နယ်လ်ဆင်မင်ဒဲလားအကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက်(၇)ချက်

Nelson_Mandela_org

နယ်လ်ဆင်မင်ဒဲလား (Nelson Mandela)လို့ ဆိုလိုက်တာနဲ့ တောင်အာဖရိကနိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ကို မြင်မိကြမှာပါ။ မင်ဒဲလားဟာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတမဖြစ်ခင်တုန်းကတော့ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ နေနေခဲ့ရသူတစ်ယောက်ဖြစ်ပြီး တောင်အာဖရိကနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်ခဲ့သူတစ်ယောက်ပါ။  သူဟာ လူဖြူ၊ လူမည်းခွဲခြားမှုအားလုံးကို တိုက်ဖျက်ခဲ့သူအဖြစ်လည်း နာမည်ကျော်ကြားပါတယ်။ သူ့ရဲ့ နိုင်ငံရေးအယူအဆတွေကလည်း ပြောင်မြောက်လွန်းလှတာကြောင့် ကမ္ဘာက သိတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို ခေါင်းဆောင်ကြီးတစ်ယောက်ဆီမှာ သင်မသိလောက်သေးတဲ့ အချက်တွေ ရှိနေနိုင်ပါတယ်။

၁။ နယ်လ်ဆန် မင်ဒဲလား ဆိုတဲ့နာမည် ဖြစ်လာခဲ့ပုံ

အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးက နယ်လ်ဆန်မင်ဒဲလားလို့သာ သိကြပေမယ့် သူ့ရဲ့ ငယ်နာမည်ကတော့  Rolihlahla ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဇာတိမျိုးနွယ်စုဖြစ်တဲ့ Xhosa လူတွေရဲ့ ဘာသာစကားအရတော့ အဲဒီနာမည်က သစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက်လို့ အမည်ရပြီး ပြဿနာကောင်လို့လည်း အဓိပ္ပာယ်တစ်မျိုးထွက်ပါတယ်။ နယ်လ်ဆန် ဆိုတဲ့ နာမည်ကတော့ သူ မူလတန်းကျောင်း ပထမနေ့မှာ သူတို့အတန်းက ဆရာမ က ပေးလိုက်တဲ့ နာမည်ပဲဖြစ်ပါတယ်။ ၁၉၂၀ ခုနှစ်တစ်ဝိုက်မှာတော့ အာဖရိကန်မှာ ရှိနေတဲ့ ကျောင်းသားတွေက အင်္ဂလိပ်လို နာမည်ပေးလေ့ ပေးထရှိတဲ့အတွက် အခုလို နာမည်မှာ နယ်လ်ဆင်ဆိုပြီး ခေါ်တွင်သွားတာပဲဖြစ်ပါတယ်။ အဲဒီအချိန်က စပြီး သူ့ရဲ့ နာမည်အရင်း  Rolihlahla ဆိုတဲ့ နာမည်ပျောက်ကွယ်သွားပြီး နယ်လ်ဆန် မင်ဒဲလားဆိုပြီး ဖြစ်လာခဲ့ပါတော့တယ်။

၂။ ရုပ်ရှင်ကားတစ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်

READ
အမြင့်ကြောက်သူတွေအတွက် မရည်ရွယ်တဲ့ ကမ္ဘာ့အမြင့်ဆုံး နဂါးတစ်ရာ ဓာတ်လှေကား

တောင်အာဖရိကနိုင်ငံရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကားမှာ cameo အဖြစ်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတော့ ဒါရိုက်တာ Spike Lee ရဲ့ Malcolm X ဆိုတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ကျောင်းသားလေးတွေကို မိန့်ခွန်းပြောရတဲ့ အခန်းမှာ ဖြစ်ပါတယ်။

၃။ သစ်တောက်ငှက်မျိုးစိတ်တစ်ခုကို ဂုဏ်ပြုနာမည်အပေးခံရဖူး

နယ်လ်ဆန်မင်ဒဲလားဟာ ၂၀ ရာစုရဲ့ ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို ဂုဏ်ပြုပြီး လမ်းနာမည်တွေ ၊ ပန်းခြံနာမည်တွေပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလို ဂုဏ်ပြုနာမည်ပေးတဲ့ အထဲမှာ ထူးခြားလွန်းတဲ့ ဂုဏ်ပြုမှုတစ်ခုရှိပါတယ်။ အဲဒါကတော့ သမိုင်းမတင်မီခေတ်က ရှာဖွေတွေ့ရှိခဲ့တဲ့ သစ်တောက်ငှက်မျိုးစိတ်တစ်ခုကို “Australopicus nelsonmandelai” ဆိုပြီး သူ့နာမည်ပေးပြီး ဂုဏ်ပြုနာမည်တပ်ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် ထူးဆန်းလှတဲ့ ဂုဏ်ပြုမှုတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ၁၉၇၃ ခုနှစ်မှာ Leeds တက္ကသိုလ်က သိပ္ပံအဖွဲ့အစည်းတစ်ခုကနေပြီး နျုကလီးယားပါတီကယ် တစ်ခုကို ‘Mandela particle’ဆိုပြီး နာမည်ပေးခဲ့ပါတယ်။

၎။ တခြားသမ္မတရဲ့ ဇနီးဖြစ်သူကို လက်ထပ်နိုင်ခဲ့သူ

နိုင်ငံတစ်ခုရဲ့ ထိပ်တန်းရာထူးရှိတဲ့လူတစ်ယောက်ရဲ့ ဇနီးမယားဖြစ်သူကို First Lady  လို့ ခေါ်ဝေါ်ကြပြီး နယ်လ်ဆင်မင်ဒဲလားကလည်း အဲဒီ First Lady တစ်ယောက်ကို ရအောင် လက်ထပ်နိုင်ခဲ့သူပါ။ မင်ဒဲလားလက်ထပ်ခဲ့သူကတော့ Graca Machel ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ မင်ဒဲလားနဲ့ အကြောင်းမပါခင်အချိန်တုန်းက မိုဇမ်ဘီသမ္မတဖြစ်သူ Samora Machel ဆိုသူနဲ့ လက်ထပ်ခဲ့သူပါ။ သူ သေဆုံးသွားချိန်မှာတော့ နယ်လ်ဆင်မင်ဒဲလားနဲ့ ဘဝသစ်ကို ပြန်လည်ထူထောင်ခဲ့ပါတယ်။  Samora Machel ဆိုတဲ့ အမျိုးသမီးကြီးကတော့ တကယ့်ကို အမိုက်စားပါပဲ။ သူ လက်ထပ်ခဲ့တဲ့ လူတွေက တိုင်းပြည်နှစ်ခုက အရေးပါတဲ့ လူတွေသာဖြစ်ပြီး နှစ်ယောက်စလုံးကလည်း သမ္မတတွေသာဖြစ်ကြပါတယ်။

၅။ လက်ဝှေ့ထိုးရာမှာ ဆရာကျလွန်းသူ

နယ်လ်ဆင်မင်ဒဲလားဟာ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလှည့်ကွက်တွေကြားမှာ ပြောင်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အဖြစ်လူသိများကြပါတယ်။ ဒါပေမယ့် သူ့မှာ အရေးပါတဲ့ နိုင်ငံရေးအပြင် တခြားအရေးပါတဲ့ ကျွမ်းကျင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့လက်ဝှေ့ထိုးရာမှာ မင်ဒဲလားက အင်မတန်ကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်နေတာပါပဲ။” ဘောက်ဆင်ကစားရာမှာ အကြမ်းဖက်တဲ့ ကစားနည်းကို ကျွန်တော်လုံးဝ မကြိုက်ဘူး။  ကျွန်တ်ာက ဘောက်ဆင်ရဲ့ သိပ္ပံဆန်တဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဘယ်လိုရှောင်ရမယ်။ တစ်ဖက်လူကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာနဲ့  ဘယ်လိုပြန်ကာကွယ်ရမလဲဆိုတာတွေက စိတ်ဝင်စားစရာကောင်းလှပါတယ်လို့ သူ့ရဲ့ အထုပ္ပတ္တိစာအုပ်ထဲမှာ ဘောက်ဆင်နဲ့ ပတ်သတ်ပြီး ရေးသားထားခဲ့ပါတယ်။

 

၆။ အကြမ်းဖက်သမားအဖြစ် အမေရိကန်နိုင်ငံရဲ့ စောင့်ကြည့်ခြင်းခံခဲ့ရဖူးသူ

READ
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော သီအိုရီ (၅) ခု

အခုအချိန်မှာတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုတွေ ရထားပြီး ကမ္ဘာ့ကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပေမယ့် နယ်လ်ဆန်မင်ဒဲလားက တစ်ချိန်ကတော့ ဒီလိုအခြေအနေမဟုတ်ခဲ့ပါဘူး။ အမေရိကန်နိုင်ငံက သူ့ကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး စောင့်ကြည့်ရေးအစီအစဉ်တွေချထားရာမှာ သူပါဝင်ခဲ့ပါသေးတယ်။ ဒီလို အမေရိကန်နိုင်ငံရဲ့ သံသယရှိဖွယ်အကြမ်းဖက်စာရင်းထကနေ သူ အသက် ၈၉ နှစ်ရောက်မှသာ လွတ်မြောက်လာခဲ့ပါတယ်။ ဒီလို အမေရိကန်ရဲ့ သံသယရှိဖွယ် အကြမ်းဖက်သမားစာရင်းထဲမှာ ပါဝင်ခဲ့တာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူနဲ့ သူဦးဆောင်တဲ့ African National Congress အဖွဲ့သားတချို့လည်း ပါဝင်ခဲ့ပါသေးတယ်။

Amazon.com

၇။ သူ အကြိုက်ဆုံးကဗျာ

နယ်လ်ဆန်မင်ဒဲလားရဲ့ အကြိုက်ဆုံးကဗျာကတော့ William Ernest Henley ဆိုတဲ့ ကဗျာဆရာတစ်ယောက်ရေးထားတဲ့ “Invictus” ဆိုတဲ့ ကဗျာပဲဖြစ်ပါတယ်။ အဲဒီကဗျာကို သူ ထောင်ကျနေစဉ်အတွင်းမှာ ဘဝတူ အကျဉ်းသားတွေကို သူ ကိုယ်တိုင်မကြာခဏ ရွတ်ဖတ်ပြလေ့ရှိခဲ့တယ်ပါတယ်။ အဲဒီကဗျာကတော့ မြန်မာနိုင်ငံမှာ သတင်းစာဆရာကြီး ဦးညိုမြက “အနိုင်မခံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာပြန်ထားပြီး လူတော်တော်များများလည်း သိကြတဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်ပါတယ်။

Ye Yint Kyaw

SHARE