အသည်းကွဲသူများ ရှောင်ရှားရမည့်အချက်(၇)ချက်

အချစ်မှာ နယ်နမိတ်ကန့်သတ်ချက်မရှိပါဘူး။ ဒီတော့ ချစ်သူက မိုင်ပေါင်းဘယ်လောက်များစွာ ဝေးကွာနေ
ပါစေ အချစ်စွမ်းအားနဲ့ အရောက်သွားနိုင်ကြပါတယ်။ အချစ်မှာ လူမျိုးစွဲ၊ ၀ါဒစွဲ၊ ပုဂ္ဂိုလ်ဆွဲ၊ အသားအရောင်
စွဲဆိုတာ မရှိစကောင်းသော အရာတွေဖြစ်ပါတယ်။ သာမာန်စည်းစိမ်ဥစ္စာလောက်မပြောနဲ့ အချစ်ကို ရဖို့
မင်းစည်းစိမ်ကို စွန့်လွှတ်ခဲ့ကြသူတွေလည်း ရာဇ၀င်မှာ စာတင်ခဲ့ကြရပါတယ်။ ဒါပေမယ့် အကြောင်းမတိုက်
ဆိုင်လို့ တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းပြီဟေ့ ဆိုပြန်ရင်လည်း ဓာတ်တိုင်တစ်တိုင်စာ အဝေးသည်
ပင်လျှင် ကမ္ဘာတစ်ခုခြားသွားသလို၊ ကျောချင်းကပ်အနေအထားသည်ပင်လျှင် ဘ၀တစ်ခုလုံး ဝေးသွားသ
လို ခံစားရမှာပါ။ သည်တော့ ချစ်သူနဲ့လွဲရလို့ အသည်းကွဲနေရသူတွေအတွက် ရှောင်ရမယ့်အချက်ကလေး
တွေကို ဖော်ပြလိုက်ပါတယ်။

1. လက်စားချေဖို့ မကြိုးစားပါနဲ့။

လက်စားချေတယ်ဆိုတာ စိတ်ဓာတ်သေးသိမ်သူတွေရဲ့ အလုပ်ပါ။ ဒီတော့ သင့်စိတ်ဓာတ်ရဲ့ တန်ဖိုးကို
ဘာမှမဟုတ်တာလေးနဲ့ အကျမခံလိုက်ပါနဲ့။ ဒီအတိုင်း သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်
ကျောခိုင်းလိုက်ပါ။

2. နာကျင်မှုကို အလိုမလိုက်ပါနဲ့။

အသည်းကွဲပြီဆိုတဲ့အသိနဲ့ ယောက်ျားလေးတွေက အရက်သောက်မယ်၊ မိန်းကလေးတွေက ချောင်
တစ်ခုမှာ တိတ်တိတ်ကလေးနေမယ်ဆိုတဲ့ အတွေးမျိုးဟာ သိပ်ကိုမှားယွင်းနေတဲ့ အတွေးဖြစ်ပါတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကိုထက် ဘယ်သူ့ကိုမှ ပိုပြီးချစ်လို့မရပါဘူး။ ဒါကို ခွဲခွဲခြားခြားသိထားရင် သင့်ကို
ထားသွားသူကို သင် ပြုံးပြုံးလေးလက်ပြလိုက်ပါ။

READ
Facebook ပေါ်မှာ သိပ်ချစ်ပြနေတဲ့ စုံတွဲတွေဟာ တကယ်တမ်းအပြန်အလှန်မုန်းနေနိုင်ဟုဆို

3. သူငယ်ချင်းလိုဆက်ပြီးနေမယ်လို့ပြောရင် လုံးဝလက်မခံပါနဲ့။

ဒါက သင့်ရဲ့ စိတ်ဓာတ်မပြတ်သားမှုကို အမိအရ ချုပ်ကိုင်ဖို့ ဟိုဘက်က ကြိုစားတာဖြစ်ပါတယ်။ သင် ဒီ
အဆင့်ကို တောင့်မခံနိုင်ဘူးဆိုရင် နောက်ပိုင်း သူ ခိုင်းတဲ့ ကစားကွက်အတိုင်း သင်ကစားရတော့မယ်
မှတ်ပါ။ ဒီတော့ ကျောခိုင်းပြီဆိုမှဖြင့် သူ့ ခန္ဓာကိုယ်က တစ်ရက်ကို ရွှေဥတစ်ဥ ဥပေးတယ်ဆိုရင်တောင်
စိတ်ဓာတ်ပျက်သားပါ။

4. သူ့အကြောင်းကို မကောင်းပြောတာမျိုးမလုပ်ပါနဲ့။

အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ ကောင်မလေးတစ်ယောက်နဲ့ ပျက်သွားပြီဆိုရင် အဲဒီကောင်မလေး
ရဲ့ အပျိုဘ၀ကို ငါက ယူခဲ့ပြီးပြီ-ဆိုပြီး မစားရ၀ခမန်း ပြောတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဟာ တော်တော်
အောက်တန်းကျတဲ့ ကိစ္စဖြစ်ပြီး ဘာမှ ဂုဏ်ယူလေးစားစရာမဟုတ်တဲ့ ကိစ္စပါ။ မိန်းကလေးတွေကလည်း
ရည်းစားနဲ့ပျက်ပြီးဆိုရင် အဲဒီအကောင်ကလေ ငါ့တုန်းက ဘာညာ-ဆိုပြီး လျှောက်မဖွပါနဲ့။ လူတစ်ယောက်
ဖြစ်နေတဲ့အတွက် လူတွေစောင့်ရမယ့်သိက္ခာကို စောင့်ပါ။

5. အထီးကျန်တယ်လို့ မခံစားပါနဲ့။

စောစောကပြောသလို အသည်းကွဲပြီဆိုရင် အရက်သောက်တာ၊ ချောင်ပိတ်ပြီး အိပ်တာမျိုးတွေထက် ကိုယ့်
စိတ်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ ရယ်စရာဗွီဒီယို ကြည့်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။

READ
အဆိုးရွားဆုံး ရည်းစားစကားပြောနည်း (၅)မျိုး

6. ချစ်သူအဟောင်းရဲ့ သူငယ်ချင်းကို မချဉ်းကပ်ပါနဲ့။

တစ်ချို့က ရွဲ့တဲ့အနေနဲ့ သူနဲ့လွဲတော့ သူ့သူငယ်ချင်းကို မရမက လိုက်ပြီး ကပ်ကြတယ်။ အဆင်ပြေတဲ့သူတွေ
လည်း ရှိသလို အဆင်မပြေတဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် ပြောစရာရှိတာက အဲဒီ ချစ်သူအဟောင်းရဲ့
သူငယ်ချင်းမှာသာ အသိဉာဏ်ရှိရင် အဲဒီလို လူကိုလည်း လက်ခံမှာမဟုတ်ပါဘူး။ အဲဒီလူရဲ့ စာရိတ္တက ဘယ်
လိုဟာလဲဆိုတာ သိသာစေလို့ပါ။

7. မိမိထက် ဘယ့်သူ့မှပိုချစ်တဲ့စိတ်မမွေးပါနဲ့။

မိမိကိုယ်ကိုယ် ချစ်စိတ် ၀င်လေ သူများအပေါ်မှာ ချစ်ရတာ နည်းလာလေ ဖြစ်လာပါလိ့မ်မယ်။ အသည်းကွဲ
တယ်ဆိုတာဟာ ချစ်သူရှိတဲ့သူတွေမှာ ကြုံရနိုင်တာမျိုးမို့ သင့်ကိုယ်သင် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုး
စားပါ။ သူ့ကို ဘယ်တော့မှ မကြိုးစားပါနဲ့တော့။ သင်နဲ့ သင့်တော်တဲ့ တစ်ယောက်ကို လွတ်လွတ်ကင်းကင်း
ရှာပါ။ ရတဲ့ဘ၀ ရှိတဲ့ခံစားမှုကိုပဲ အလေးထားပါ။

နတ်စည်တော် (Myanmar Online Media)

Myanmar Online Media

SHARE