ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်၊ နေထိုင်တဲ့အခါမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမူ (၇) ခု

japancraft

နိုင်ငံတိုင်းလိုလိုမှာ မဖြစ်မနေ ပြုမူပေးရမယ့် အလေ့အကျင့်တွေရှိသလို ရှောင်ရှားရမယ့် ဓလေ့ထုံးတမ်းတွေလည်း ရှိနေပြန်ပါတယ်။ ကိုယ်က နိုင်ငံတစ်နိုင်ငံကို ခရီးထွက်လိုက်တဲ့အခါ အဲဒီနိုင်ငံရဲ့မလုပ်သင့်တဲ့ အပြုအမူတွေကိုလေးစားသမှုနဲ့ ရှောင်ရှားရမှာ ထုံးစံဖြစ်တာကြောင့် မသွားခင်မှာအရင်ဆုံးလေ့လာထားဖို့လိုအပ်ပါတယ်။

အထူးသဖြင့်စည်းကမ်းတင်းကြပ်ပြီး စနစ်ကျလွန်းတဲ့ ဂျပန်နိုင်ငံကို သွားလည်မယ်ဆိုရင်တော့ အဓိကအားဖြင့် မလုပ်သင့်တဲ့ရှောင်ရှားရမယ့်အပြုအမူ (၇) ချက်ရှိပါတယ်။

(၁) အမှိုက်ပုံးကို သေချာမကြည့်ဘဲ အမှိုက်ထည့်ပစ်ခြင်း
wiki

ကမ္ဘာ့သန့်အရှင်းဆုံး နိုင်ငံများထဲ ထိပ်တန်းနိုင်ငံအဖြစ် ပါဝင်နေတဲ့ ဂျပန်နိုင်ငံဟာ နိုင်ငံသူနိုင်ငံသားတွေကအစ အမှိုက်ကိုစည်းစနစ်ကျအောင် ပစ်လေ့ရှိပါတယ်။ အမှိုက်အမျိုးအစားအတိုင်း အမှိုက်ပုံးတွေကို ခွဲထားပါတယ်။ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေဆိုတစ်ခု၊ စားကြွင်းစားကျန်တွေဆို တစ်ခု၊ မီးလောင်စေမယ့်ပစ္စည်းတွေဆို တစ်ခု စသည်ဖြင့် အမျိုးအစားပေါင်းများစွာခွဲထားလေ့ရှိတာကြောင့် ကိုယ်ပစ်မယ့်အမှိုက်ဟာ ဘယ်အမျိုးအစားထဲ ပါဝင်နေတာလဲ ဆိုတာကိုတော့ သေချာကြည့်ပြီး ပစ်ဖို့လိုအပ်ပါတယ်။

(၂) အများပြည်သူသွားလာတဲ့အနေရာတွေမှာ အသံဖြင့်စိတ်အနှောက်အယှက်ဖြစ်အောင်ပြုလုပ်ခြင်း
qoura

မြေအောက်ရထားတွေ၊ ဘတ်စ်ကားပေါ်တွေမှာနဲ့ ဓာတ်လှေကားတွေထဲမှာ ဆိုရင်တော့ အားလုံးတိတ်တဆိတ် နေတတ်ကြတဲ့ အလေ့အကျင့် ရှိတာမို့လို့ စကားပြောတဲ့အခါ လေသံလျှော့ပြောပြီး ဖုန်းသုံးတဲ့အခါ နားကြပ်တပ်သုံးခြင်း သို့မဟုတ် အသံပိတ်၊ လျှော့သုံးခြင်းတို့ ပြုလုပ်သင့်ပါတယ်။

READ
ဆလိုဗေးနီးယားနိုင်ငံက ထူးဆန်းတဲ့မြေအောက် ချောက်လိုဏ်ဂူကြီးအကြောင်း
(၃) စက်လှေကားအလယ်တည့်တည့်မှာ ရပ်နေခြင်း
allabout-japan

ဒါကတော့ ဘယ်နိုင်ငံသွားသွား မဖြစ်မနေကို ပြုလုပ်သင့်တဲ့ အပြုအမူတစ်ခုလို့ ထင်ပါတယ်။ စက်လှေကားကို အေးအေးဆေးဆေး လိုက်ပါစီးနင်းသူတွေဟာ ဘယ်ဘက်မှာ ကပ်ပြီး ရပ်သင့်ပါတယ်။ ဒါမှသာ အလျင်လိုနေတဲ့ လူတစ်ယောက်က လွတ်နေတဲ့ ညာဘက်လမ်းကြောင်းကနေ အမြန်သွားနိုင်မှာ မို့လို့ပါ။

(၄) ဘယ်ဆိုင်ထဲကိုမှ ပြင်ပအစားသောက်တွေ ယူလေ့မရှိကြခြင်း
matcha-jp

ပြင်ပက အစားသောက်တွေ ယူလာခဲ့လို့ အဲဒီအစားအသောက်တွေကြောင့် အစာအဆိပ်သင့်တာ ဖြစ်သွားတဲ့အခါ အပြစ်မရှိတဲ့ကြားထဲက စားသောက်ဆိုင်က ယာယီပိတ်လိုက် ရတာကြောင့် အခုလိုမျိုး စားသောက်ဆိုင်ရဲ့အစားအစာတွေ အပြင် ပြင်ပက အစားသောက်တွေကို ဆိုင်ထဲယူပြီး မစားစေတာပဲ ဖြစ်ပါတယ်။

(၅) ကီမိုနိုကို မှန်မှန်ကန်ကန်နဲ့ သပ်သပ်ရပ်ရပ်မဝတ်ခြင်း
japancraft

နိုင်ငံတိုင်းမှာတော့ သူတို့အမြတ်တနိုး အလေးထားရတဲ့ ရိုးရာဝတ်စုံဆိုတာ ရှိစမြဲပါပဲ။ ဂျပန်ရဲ့ ကီမိုနိုမှာတော့ ဘယ်လိုဝတ်ရင် ဘာကိုရည်ညွှန်းတယ်ဆိုပြီး ကီမိုနိုဝတ်ပုံဝတ်နည်းအလိုက် ဝတ်ဆင်သူရဲ့အခြေအနေအဓိပ္ပာယ်ပြောင်းသွားတတ်တာကြောင့် ဝတ်ဆင်နည်း မှန်မှန်ကန်ကန်နဲ့ ဝတ်တတ်ဖို့လိုအပ်ပါတယ်။ ရင်ဘတ်နားအယှက်ဟာ ဘယ်ဘက်က အပေါ်မှာရှိနေမယ်ဆိုရင်တော့ မှန်ကန်တဲ့ဝန်ဆင်ပုံဖြစ်ပေမယ့် အယှက်ရဲ့ညာဖက်ကအပေါ်ဖက်မှာရောက်နေမယ်ဆိုရင်တော့ အသုဘတွေမှဝတ်လေ့ရှိတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။

READ
တစ်နှစ်ပတ်လုံး စိတ်ကြိုက်တည်းခိုလို့ရမယ့် ဆွီဒင်နိုင်ငံက ထူးဆန်းတဲ့ ရေခဲဟိုတယ်
(၆) ထမင်းထည့်ထားတဲ့ပန်းကန်လုံးထဲ တူကိုဒေါင်လိုက်စိုက်ထားခြင်း
Natasha

တရုတ်နိုင်ငံရဲ့အလေ့အထမှာလည်း ထိုနည်းတူစွာပါပဲ။ တူကို ပန်းကန်လုံး အလယ်မှာ စိုက်ထားပါက အသုဘအခမ်းအနားတွေမှာ သေပြီးသူကို ပူဇော်ပသစဉ်မှာပဲ လုပ်လေ့လုပ်ထ ရှိတာကြောင့် ဒီလိုအပြုအမူမျိုးကို ထမင်းစားသောက်စဉ် ရှောင်ရှားသင့်ပါတယ်။

(၇) အစားသောက်ကို တူတစ်ခုမှ တစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်း
matcha-jp

ဒါဟာလည်း ဂျပန်နိုင်ငံရဲ့ အသုဘမှာ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာ တစ်ခုပါ။ အရိုးပြာချတုန်း ကျန်နေတဲ့ အရိုးအပိုင်းအစတွေကို ပြာချတဲ့ စက်ထဲကနေ မိသားစုဝင်တွေကို ပေးတဲ့အခါ တူနဲ့ညှပ်ပြီး နောက်ထပ်တူနဲ့တိုက်ရိုက်အပေးအယူလုပ်တာကြောင့် အစာစားစဉ် အခုလို မလုပ်သင့်တာပဲ ဖြစ်ပါတယ်။

Source: Elite Readers

Penny

SHARE