အမျိုးသမီးတိုင်း သိထားသင့်သည့် သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ

အသံတိတ်လူသတ်သမားလို့ သတ်မှတ်ခံထားရတဲ့ သားအိမ်ခေါင်း ကင်ဆာ ဟာ အမျိုးသမီးတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ ရောဂါတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကြိုတင်ကာကွယ် ထားနိုင်သလို ရောဂါဖြစ်ပြီဆိုတာနဲ့ ချက်ချင်း သိခဲ့ မယ်ဆိုရင်တော့ ကြောက်စရာမလိုပါဘူး။သားအိမ်ခေါင်းကင်ဆာဆိုတာဟာ HPV (သို့) papillomavirus   ကြောင့်ဖြစ်တာပါ။ အဆိုပါဗိုင်းရပ်စ်ဟာ လိင် ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါ တယ်။ဒါပေမယ့်လည်း ဒီတစ်ခုတည်းကြောင့် မဟုတ်ပဲ သားအိမ်ခေါင်းကင် ဆာဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။အဲ့ဒါတွေကတော့ သားအိမ်ခေါင်းမှာ အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက် တတ်ေ သာရောဂါရှိခြင်း၊လိင်စတင်ဆက်ဆံတဲ့ အသက်အရွယ် ငယ် ခြ င်း၊ ကိုယ်တိုင်သော်(သို့) ခင်ပွန်းဟာ လိင် ဆက်ဆံဖက်များခြင်း၊ ကိုယ် ဝန်ဆောင်ချိန်များခြင်း၊ဆေးလိပ်သောက်ခြင်း၊ တစ် ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ မိခင်နဲ့ဆွေမျိုးတွေထဲမှာ သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့သူရှိခြင်းတို့ဖြစ်ပါတယ်။

(၁)ပုံမှန်မဟုတ်တဲ့ အဖြူ  /အကျိအချွဲတွေဆင်း

READ
နှလုံးကျန်းမာရေးအတွက် အိပ်ချိန် ၈နာရီရှိခြင်းသည် အကောင်းဆုံးဖြစ်

သားအိမ်ခေါင်းထဲမှာ ကင်ဆာ အစပျိုးနေပြီဆိုတာနဲ့ သားအိမ်နံရံက ဆဲလ်တွေ ဟာပုံမှန်မဟုတ်တော့ပဲ လုပ်ငန်းစဉ်တွေလည်း အမှားမှားအယွင်း ယွင်းဖြစ် တတ်ပါတယ်။ဒါကြောင့် အဖြူဆင်းတာ၊ရာသီသွေးပေါ်ပြီးမှ သွေးထပ်ဆင်းတာ၊ အကျိအချွဲတွေဆင်းတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

Cervical-Cancer-Causes-Symptoms-Diagnosis-and-Treatment

(၂)နာကျင်/သွေးဆင်း

သားအိမ်နံရံကို အမြစ်တွယ်လာတဲ့ ကင်ဆာဆဲလ်တွေကြောင့် သားအိမ် မှာ ခြောက်သွေ့တာ နောက်ဆုံး အက်ကွဲတာတွေဖြစ်ပေါ်လာတတ်ပါတယ်။နေ ရထိုင်ရတာ သက်သောင့်သက်သာမရှိတာ နဲ့သွေးဆင်းရက်ပြီးတာတောင်မှ ထပ်ပြီး သွေးဆင်းတာတွေ ဖြစ်ပေါ် တတ်ပါတယ်။ပုံမှန်ရာသီကာလမဟုတ်ပဲ ကြားကာလတွေမှာ သွေးဆင်းတာတွေရှိခဲ့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီပြကြည့်သင့်ပါတယ်။

(၃)သွေးအားနည်းတာ

စားသောက်နေထိုင်မှုပုံစံ ပုံမှန်အတိုင်းဖြစ်နေတဲ့ကြားက ပင်ပမ်းနွမ်းလျပြီး သွေး အားနည်းနေတာမျိုးပါ။ဝမ်းဗိုက်ထဲက သွေးယိုစီးမှုတွေကြောင့် သွေးအားနည်းရတာဖြစ်ပြီး ဒါဟာလည်း သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေထဲက တစ်ခု ပါ။

(၄)ဆီးသွားရာမှာ ပြသာနာရှိ

သားအိမ်ခေါင်းနံရံတွေ ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်နဲ့ကျောက်ကပ် မှာပါ ပြသာနာရှိလာပြီး ဆီးသွားရာမှာ ပြသာနာတွေရှိလာစေတာဖြစ်ပါတယ်။ ဆီးအိမ်နာကျင်တာ၊ဆီးလမ်းကြောင်းမှာ ပိုးဝင်တာတွေပါဖြစ်တတ်ပါတယ်။

READ
အရက်သောက်ခြင်းက စိတ်ညစ်စရာတွေကို မေ့မသွားစေတဲ့အပြင် ပိုအမှတ်ရစေ

cervical-cancer_Big

(၅)ခြေထောက်၊တင်ပါးနဲ့နောက်ကျောတွေ နာကျင်

ကင်ဆာကြောင့်သွေးကြောတွေကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် တင်ပါး ဆုံရိုးနဲ့ခြေထောက်တွေဆီ သွေးလျောက်ရာမှာ အခက်အခဲရှိလာနိုင်တာေ ကြာင့် ခြေထောက်၊ခြေကျင်းဝတ်၊တင်ပါးနဲ့နောက်ကျောတွေမှာ နာကျင်မှုတွေ ခံစားရတာဖြစ်ပါတယ်။

(၆)ကိုယ်အလေးချိန်ကျဆင်း

ကိုယ်အလေးချိန်ကျဆင်းတာ(သို့)အစားအသောက်ပျက်တာတွေကတော့ ကင် ဆာရောဂါတိုင်းလိုလိုမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာမှာလည်း ဒီလိုရောဂါလက္ခဏာမျိုးကို ပြတတ်ပါတယ်။ သား အိမ်ခေါင်းကင်ဆာရဲ့ တခြားလက္ခဏာတွေကတော့ ပုံမှန်ထက်ရာသီသွေး ဆင်းတဲ့ရက်ပိုကြာတာ၊ဆင်းတဲ့ပမာဏပိုများတာ၊လိင် ဆက်ဆံပြီး ရင် သွေး ဆင်းခြင်း၊လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း တို့ဖြစ်ပါတယ်။
Ref;supertastyrecipes

SHARE