သင့်ချစ်သူအပေါ်မှာ သင့်ရဲ့ အချစ်တွေ လျော့ပါးနေပြီဆိုတာ ဖော်ပြနေတဲ့ (၇)ချက်

Pixabay-Anemone123

Relationship တစ်ခုမှာ အချိန်ကြာသည်ဖြစ်စေ၊ မကြာသည်ဖြစ်စေ ကိုယ်ဟာ ကိုယ်ချစ်သူအပေါ်မှာ စိတ်ဝင်စားမှု ကင်းမဲ့လာတဲ့ ပုံစံမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို သ်င့ဘက်က သူ့အပေါ် စိတ်ဝင်စားမှုကင်းမဲ့လာရင်တော့ အဲဒီလက်တွဲဖော်နဲ့ အမြန်ဆုံး လမ်းခွဲလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရှည်ဒီအတိုင်းဆက်တွဲမယ်ဆိုရင်တော့ တစ်ချိန်ချိန်ကြရင် ကိုယ့်ဖက်ကနေ သူ့ကိုစဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။

နှစ်တွေကြာလာတာနဲ့အမျှ အချစ်ဆိုတာ မရှိတော့ပဲ သံယောဇဉ်တွေပဲ တဖြည်းဖြည်း တိုးလာပါလိမ့်မယ်။ သံယောဇဉ်ရှိတယ်ဆိုတာ လုံးဝမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အချစ်နဲ့ သံယောဇဉ်ဆိုတာ တစ်ခြားစီပါ။ ဒါ့ကြောင့် ဘယ်လိုပုံစံမျိုးတွေ ကိုယ့်မှာဖြစ်လာရင် တစ်ဖက်လက်တွဲဖော်အပေါ်စိတ်ကုန်လာတတ်သလဲဆိုတဲ့ အကြောင်းအရာကို Shwemom ပရိသတ်ကြီးသိအောင် ရေးသားတင်ဆက်လိုက်ပါတယ်။

Pixabay-JUrban

၁။ အရေးကြီးတဲ့အကြောင်းအရာတွေ၊ မိသားစုကိစ္စတွေကို ကိုယ့်ချစ်သူနဲ့ မတိုင်ပင်ချင်ပဲ သူငယ်ချင်းတွေနဲ့သာ တိုင်ပင်ချင်တဲ့ စိတ်ရှိနေရင်တော့ ကျိန်းသေတာက သင်ဟာ သင့်ချစ်သူအပေါ်မှာ စိတ်ဝင်စားမှု ကင်းမဲ့နေပြီဆိုတာပါပဲ။

READ
ကိုယ်က အရင်စပြီးမက်ဆေ့ခ်ျမပို့ခင် စဉ်းစားသင့်တဲ့ အချက်(၅)ချက်

၂။ ကိုယ်ရဲ့ အားလပ်ချိန်တွေကို ချစ်သူနဲ့အတူတူ အချိန်မဖြုန်းချင်တော့ပါဘူး။ ဘော်ဒါတွေနဲ့ တွေ့မယ်၊ ဂိမ်းဆော့မယ်၊ ကိုယ့်ဟာကိုယ် အိမ်မှာပဲ အေးဆေးနေချင်တယ် အစရှိတဲ့ စိတ်တွေ ဖြစ်နေရင်လဲ သင့်ချစ်သူအပေါ် သင်စိတ်ဝင်စားမှု ကင်းမဲ့နေပါပြီ။

၃။ ချစ်သူနဲ့ တွေ့တိုင်း သူနဲ့ မတွေ့ချင်တာမျိုးတွေ၊ သင့်ချစ်သူက သင်ရုံးဆင်းတဲ့အချိန် ရုတ်တရက် အံ့သြသင့်သွားအောင် လာကြိုတဲ့အချိန် ချစ်သူကို မြင်မြင်ချင်း ဝမ်းသာရမယ့်အစား စိတ်ပျက်သွားတာမျိုးတွေ၊ စိတ်ညစ်သွားတာမျိုးတွေ ရှိနေရင်တော့ သင့်ဟာသင့်ချစ်သူအပေါ် တော်တော်လေး စိတ်ဝင်စားမှုကင်းမဲ့နေတဲ့ လူတစ်ယောက်ပါပဲ။

Pixabay-RoonZ-nl

၎။ တစ်ယောက်နဲ့ တစ်ယောက် အတူတူရှိနေရင်လည်း ရင်မခုန်တော့တာမျိုးတွေ၊ ချစ်သူသဘာဝ ဖက်တာ နမ်းတာတွေမရှိတော့ပဲ လမ်းအတူလျှောက်ရင်း သူနဲ့ လက်တွဲမလျှောက်ချင်တမျိုးတွေဖြစ်နေရင်လည်း သင်ဟာ သင့်ချစ်သူအပေါ် စိတ်ဝင်စားမှု မရှိဘူးဆိုတာ သိသာစေတဲ့ အချက်ပါပဲ။

READ
သင့်ချစ်သူနဲ့ရန်ဖြစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သင်သတိထားသင့်တယ်

၅။ နှစ်ယောက်အတူတူ ရှိနေရဲ့သားနဲ့ ကိုယ့်ရဲ့စိတ်ဟာ သူပြန်သွားရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုပြီး ချစ်သူဖြစ်သူ အရှေ့မှာ ထိုင်နေရဲ့သားနဲ့ စဉ်းစားမိနေရင် သင်သူ့အပေါ် စိတ်ဝင်စားမှု မရှိတော့ပါဘူး။

၆။ အကြောင်းအရာကိစ္စ သေးသေးလေးတွေကို အကြီးကြီးဖြစ်အောင်လုပ်ပြီး ချစ်သူနဲ့ အချိန်ပြည့် အငြင်းပွားချင်တဲ့စိတ်၊ ရန်ဖြစ်ချင်တဲ့စိတ်တွေ သင့်ဆီမှာ ဖြစ်ပေါ်နေရင်လည်း သင်ဟာ သင့်ချစ်သူအပေါ် စိတ်ဝင်စားမှုတွေ လျော့လာပြီဆိုတာ သိလိုက်ပါ။

Pixabay-Anemone123

၇။ ချစ်သူနဲ့ နှစ်ယောက်အတူတူ ရှိနေရက်နဲ့ ကိုယ့်စိတ်က တစ်ခြားရောက်နေတာမျိုးတွေ၊ သူအနားမှာ ရှိရက်နဲ့ အထီကျန်တဲ့ ခံစားချက်မျိုးဝင်နေတာတွေ သင့်မှာရှိနေရင်လည်း သင်ဟာ သင့်ချစ်သူအပေါ်မှာ စိတ်ဝင်စားမှု မရှိတော့တာ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE