ချစ်မိသွားပြီဆိုတာကို မပြောဘဲ သိနိုင်တဲ့ အချက် (၇) ချက်

ချစ်မိသွားပြီဆိုတာနဲ့ လူတွေမှာ သိသိသာသာနဲ့ တစ်မျိုး၊ မသိမသာနဲ့ တစ်မျိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်ကြပါတယ်။ တစ်ချို့သော လက္ခဏာတွေက ကြည့်ရုံနဲ့ အဲ့ဒီလူက သင့်ကို ချစ်နေပြီလား၊ သင့်အပေါ် ဘယ်လိုသဘောထားလဲ၊ ရှေ့ဆက်တိုးလို့ ရမရ စတာတွေကို ဟန်ဆောင်နေတဲ့တိုင် ခွဲခြား သိနိုင်ပါတယ်။ အချစ်အကြောင်းနဲ့ ပတ်သက်လို့ လေ့လာကြသူတွေက ချစ်မိသွားရင်ဖြစ်ပေါ်လာတဲ့ အချက် (၇) ချက်ရှိတယ်လို့ အခိုင်မာဆိုကြပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့…

၁။ စူပါပါဝါ

Brightside

တချို့သော အရေးပေါ် အခြေအနေတွေမှာ လူတွေဟာ မဖြစ်နိုင်တဲ့ အရာတွေကို လုပ်တတ်တာကို ကြားဖူးပါလိမ့်မယ်။ မိခင်တစ်ယောက် သားသမီးကို ကယ်တင်ချင်တဲ့ ဇောနဲ့ မော်တော်ကားတစ်စီးကို မရွှေ့လိုက်တာတို့ဘာတို့…..

အချစ်နဲ့ အကြောက်တရားဟာ ကျွန်ုပ်တို့ကို ကြီးမားတဲ့ စွမ်းအင်တွေကို တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။ ဒါကို မိဘတွေသာမက ချစ်သူတွေမှာလည်းတွေ့ ပိုပြီးတွေ့ရတတ်ပါတယ်။ လူ တစ်ယောက်အပေါ်မှာ မေတ္တာသက်ဝင်မိတဲ့အခါ ခန္ဓာဗေဒ ဖွဲ့စည်းပုံစနစ်မှာ အောက်စီတိုစင် ဆိုတဲ့ ဓာတ်တစ်မျိုးထွက်လာပါတယ်။ အဲ့ဒီ ဓာတ်ကြောင့် နာကျင်မှုကို သည်ခံနိုင်စွမ်းတွေ မြင့်တက်လာပြီး မထင်မှတ်တဲ့ အစွမ်းတွေပါရရှိတတ်ပါတယ်။

ဒီလို ခွန်အားပြည့်ဝပြီး လှပတဲ့ ခံစားချက်တွေနဲ့ ကြုံတွေရတဲ့ လူတွေဟာ ကိုယ် ချစ်တဲ့ သူအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရှိလာကြတယ်။

၂။ နာကျင်ရတဲ့ အခြေအနေ

Brightside

ချစ်မိသွားတဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ စိတ်ရှုပ်ထွေးခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ခံစားမှု ပြောင်းလဲလွယ်ခြင်း၊ စိတ်အလိုမကျခြင်းနဲ့ ပင်ပန်းနွမ်းလျခြင်းတွေပဲဖြစ်တယ်။ ပြင်းထန်တဲ့ ခံစားမှုတွေကြောင့် ရုပ်ကျသွားတာတွေလည်း ရှိတယ်မဟုတ်ပါလား။

တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြတဲ့ များစွာသော ခံစားမှုတွေနဲ့ ကြီးမားတဲ့ ဖိစီးမှုတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ အဲ့ဒီလို ဖိစီးမှုတွေကြောင့် ကော်တီဇုန်းဆိုတဲ့ ဟော်မုန်း ဓာတ်မျိုးထွက်လာပါတယ်။ ခံစားမှု ဝေဒနာတွေရဲ့ အကြောင်းအရင်းတစ်ခုဆို မှန်ပါတယ်။ ဥပမာအနေနဲ့ ပေးရရင် အစာအိမ်ထဲက သွေးကြောတွေ ကျုံ့သွားလို့ ပျို့အန်ချင်သလို ဖြစ်လာတမျိုး။

ဒီလိုနဲ့ မရေရာ မသေချာမှုတွေမရှိတော့ဘဲ ကျွန်ုပ်တို့ အချစ်ရေးတွေဟာ တည်ငြိမ်လာတဲ့အခါ အားလုံးသော မနှစ်မြို့ဖွယ် ဝေဒနာ အမျိုးမျိုးတွေလည်း တစ်ပါတည်းပျောက်သွားလေ့ရှိပါတယ်။ သို့သော် တစ်ခါတစ်ရံမှာတော့ ထို ခံစားမှုတွေဟာ  မင်္ဂလာ ကိစ္စစီစဉ်နေတဲ့ အတောအတွင်း၊ ဒါမှမဟုတ် အချစ်ရေးမှာ တစ်ခုခုမှားယွင်းသွားတဲ့ အခါမျိုးမှာ ပြန်ပေါ်လာတတ်ပါတယ်။

READ
သင်ရွေးချယ်လိုက်တဲ့ပုံကပြောတဲ့ သင့် Relationship အကြောင်း

၃။ မျက်စိ သူငယ်အိမ်တွေ ကျယ်လာမယ်

Brightside

အချစ်ဇာတ်လမ်းတွေရဲ့ အစမှာ မျက်လုံးရဲ့ လှုပ်ရှားတဲ့ အခန်းကဏ္ဍကလည်း အလွန်အရေးပါပါတယ်။ မျက်ဝန်းတွေရဲ့ ပြောင်းလဲမှုတွေကိုကြည့်ပြီး ဘာဆက်လုပ်မရလဲဆိုတာနဲ့ ဘယ်လိုဆက်လှမ်းရမလဲဆိုတာကို အလိုလို သိကြတာမဟုတ်လား။

သူငယ်အိမ်တွေကို ကျယ်လာတာဟာ အလင်းရောင်တစ်ခုတည်း မဟုတ်ဘဲ ခံစားမှုအခြေအနေတွေအပေါ်မှာလည်း မှီတည်နေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ချစ်သူတွေဟာ တစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ တစ်ယောက် အဖြေရှာကြတာလို့ ယူဆရတာပဲ။ လူတွေဟာ ကိုယ်ချစ်မိနေတဲ့ သူကိုတွေ့ရင် မသိလိုက်ဘာသာ ဒီလိုဖြစ်သွားတတ်ကြပါတယ်။

 

၎။ အမျိုးသားတွေဆို အရိုးအဆစ်တွေပိုသန်မာလာတယ်။

Brightside

အမျိုးသားတွေအတွက်တော့ သတင်းကောင်းပါပဲ။ Los Angeles က University of California မှာ လေ့လာတွေ့ရှိခဲ့တာကတော့ အိမ်ထောင်သည် (သို့) ရေရှည်ခိုင်မာတဲ့ အချစ်ရေးရှိတဲ့ အမျိုးသားတွေ ( အထူးသဖြင့် အသက် (၂၅) နှစ်အထက်) ဟာ အရိုးအဆစ်တွေ ပိုပြီး ကျန်းမာကြံ့ခိုင်မှုရှိတယ်ဆိုတာပါပဲ။

ဒီနေရာမှာ အရေးအကြီးဆုံးတစ်ချက်လည်းရှိနေပါတယ်။ အမျိုးသမီးဘက်က အားပေးမှုနဲ့ ဂရုစိုက်မှုတွေပေးနေတဲ့ အချစ်ရေး (သို့) အိမ်ထောင်ရေးလောက် သာယာပျော်ရွှင်ဖွယ်ကောင်းတာမရှိပါဘူး။ ဒီ စမ်းသပ်စစ်ဆေးမှုမှာ တွေ့ရှိရတာကတော့ တကယ်လို့သာ အမျိုးသမီးအနေ ကြင်နာယုယမှုမရှိ၊ ချစ်ဖို့မကောင်းဘူးဆို အရိုးအဆစ်တွေရဲ့ ကြံခိုင်မှုတွေဟာလည်း မြင့်မားလာမှာ မဟုတ်ပါဘူးဆိုတာပါပဲ။

 

၅။ ရှက်သွေးတွေ ဖြာတယ်။

Brightside

ယောကျာင်္းလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ် စိတ်ကူးယဉ်ထားတဲ့ ချစ်သူနဲ့ တွေ့တဲ့အခါ တစ်ဖက်က ဖြတ်သွားရင်း ပြုံးပြသွားတာဟာ ဘာမှ ထူးဆန်းတာမဟုတ်ပေမယ့် ပါးတွေနားတွေ နီရဲသွားတာမျိုးကိုတော့ ဘယ်သူမှ ထိန်းချုပ်လို့မရပါဘူး။

ယနေ့ခေတ် စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရှက်သွေးဖြားခြင်ကြောင့် ပိုပြီးနှစ်သက်ဖွယ်ကောင်းစေပြီး တကယ်လည်း အသုံးဝင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ သီအိုတစ်ခုရဲ့ အဆိုအရ ဒါဟာ ရှက်ကြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝတုန့်ပြန့်မှုလို့ သိရတယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ တွေ့ရလေ့ရှိလဲဆိုတာ လူတွေကို လေ့လာတဲ့အခါ ကိုယ်ရေးကိုယ်တာ သီးသန့်ကိစ္စတွေနဲ့ ပတ်သက်ရင် ဖြစ်တတ်တယ်ဆိုတာကို အများဆုံးတွေရတယ်။ စိတ်ကသိကအောက် ဖြစ်စရာ ကိစ္စတိုင်းနဲ့တော့ ဆက်နွှယ်မနေပါဘူး။ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားလို့ ထိတ်လန့်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဇီဝကမ္မ တုန့်ပြန်မှုတစ်ခုသာဖြစ်တယ်။

READ
စိတ်ကောက်တတ်တဲ့ချစ်သူကိုဘယ်လိုချော့မလဲ

သို့သော် ဒါက တဖက်သားအပေါ်မှာ ဘယ်လို ဆွဲဆောင်မှုပြုနိုင်သလဲ၊ ရိုးရိုးလေးပဲ အကဲပိုလွန်နေတဲ့ အရေးစိုက်မှုတွေကို ရှောင်လွှဲလိုတဲ့အခါ၊ အတ္တမကြီးတတ်ဘဲ ရှက်ရွံတတ်သူဆိုတာကို ထင်မြင်စေချင်တဲ့ကိစ္စတွေမှာ တော်တော်လေးအဆင်ပြေစေပါတယ်။

ရုတ်တရက် ရဲခနဲ ရှက်သွေးဖြာသွားခြင်းမျိုးဟာ ရိုးသားခြင်းရဲ့ အသေအချာဆုံး လက္ခဏာတစ်ခုပါပဲ။

 

၆။ အသံတွေပြောင်းလာတယ်

Brightside

အချစ်စိတ်ပြင်းပြမှုတွေ ရပ်တန့်သွားတဲ့ တိုင်အောင် ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာအတွင်းက ပြောင်းလဲမှုတွေကတော့ ဆက်လက်ဖြစ်ပေါ်လျက်ရှိတယ်။ ဥပမာအားဖြင့် ကျွန်ုပ်တို့ အသံဟာ ပြောင်းလဲမြဲ ပြောင်းလဲနေတယ်။ အမျိုးသမီးတွေဟာ သူတို့ ချစ်တဲ့သူကို ပြောဆိုတဲ့အခါ ၄င်းတို့ရဲ့ အသံဟာ မရည်ရွယ်ဘဲ ပိုနူးညံ့ပြီး မြင့်နေတတ်တယ်ဆိုတာကို လေ့လာချက်တစ်ခုမှာ တွေ့ရပါတယ်။ တခြားတစ်ဖက်မှာကလည်း အမျိုးသမီးတွေဟာ ပိုပြီးဆွဲဆောင်မှုရှိဖို့ အသံကိုနိမ့်ပြီး တုန်တုန်ခါခါ ပြောတတ်ကြတယ်လို့ ဖော်ပြချက်တွေလည်းရှိတယ်။

မိန်းမဆန်ဆန်နဲ့ မြင့်မားတဲ့ အသံရှိတဲ့ အမျိုးသမီးတွေကိုဆို မထင်မှတ်ဘဲ အမျိုးသားတွေက ပိုနှစ်သက်ကြတာကိုတွေ့ရှိရတယ်။ ကျွန်ုပ်တိုရဲ့ ပင်ကိုအသိနဲ့ အသံကိုနာထောင်းပြီး အမျိုးသမီးတစ်ယောက်ဟာ ကြင်နာစိတ်ရှိ၊ မရှိ၊  ယုံကြည်စိတ်ချရမှု ရှိမရှိ၊ ရေရှည်လက်တွဲဖို့ အဆင့်သင့်ဖြစ်မဖြစ် ခန့်မှန်းပါတယ်။ အသံ တိုးတိုးလျလျက ရုပ်ပိုင်ဆိုင်ရာအားဖြင့်သာ အမျိုးသားတွေကို ဆွဲဆောင်နိုင်ပါတယ်။

 

၇။ ဟော်မုန်းဓာတ်တွေ ပြောင်းလဲလာမယ်။

Brightside

ပြင်းပြတဲ့ စိတ်ခံစားချက်တွေကြောင့် ဟော်မုန်းဓာတ်တွေဟာ ကျိန်းသေပေါက် ပြောင်းလဲသွားကြတယ်။ ဒီလို ဟော်မုန်းဓာတ်တွေ ထွက်လာတာကြောင့် အချစ်ခံစားမှုတွေ၊ အချစ်ဇောတွေနဲ့ လူတွေ ကြုံတွေ့နေရတာပါ။ ဒါတွေကို ကောင်းစွာ ထိန်းချုပ်ဖို့ကလည်း မလွယ်လှဘူး။ ဒါပေမယ့် ယောကျာင်္းတွေချစ်မိသွားတဲ့ လက္ခဏာဟာ မိန်းမတွေရဲ့ ခံစားချက်နဲ့တော့ ကွာခြားနေပါတယ်။

ပထမဆုံး ယောကျာင်္းတွေဟာ ၄င်းတို့ရဲ့ စိတ်ခံစားမှုနဲ့ လိင်မှုကိစ္စကို ယှဉ်တွဲကာ ပိုပြီး အချစ်တွေတိုးလားတယ်၊ သိမ်မွေ့နူးညံ့လာကြတယ်၊ အောက်စီတိုစင်ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့် ပိုပြီး အာရုံစိုက်လာကြတယ်။ ဒီအချိန်မှာ အမျိုးသမီးတွေကတော့ အမျိုးသားတွေဆီက ရရှိတဲ့ Testosterone  ဆိုတဲ့ ဟော်မုန်းဓာတ် တစ်မျိုးကြောင့် စွမ်းအားတွေ ပွင့်လင်းလာပြီး လိင်စိတ်တွေနိုးကြားနေတတ်ကြတယ်။ ဒီလိုနဲ့ ဟော်မုန်းတွေဟာ နဂိုအခြေအနေကို ပြန်ရောက်သွားတဲ့အခါ အမျိုးသမီးတွေဟာ ဂရုစိုက်မခံရတော့ဘူလို့ ခံစားလာရပြီး အမျိုးသားတွေကတော့ အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို လွမ်းဆွတ်သတိရနေတတ်ကြတယ်။

Source: Brightside

Matthew (Shwemom)

SHARE