မီးဖွားပြီးခါစ မိခင်တို့ ကြုံတွေ့ရတတ်တဲ့ ထူးထူးဆန်းဆန်း ဖြစ်စဉ် ၇ မျိုး

အမျိုးသမီးတို့အတွက် ရင်သွေးမွေးဖွားရတာဟာ ဘဝကပေးတဲ့ အဖိုးတန်လက်ဆောင်တွေထဲက တစ်မျိုးပါ။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားချိန်တို့ဟာလည်း မိခင်ရော ဖခင်ရောအတွက် အပြောင်းအလဲများစွာ ကြုံတွေ့ရချိန်ဖြစ်ပါတယ်။ အထူးသဖြင့် မိခင်တို့ရဲ့ ခန္ဓာကိုယ်မှာ ထူးခြားမှုတွေ ဖြစ်လာတာကို ခံစားကြရပါတယ်။ ဒါကြောင့် ယခုတစ်ခေါက်မှာတော့ မီးဖွားပြီးစ မိခင်တို့ ခန္ဓာကိုယ်မှာ ဘယ်လိုထူးခြားမှုတွေ ကြုံရတတ်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးကန်တာ

Bright Side

မိခင်တို့ဟာ မီးဖွားပြီးချိန်တွေမှာ ဗိုက်ထဲကနေ ကလေးကန်နေသေးသလို ခံစားနေရတတ်တာပါ။ တစ်ခါတစ်ရံ ကိုယ်ဝန်ထပ်ဆောင်နေရပြီလို့တောင် ထင်ယောင်ထင်မှား ဖြစ်စေတတ်ပါတယ်တဲ့။

(၂) ဆံပင်

Bright Side

ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားပြီးချိန်တွေမှာ ဆံပင်ကျွတ်တတ်တာ ထုံးစံပါ။ ဒါပေမယ့် အချို့မိခင်တွေမှာဆိုရင် ဆံပင်အသားနဲ့ အရောင်ပါ ပြောင်းလဲလာတတ်ကြပါတယ်။ တစ်ချိန်က ကြမ်းပြီး လှိုင်းတွန့်နဲ့ ဆံပင်တွေဟာ ချောပြီး ဖြောင့်လာတတ်သလို နူးညံ့တဲ့ဆံပင်တွေကလည်း ကြမ်းလာတတ်ပါတယ်။

(၃) ခံတွင်းအရသာခံစနစ်

Bright Side

မီးဖွားပြီးနောက်မှာ တစ်ချိန်က ကြိုက်ခဲ့တဲ့ အစားအသောက်တွေဟာ အခုတော့ စားချင်စရာမကောင်းတော့သလို မကြိုက်တဲ့ အစားအစာတွေလည်း ကြိုက်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာတော့ ဒါဟာ မဆန်းပေမယ့် တချို့မိခင်တွေကတော့ ကလေးမွေးပြီးမှ ပြောင်းသွားတတ်တာပါ။ အကြောင်းအရင်းက ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်သွားလို့ပါ။

READ
မျက်လုံးကျန်းမာရေးအတွက် သဘာဝအစားအစာ(၆)မျိုး

(၄) ခန္ဓာကိုယ်အနံ့

Bright Side

အချို့မိခင်တွေကတော့ မီးဖွားပြီးနောက်မှာ သူတို့ရဲ့ ကိုယ်အနံ့တွေ ပြောင်းလဲသွားတယ်လို့ ဖြေခဲ့ကြပါတယ်။ တကယ်ခန္ဓာကိုယ်အနံ့က ပြောင်းသွားလို့ပဲဖြစ်ဖြစ် အနံ့ခံစနစ်ပြောင်းသွားလို့ပဲဖြစ်ဖြစ် ဒီအချက်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်ကြတာ ထုံးစံပါပဲ။ တချို့တွေကတော့ မီးဖွားပြီးချိန်အထိ ထိုအချက်ကို ထူးဆန်းစွာ ကြုံကြရပါတယ်။

(၅) ခံတွင်းကျန်းမာရေး

Pixabay

မီးဖွားပြီးစ အချို့မိခင်တွေဟာ အရင်ကထက် ပိုပြီး ခံတွင်းကျန်းမာရေး ပြဿနာတွေ ကြုံလာကြရပါတယ်။ ဒါဟာ အချက် ၃ ချက်ကြောင့် ဖြစ်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်စဉ် ပျို့အန်မှုတွေကြောင့် ခံတွင်းထဲမှာ အက်ဆစ်ပိုထွက်တတ်တဲ့အတွက်ပါ။
  • ကိုယ်ဝန်ဆောင်စဉ် သကြားစားသုံးမှု မြင့်တက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်တွင်း ဖောယောင်မှုတွေ ဖြစ်ပြီး သွားဖုံးကျန်းမာရေး ထိခိုက်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။

(၆) တင်ပါးအရွယ်အစား

Bright Side

ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းတွေက အလိုအလျောက်တုံ့ပြန်မှုတွေ ရှိပါတယ်။ ဟော်မုန်းတွေက တင်ပါးဆုံက အရွတ်တွေကို မွေးဖွားရလွယ်အောင် ချဲ့ပေးပါတယ်။ ဒါကြောင့် မီးဖွားပြီးခါစဆို တင်ပါးက ပုံမှန်အရွယ်အစားထက် ကြီးနေတတ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။ အချိန်အတိုင်းအတာတစ်ခုရောက်ရင် ပြန်ပြီး ကျစ်လျစ်သွားပါလိမ့်မယ်။

READ
လိင်အားဆေးအဖြစ်သုံးတဲ့ Poppersအမျိုးအစားဆေးများသည် အမြင်အာရုံကို ထိခိုက်စေနိုင်

(၇) ခြေထောက်အရွယ်အစား

Bright Side

ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်နေရာအနှံ့မှာ ဖောယောင်တတ်တာ သိထားကြမှာပါ။ မီးဖွားပြီးချိန်မှာ ထိုဖောယောင်တာတွေဟာ ပြန်ကျသွားတတ်ပေမယ့် ခြေထောက်က ချက်ချင်းပုံမှန်ပြန်မဖြစ်ဘဲ ကြီးလာတတ်ပါတယ်။ ဒါဟာလည်း ဟော်မုန်းက အရွတ်တွေကို ချဲ့ထားပေးလို့ဖြစ်ပါတယ်။ မီးဖွားပြီးစမှာ ဝတ်နေကျဖိနပ်ဆိုဒ်တွေကို မဝတ်တော့ဘဲ သက်တောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်ကို ပြောင်းဝတ်သင့်ပါတယ်။

Ref: Bright Side

SHARE