ကမ္ဘာ့အလှဆုံးဖြစ်သလို အန္တရာယ်အများဆုံးလည်းဖြစ်တဲ့ နေရာ (၇)ခု

ကမ္ဘာပေါ်မှာ လှပလှတဲ့ နေရာများစွာ ရှိတဲ့အနက်မှ ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ အလှပဆုံးဖြစ်သလို အန္တရာယ်လည်း အများဆုံးဖြစ်တဲ့ နေရာ(၇)ခုကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။

Saltstraumen ရေလက်ကြား

24hviralphotos

Saltstraumen ရေလက်ကြားတော့ နော်ဝေနိုင်ငံမှာ တည်ရှိပါတယ်။ အဆိုပါ ရေလက်ကြားကတော့ လှပတဲ့ နေရာတစ်နေရာဖြစ်ပေမယ့် ရေဝဲများစွာ ရှိတာကြောင့် ရေကြောင်းမကျွမ်းကျင်ပါက မသွားသင့်တဲ့ နေရာလည်းဖြစ်ပါတယ်။

Gouffre Berger လိုဏ်ဂူ

24hviralphotos

ဒီလိုဏ်ဂူကြီးကတော့ မီတာ(၁၂၀၀)အနက်ရှိတဲ့ ပြင်သစ်နိုင်ငံက ချောက်ကြီးဖြစ်ပါတယ်။ လိုဏ်ဂူကြီးဟာ လှလည်း လှပြီး အောက်ဘက်မှာ ရေကန်ကြီးလည်း ရှိပေမယ့် မတော်တဆ ပြုတ်ကျသေဆုံးမှု လွယ်ကူစွာ ဖြစ်နိုင်ချေရှိတဲ့နေရာအဖြစ်လည်း ကျော်ကြားပါတယ်။

Rock Preikestolen ကျောက်တောင်

24hviralphotos

နော်ဝေမှာ ရှိတဲ့ ကြီးမားမတ်စောက်လှတဲ့ ကျောက်ကမ်းပါးတောင်ကြီး ဖြစ်ပါတယ်။ ရေခဲခေတ်မှ လက်ကျန် သဘာဝအမွေအနှစ်လည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၁)သောင်းခန့်က ဖြစ်တည်ခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေ အလာများတဲ့ နေရာဖြစ်ပေမယ့် မီတာ(၆၀၀)ကျော် အမြင့်ရှိတာကြောင့် အန္တရာယ်များပါတယ်။

READ
ကျွန်တော် ကြုံခဲ့ရသော ရှေ့မီနောက်မီ ခေတ်ရေစီးကြောင်း

The Great Blue Hole

24hviralphotos

Great Blue Hole ကတော့ Belize ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ကမ္ဘာ့အကြီးမားဆုံး ပင်လယ်တွင်း ချောက်ကြီးဖြစ်ပါတယ်။ အပျော်တမ်း ရေငုပ်ဒိုင်ဗင်သမားများကြားလည်း ကျော်ကြားလှတဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ရေအောက် (၁၃၅)ပေအထိ ဆင်းသွားရင်တော့ နိုက်ထရိုဂျင်များလာမှုကြောင့် အသက်ပင် သေဆုံးတတ်ပါတယ်။

Antelope တောင်ကြား

24hviralphotos

အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ အလှပဆုံး ကျောက်သား ကျောက်ဆောင် ဖြစ်တည်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိုးရွာတဲ့အချိန်တွေဆိုရင် ကျောက်ဆောင်တွေပေါ်ကနေ ရေတွေ ကျဆင်းလာနိုင်တာကြောင့် အန္တရာယ်အလွန်များပါတယ်။

K2 တောင်

24hviralphotos

ကမ္ဘာပေါ်မှာ ဧဝရက်တောင်ပြီးရင် ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပါတယ်။ K2 တောင်အကြောင်း ဇာတ်လမ်းတောင် ရှိပါသေးတယ်။ တောင်တက်သမားတွေက ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးတောင် ဖြစ်ကြောင်းဆိုကြပြီး K2 တောင်တက်သမားတွေထဲမှာ အသက်သေဆုံးသူများစွာ ရှိနေပါတယ်။

Gates of Hell

24hviralphotos

တာ့ခ်မန်နစ္စတန်နိုင်ငံရှိ ဓာတ်ငွေ့တွင်းကြီးတစ်တွင်းပါ။ မီသိန်းဓာတ်ငွေ့ ပမာဏများစွာကို လေထုထဲ ထုတ်လွှတ်ခဲ့ပါတယ်။ (၁၉၈၀)ခုနှစ်တုန်းကတော့ သိပ္ပံပညာရှင်များက မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု ကာကွယ်ဖို့ ၎င်းတွင်းကြီးကို မီးရှို့ခဲ့ကြရာ တွင်းကြီးက အဲဒီ့ကတည်းက စတင်လောင်ကျွမ်းနေခဲ့ပါတော့တယ်။ ငရဲတံခါးပေါက်လို့လည်း တင်စားကြပါတယ်။

READ
ဂျပန်လူမျိုးတွေရဲ့ ထူးခြားတဲ့ အနှီးထုပ် ကုထုံး

Ref: 24H Viral Photos

SHARE