ခွက်ခွက်လန်အောင် အရှုံးပေါ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး(၇)ကား

Warner Bros Columbia Pictures

ရုပ်ရှင်ဆိုတာ လူတွေအတွက် တော်တော်စိတ်အပန်းဖြေစေတဲ့ အရာပါပဲ။ကိုယ်ကြိုက်တဲ့ မင်းသား၊မင်းသမီးတွေ ဒါမှမဟုတ် ကိုယ်အကြိုက်ဆုံးဝတ္ထုစာအုပ်ကို ဇာတ်ကားပြန်ရိုက်တာမျိုးဆိုရင် အဲဒီရုပ်ရှင်ကားရဲ့ လက်မှတ်ကို အလုအယက်ဝယ်ပြီး ကြည့်ရတာ ခံစားချက်က ဘာနဲ့မှကို မလဲနိုင်ပါဘူး။ တစ်ချို့ဇာတ်ကားတွေဟာ နာမည်ကြီး ရုပ်ရှင်မင်းသားမင်းသမီးတွေ အများအပြားပါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ဇာတ်ကားရိုက်တဲ့အခါ ကုန်ကျတဲ့ ကုန်ကျစရိတ်ရဲ့ တစ်ဝက်တောင် ပြန်မရပဲ ခွက်ခွက်လန်အောင် အရှုံးပေါ်ခဲ့ရတဲ့ အနေအထားတွေလည်း ရှိပါတယ်။ အဲဒီဇာတ်ကားတွေထဲကမှ လူတွေမထင်မှတ်ထားရအောင်ပဲ အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားကြီး ၁၀ ကားကို Insider သတင်းဌာနမှ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကို ဘာသာပြန်တင်ဆက် ပေးလိုက်ရပါတယ်။

၁။ Ali(2001)

ဒီဇာတ်ကားကတော့ တော်တော်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ကမ္ဘာကျော်လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ Muhammad Ali ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ရိုက်ထားပြီး မင်းသားကြီး Will Smith ကိုယ်တိုင် သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကားကြီးတစ်ခုပါပဲ။ ဇာတ်လမ်းအစဆုံးကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၀၇ သန်းသာ ရှိခဲ့ပေမယ့် ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Michael Mann က ဒီဇာတ်ကားကို အာဖရိကနိုင်ငံတွေမှာပါ လှည့်လည်ပြသဖို့ ကြိုးစားခဲ့တဲ့အတွက်ကြောင့် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၁၈ သန်းအထိ တိုးမြင့်ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ ရုပ်ရှင်ရုံတွေမှာ လူသိပ်မကြည့်ကြတဲ့အပြင် ဒီဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ Sony ခမျာမှာလည်း အမေရိကန်ဒေါ်လာ ၈၇ သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သိရပါတယ်။

၂။ Around the World in 80 Days(2004)

၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကိုတော့ လူတော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်။ မင်းသားကြီး Jackie Chan ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့အပြင် နာမည်ကြီးစာရေးဆရာ Jules Verne ရဲ့ စွန့်စာခန်းဝတ္ထုစာအုပ်တစ်အုပ်အပေါ်မှာ မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ အထိရှိခဲ့ပါတယ်။ ဒါပေမယ့် စာရင်းချုံ့ကြည့်လိုက်မယ်ဆိုရင်တော့ ဒီဇာတ်ကားဟာ အမေရိကန်ဒေါ်လာ ၇၂ သန်းကျော် အရှုံးပေါ်ခဲ့ပါတယ်။

READ
အမျိုးသမီးတွေကိုဟတ်မထိစေခဲ့လို့ဝမ်းနည်းနေခဲ့တဲ့ Marvel ရဲ့ superhero သစ်လေး

၃။ Stealth(2005)

ဒီဇာတ်ကားဟာ အမေရိကန်လေတပ်က လေသူရဲတွေအကြောင်း ရိုက်ထားတဲ့ ဂုဏ်ပြုဇာတ်ကားကောင်းတစ်ကားဖြစ်သလို မင်းသားကြီး Jamie Foxx ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကလည်း “The Fast and Furious” ရဲ့ ပင်တိုင် ဒါရိုက်တာ Rob Cohen ဖြစ်တာကြောင့် ရုပ်ရှင်ပရိသတ်တွေက တော်တော်လေးကို မျှော်လင့်ခဲ့ကြပါတယ်။ ဇာတ်ကားထွက်လာတဲ့အချိန်မှာလည်း လူကြည့်များပေမယ့် မျှော်လင့်ထားသလောက် မများခဲ့ပါဘူး။ ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၃၉ သန်းရှိပြီး ၅၆ သန်းကျော် အရှုံးပေါ်ခဲ့ကြောင်း သိရပါတယ်။

၎။ Sahara(2005)

ဒီဇာတ်ကားကိုတော့ တော်တော်များများ ကြိုက်နှစ်သက်ကြမှာပါ။ ပျောက်ဆုံးနေတဲ့ သင်္ဘောပျက်ကြီးထဲက ရတနာသိုက်ကြီးကို ရှာဖွေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အပြင် အက်ရှင်ခန်းတွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားဖြစ်တာကြောင့် အက်ရှင်ကြိုက် ပရိသတ်တွေ အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ အထိ ရှိခဲ့ပေမယ့် ၇၈ သန်းကျော် ရှုံးခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ အရှုံးပေါ်မှုဟာ အမေရိကန် Hollywood သမိုင်းရဲ့ အရှုံးအပေါ်ဆုံး ဇာတ်ကားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

၅။ Green Lantern(2011)

READ
အင်တာနက်ပေါ်မှာ လူပြောများနေတဲ့ ကိုရီယားအဆိုတော်ကောင်လေးရဲ့ ဓါတ်ပုံ

စူပါဟီးရိုးဇာတ်ကားတွေထဲမှာ အရှုံးအများဆုံး ဇာတ်ကားတစ်ခုပါပဲ။ အာကသထဲရှိ Green Latern တပ်ဖွဲ့ထဲက စစ်သူကြီးတစ်ယောက်ရဲ့ လက်စွပ်ဟာ ကမ္ဘာမြေကြီးပေါ်ကို ကျရောက်လာပြီး အဆိုပါလက်စွပ်ဟာ လူသားတစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီလူသားကတော့ Dead Pool သရုပ်ဆောင် Ryan Reynolds ပါပဲ။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိရှိခဲ့ပေမယ့် ၇၅ သန်းကျော် အရှုံးပေါ်ခဲ့ပါတယ်။ Green Latern 2 တောင် ဆက်ထါက်တော့မလို သတင်းတွေထွက်လာပြီးမှ အားပေးသူပရိသတ်မရှိတာကြောင့် ဆက်မထွက်ဖြစ်ခဲ့ပါဘူး။

၆။ Justice League(2017)

DC ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို Super hero တော်တော်များများ team-up လုပ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရှိခဲ့ပေမယ့် သန်း ၁၀၀ နီးပါးအထိ အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

၇။ Alice Through the Looking Glass(2016)

Alice In Wonderland ဇာတ်ကားရဲ့ အဆက်ဖြစ်တဲ့ Alice Through the Looking Glass ဇာတ်ကားမှာ နာမည်ကျော် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Johnny Depp နဲ့ Anne Hathaway တို့ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်ရှိပေမယ့် သန်း ၇၀ ကျော် အရှုံးပေါ်ခဲ့တဲ့ ဇာတ်ကားတစ်ခုဆိုလဲ မမှားပါဘူး။

Pyi Hein Kyaw

SHARE