည်းအားသွင်းနိုင်ပါတယ်။ ဖုန်းဘက်ထရီသက်တမ်းကြာရှည်ခံမှုကြောင့် ဘယ်ကိုသွားသွား စိတ်ချလက်ချ
သွားနိုင်မှာဖြစ်ပါတယ်။

(၄) အမြန်နှုန်း

Qualcomm MSM8996 Snapdragon 820 Exynos 8890 Octa ကိုအသုံးပြုထားပြီး Ramက 4GB
ပါဝင်လို့ Application တွေအများကြီးဖွင့်ထားလည်း စက်က လေးသွားမှာ မဟုတ်ပါဘူး။ Samsung Galaxy
S7 နဲ့ဆိုရင် ရုပ်ထွက်ကြည်လွန်းတဲ့ ဂိမ်းတွေကိုလည်း အထစ်အငေါ့လုံးဝမရှိဘဲဆော့နိုင်မှာဖြစ်ပါတယ်။

(၅) SD Storage

ဗီဒီယိုတွေကြည့်ချင်လို့၊  သီချင်းတွေအများကြီးထည့်ထားချင်လို့၊ ဓာတ်ပုံတွေလည်းမဖျက်ပစ်ချင်လို့ ဆိုသူတွေ
အတွက် SD Storageကို 200GB အထိတောင် တိုးချဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတဲ့
အချက်တစ်ချက်ကတော့ Sd Card Slot ကို SIM Card slot အဖြစ်လည်း အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

READ
Snapchat app မှာ ဂိမ်းတွေပါ ကစားလို့ရတော့မည်

(၆) အရောင်

samsunggalaxys7colors

Samsung Galaxy S7 ကို အနက်၊ အဖြူ၊ ရွှေရောင်၊ ငွေရောင် ဆိုပြီး လူကြိုက်များတဲ့ အရောင်တွေနဲ့
ထုတ်လုပ်ထားတာကြောင့် မိမိကြိုက်နှစ်သက်ရာအရောင်ကိရွေးချယ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်သတင်း
ကောင်းတစ်ခုက Galaxy S7 ကို Pink Gold ကာလာနဲ့ အခုဆို ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ သူများနဲ့
မတူချင်ဘဲ ပန်းရောင်ကိုကြိုက်နှစ်သက်တဲ့သူများ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

(၇) ကင်မရာ

hand

Samsung Galaxy S7မှာနောက်ထပ်သဘောကျမိတဲ့အချက်ကတော့ ကင်မရာပဲဖြစ်ပါတယ်။ ကင်မရာဟာ
အလင်းရောင်မှိန်မှိန်အောက်မှာတောင် အကောင်းဆုံးပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ F1.7 Lens နဲ့ Dual
Pixelနည်းပညာပါဝင်တဲ့ ပထမဆုံးဖုန်းလည်းဖြစ်ပါတယ်။ ဒီနည်းပညာက မှောင်နေတဲ့အချိန်မှာတောင် ကြည်လင်
ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးပေးနိုင်မှာဖြစ်လို့ နေ့ညမရွေး စိတ်ကြိုက်ပုံရိပ်တွေကို ဖန်တီးလို့ရပြီပေါ့။

 Shwemom
SHARE