အသက်ငယ်ငယ်နဲ့ အောင်မြင်နေကြတဲ့ ထိပ်တန်း kid influencer (၇)ယောက်အကြောင်း

Twitter/TaytumtandOakleyFisher

Business Insider ရဲ့အဆိုအရ (၂၀၂၂)ခုနှစ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ(၁၅)ဘီလီယံအထိရှိနိုင်တယ်လို့သိရပါတယ်။

အရုပ်တွေသုံးသပ်ပေးတာ၊ ဖက်ရှင်၊ ဂိမ်းနဲ့ထုတ်ကုန်ပစ္စည်းဝယ်ဖို့ ထောက်ခံတိုက်တွန်းပေးတာနဲ့ မိသားစုဘဝတွေကို မှတ်တမ်းတင်ပေးတာစတဲ့ လူမှုရေးကိစ္စတွေကျွမ်းကျင်တဲ့ အခုခေတ်မိဘတွေနဲ့ သူတို့ရဲ့အနာဂတ်မှာ ထူးချွန်သူများ ဖြစ်ကြမယ့် ကျောင်းနေကလေးတွေဟာ နာမည်ကြီးမှုတွေကိုသဘောကြတတ်ကြပါတယ်။ ဒီကလေးတွေကလည်း Instagram နဲ့ Youtube ကြည့်ပြီးကြီးပြင်းလာတဲ့သူတွေဖြစ်ပါတယ်။

စီးပွားရေးမဂ္ဂဇင်းရဲ့အဆိုအရ follower ထောင်နဲ့ချီရှိတဲ့ အောင်မြင်နေတဲ့ကလေးတစ်ယောက်ရဲ့ဝင်ငွေဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ(၁၀၀)အထိရနိုင်ပါတယ်။ follower သန်းနဲ့ချီရှိတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင်တော့ ၀င်ငွေအမေရိကန်ဒေါ်လာ(၁၅၀၀၀)ထပ်မကတောင်းဆိုလို့ရနိုင်ပါတယ်။

ဒါကြောင့် နှလုံးရောဂါရှိတဲ့လူကြီးတွေနဲ့ကလေးငယ်တွေကို ဖျော်ဖြေမှုတွေလုပ်ပေးနေတဲ့ နာမည်ကြီး ကလေး(၇)ယောက်ရှိပါတယ်။သူတို့က သူတို့ရဲ့ကျော်ကြားမှုတွေကို ဘယ်လိုထိန်းသိမ်းလဲဆိုတာ အားလုံးသိဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Coco 

 

 

View this post on Instagram

 

♥️♥️♥️

A post shared by COCO (@coco_pinkprincess) on

(၉)နှစ်အရွယ်ရှိတဲ့ဂျပန်မလေး Coco ဟာ ဂျပန်လူမျိုးတွေနဲ့မတူပဲ ကွဲထွက်နေတဲ့ပုံစံရှိပါတယ်။ သူမမှာ နာမည်ကြီးသတင်းထောက် Anna Wintour လိုမျိုးဆံပင်ပုံစံရှိကာ အေးဆေးတည်ငြိမ်တဲ့ပုံစံလေးဖြစ်ပါတယ်။ အင်စတာဂရမ်မှာကျော်ကြားတဲ့ နာမည်ကြီး kid influencer တစ်ယောက်လည်းဖြစ်ပါတယ်။

Hyun-Ho (@hyun_ho_0421)

 

ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ကိုရီးယားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ ODG က ကိုရီးယားကောင်လေး Hyun-ho နဲ့ အမေရိကန်ကောင်မလေး Carson တို့ပထမဆုံးတွေ့ဆုံပုံလေးကိုရိုက်ကူးထားတဲ့ဗီဒီယိုလေးကိုတင်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုကိုကြည့်ရှုသူ(၃၉)သန်းရှိခဲ့ပြီး like ပေါင်း(၁.၅)သန်းရှိခဲ့ပါတယ်။ မကြာခင်ကလည်း Hyun-ho က Carson ကို ကိုရီးယားစကားသင်ပေးနေတဲ့ဗီဒီယိုဖိုင်တစ်ခုတက်လာခဲ့ပြီး ဒီဗီဒီယိုဖိုင်ဟာလည်း ကြည့်ရှုသူများပြားခဲ့ သလို share လုပ်သူများပြားခဲ့ပါတယ်။

ဒီဗီဒီယို  ထွက်ပြီးနောက်မှာတော့ Hyun-ho ရဲ့အင်စတာဂရမ်မှာ follower (၉၅,၀၀၀)အထိရှိလာခဲ့ပါတယ်။

Taytum and Oakley Fisher

 

View this post on Instagram

 

Ask us a question! We’ll try to answer as many as we can ❤️

A post shared by Taytum & Oakley Fisher (@taytumandoakley) on

Taytum နဲ့ Oakley Fisher တို့အမြွှာညီမဟာ သူတို့မိဘတွေဖြစ်တဲ့ Madison နဲ့ Kyler တို့ရဲ့စီမံမှုနဲ့ အင်စတာဂရမ်မှာ နာမည်ကြီးလာတဲ့ ညီအစ်မပဲဖြစ်ပါတယ်။

သူတို့ရဲ့ဖျော်ဖြေရေးဗီဇတွေဟာ သူတို့မိဘတွေဆီကရလာတာဖြစ်နိုင်ပါလိမ့်မယ်။ ဘာလို့ဆို သူတို့ရဲ့အမေဟာ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်သလို အဖေဖြစ်သူကလည်း သရုပ်ဆောင်နဲ့ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင် သူတစ်ဦးဖြစ်ပါတယ်။

သူတို့မိသားစုရဲ့ကိုယ်ပိုင် YouTube မှာ ကြည့်ရှုသူ(၃.၉)သန်းရှိပြီး အမြွှာညီအစ်မနှစ်ယောက်ဟာလည်း အနာဂတ်မှာ ဆက်လက်ထွန်းတောက်နေမယ့် သူလေးတွေဖြစ်ပါတယ်။

Ethan Gamer

 

View this post on Instagram

 

6 years ago today it all started. Ty to everyone who has supported me 🙌

A post shared by Ethan (@ethangamer) on

RobloxMinecraft နဲ့ iPad ဂိမ်းတွေကိုကစားခြင်းကြောင့် သင်ဘာကိုရရှိနိုင်ပါသလဲ? Ethan ကတော့ ဒီဂိမ်းတွေကို ကစားပြီး သူ့ရဲ့ကိုယ်ပိုင် YouTube channel မှာ ကြည့်ရှုသူ (၂.၆)သန်းတောင်ရှိပါတယ်။

လူငယ်ဂိမ်သမားတစ်ယောက်အတွက် ဂိမ်းကိုအကောင်းဆုံးကစားနိုင်တာထက် ဂိမ်းကစားရတာကိုက ပျော်ရွှင်စရာဖြစ်တယ်လို့ သူ့ရဲ့ YouTube channel မှာပြောထားပါတယ်။ သူ့ရဲ့နောက်ထပ် channel တစ်ခုမှာတော့ unboxing, challenges, vlogs နဲ့ toy အကြောင်းတွေကိုရှင်းပြတဲ့ဗီဒီယိုဖိုင်တွေကိုတင်လေ့ရှိပါတယ်။ (၂၀၁၇)ခုနှစ်တုန်းက Gaming YouTuber Awards ဆုကိုရရှိခဲ့ပါတယ်။

Gabe and Garrett 

 

Forbes မဂ္ဂဇင်းရဲ့စာရင်းအရ (၂၀၁၇)ခုနှစ်ရဲ့ ထိပ်တန်း kid influencer တွေမှာ Gabe နဲ့ Garrett လည်းပါဝင်ခဲ့ပါ တယ်။ သူတို့ရဲ့ YouTube channel ကို ကြည့်ရှုသူ(၁.၈)သန်းအထိရှိပြီဖြစ်ပါတယ်။ Gabe ရဲ့အသက်ဟာ (၁၃)နှစ်ဖြစ်ပြီး Garrett ကတော့ (၁၁)နှစ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားအခြေစိုက် အမေရိကန်ကောင်လေးတွေဖြစ်ပြီး စွန့်စားပြီးမှတ်တမ်းတင်ရတာသဘောကြတဲ့သူနှစ်ဦးလည်းဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ကိုယ်ပိုင် YouTube ကို (၂၀၁၀)ခုနှစ် သြဂုတ်လကစတင်ခဲ့တာဖြစ်ပြီး သူတို့တင်ထားတဲ့ ဗီဒီယိုပေါင်း (၂၁၅)ခုရှိပြီဖြစ်ကာ ကြည့်ရှုသူ(၁.၈)သန်းအထိရှိပြီဖြစ်ပါတယ်။ သူတို့ရဲ့ဗီဒီယိုထဲမှာတွေ့ရတဲ့ အကြောင်းအရာတွေကတော့ unboxing၊ their Sidewalk Cops series ၊ ကစားစရာတွေကို ပြန်လည်သုံးသပ်ထား တာတွေ၊ ဆယ်ကျော်သက်တွေရဲ့ပျော်စရာလှုပ်ရှားမှုပုံရိပ်တွေ၊ ပန်းခြံတွေကို သွားရောက်လည်ပတ်ထားတာတွေ စတဲ့လူငယ်လှုပ်ရှားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကြောင်းပဲဖြစ်ပါတယ်။

Thae Su

SHARE