Avengers: Endgame မကြည့်ခင် အကြမ်းဖျဉ်းသိထားသင့်တဲ့ အချက် (၇) ချက်

Marvel

Avengers: Endgame ကိုကြည့်ဖို့အတွက် အားလုံးအဆင်သင့်ဖြစ်နေကြပြီလို့ထင်ပါတယ်။ နိုင်ငံတကာကရုံတွေမှာလည်း လက်မှတ်တွေကို နာရီပိုင်းအတွင်း show တစ်ခုပြီးတစ်ခု ရောင်းကုန်သွားလောက်တဲ့အထိကို အားပေးကြမ်းနေခဲ့တာပါ။ အရင် Avengers ဇာတ်ကားတွေ လူကြိုက်များတယ်ဆိုတာ Endgame ကို အားပေးတဲ့တစ်ဝက်လောက်တောင်ရှိမယ်မထင်ပါဘူးနော်။ အရင်တုန်းက Marvel fan တွေမဟုတ်တောင်မှပဲ Endgame ရဲ့ ဆွဲဆောင်မှုကြောင့် superhero လောကနဲ့ သိပ်မနီးစပ်ခဲ့တဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေပါ ရုံတင်မယ့်နေ့ကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြရပါတယ်။

Avengers: Endgame ဟာ Marvel ရဲ့ အချိုးအကွေ့တွေထဲက တတိယမြောက်အကွေ့တစ်ခုပါ။ Phase 3 ကိုတော့ Avengers: Endgame ပြီး ထွက်လာမယ့် Spider-Man ရဲ့ Far From Home နဲ့ အဆုံးသတ်မှာပဲဖြစ်ပါတယ်။ ဆိုလိုချင်တာ Avengers တွေဟာ phase 3 ပြီးသွားရင်တော့ ပရိတ်သတ်တွေဆီကို ပေါ်မလာသေးဘဲ superhero တွေရဲ့ တစ်ယောက်ချင်းဆီရုပ်ရှင်တွေ ထွက်ရင်း ခေတ္တနားနေဦးမှာပါ။ ကဲဒီတော့ Avengers: Endgame ကို မကြည့်ခင် သိထားသင့်တဲ့ အကြမ်းဖျင်းအကြောင်းအရာလေးတွေကို ပြန်နွှေးကြရအောင်ပါနော်။

(၁) ပထမဆုံးအနေနဲ့ပြောချင်တာက Avengers: Infinity War အကြောင်းပါ။ Infinity War မှာ အားလုံးသိပြီးကြတဲ့အတိုင်း Thanos ဟာ Infinity Stone ၆ ခုလုံးကို ဟန့်တားနေတဲ့ကြားထဲကမှ သတ်စရာရှိတဲ့လူကိုသတ်၊ စတေးစရာရှိတဲ့လူကိုစတေးပြီး အောင်မြင်စွာရရှိသွားခဲ့ပါပြီ။ Stone တွေကို Infinity Gauntlet ထဲ ထည့်ပြီးတော့ လက်ဖျောက်တစ်ချက်လေးတီးလိုက်ရုံနဲ့ superheros တွေအပြင် တခြားသူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေပါ စက္ကန့်ပိုင်းအတွင်း မြူမှုန်လေးလိုလွင့်စင်ကာ ကမ္ဘာကြီးရဲ့လူဦးရေတစ်ဝက်တိတိကို ပျောက်ကွယ်သွားစေခဲ့ပါတယ်။ Avengers: Endgame ကတော့ အဲဒီအဖြစ်အပျက်ပြီးလို့ နောက် ၅ နှစ်အကြာအချိန်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။

Twitter

(၂) Thanos ရဲ့လက်ဖျောက်တစ်ချက်မှာ ဘယ်ဇာတ်ကောင်တွေပါသွားခဲ့တာလဲ။ 

Wakanda ရဲ့ ဘုရင် T’Challa ခေါ် Black Pather, Peter Parker ခေါ် Spiderr-Man, Doctor Stephan Strange, Groot, Peter Quill ခေါ် Star-Loard, Drax The Destroyer, Mantis, Hope Van Dyne ခေါ် The Wasp, Bucky Barnes ခေါ် Winter Soldier, Wanda Maximoff တဖြစ်လည်း Scarlet Witch တို့အပြင် S.H.I.E.L.D agent တွေဖြစ်တဲ့ Nick Fury, Maria Hill နဲ့ တခြားသောဇာတ်ကောင်တွေဖြစ်ကြတဲ့ T’Challa ရဲ့ ညီမ Suri တို့ ပထမဆုံး Ant-Man ဖြစ်ခဲ့တဲ့ Hank Pym နဲ့ Wasp လုပ်ဖူးခဲ့တဲ့ Janet Van Dyne တို့လည်း ပါသွားပါသေးတယ်။ Infinity Stones တွေရဲ့ပရောဂမပါဘဲ Thanos လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားသူတွေကတော့ Loki, Gamora နဲ့ Vision တို့ပဲဖြစ်ပါတယ်။

READ
"ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ"ရုပ်ရှင်ကားကြီးမှာ အတူတွဲတွေ့ရမယ့်ခြူးလေးနဲ့သက်မွန်မြင့်
Sideshow Collectibles

(၃) ကျန်ခဲ့တဲ့လူဦးရေတစ်ဝက်ထဲ အသက်ရှင်ကျန်ခဲ့ကြသူများ

Captain America, Iron Man, Black Widow, Thor, Hawkeye, Hulk စတဲ့ မူရင်း Avengers အဖွဲ့ဝင်တွေအပြင် War Machine, GOTG ထဲက Rocket Raccoon, Nebula, Wakanda ရဲ့ General Okoye နဲ့ အရေးအကြီးဆုံးအဖြစ် Ant-Man ဟာလည်း Quantum Realm မှာ ပိတ်မိနေခဲ့ရင်း ကျန်နေခဲ့ပါတယ်။ ဒီအပြင် Endgame မှာ အဓိကနေရာကပါလာမယ့် Carol Danvers ခေါ် Captain Marvel ဟာလည်း ကျန်ရှိနေခဲ့ပြီး Nick Fury အမှုန့်ဘဝမရောက်ခင်မှာ ခေါ်လိုက်နိုင်ခဲ့ပါတယ်။ Tony Stark ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Happy Hogan တို့၊ ဘဏ္ဍာရေးမှူးနဲ့ လက်တွဲဖော်ဖြစ်ခဲ့တဲ့ Pepper Potts တို့အပြင် Spider-Man ရဲ့ Aunt May, Doctor Strange ရဲ့ လက်ထောက် Wong တို့ကိုလည်း Endgame poster မှာ မြင်ခဲ့ရပါတယ်။

Marvel

(၄) Ant-Man တစ်ယောက် ဘာလို့ Thanos နဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ခဲ့တဲ့ စစ်ပွဲထဲ မပါနေရတာလဲ။

ဒီအကြောင်းကိုတော့ Ant-Man and the Wasp ဇာတ်ကားကို ကြည့်ပြီးသူတိုင်း သိကြမယ်လို့ထင်ပါတယ်။ Credit scene မှာပါတဲ့အတိုင်း Ant-Man တစ်ယောက် Quantum Realm ထဲမှာ ပိတ်မိနေချိန်ကွက်တိကိုမှ Thanos က လက်ဖျောက်တီးခဲ့တာပါ။ အဲဒီအထဲပိတ်မိနေလို့လွတ်သွားတာဖြစ်နိုင်သလို၊ ကျန်ခဲ့တဲ့လူဦးရေတစ်ဝက်ထဲမှာ ပါသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Marvel

(၅) Infinity War မှာ မဆင်နွှဲခဲ့တဲ့ Hawkeye အကြောင်း

Clint ကို နောက်ဆုံးမြင်ခဲ့တာကတော့ Captain America: Civil War ဇာတ်လမ်းထဲမှာပါ။ ရုပ်ရှင်ထဲမှာပါတဲ့အတိုင်း Clint ဟာ Hawkeye အဖြစ်ကနေ အနားယူသွားပြီး မိသားစုနဲ့အတူတူပဲရှိနေတော့မယ်လို့ ပြောသွားခဲ့ပါတယ်။ Thanos ရဲ့ လက်ဖျောက်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သက်ရောက်သွားတာဆိုတော့ ကြည့်ရတာ Clint တစ်ယောက်လည်း သူ့ရဲ့ဇနီးနဲ့ ကလေးရောပါ ဆုံးရှုံးလိုက်ရပုံပါပဲ။ ဒါကြောင့်လည်း Avengers တွေအင်အားနည်းနေချိန်၊ တစ်ကမ္ဘာလုံးကပ်ဆိုက်နေတဲ့အချိန် မျက်လုံးမှိန်မနေနိုင်တာကြောင့် Endgame မှာ ထပ်ပါခဲ့ရတာလို့ ထင်မိပါတယ်။

READ
ဖြစ်ရပ်မှန်သရဲဇာတ်လမ်းများကို ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင် (၅)ကား
Marvel

(၆) အရှေ့ကဇာတ်ကားတွေမှာ ဘာလို့ Captain Marvel ကို မတွေ့ရတာလဲ။

ဒါကတော့ Captain Marvel ရုပ်ရှင်ထဲမှာ ပါတဲ့အတိုင်း Carol ဟာ ဟိုးစကြာဝဠာကြီးရဲ့ နက်ရှိုင်းတဲ့နေရာကို ရောက်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ S.H.I.E.L.D အဖွဲ့ဟာလည်း ပြိုကွဲသွားပြီဖြစ်တဲ့အတွက် Infinity War ရဲ့ Wakanda မှာ ဖြစ်နေတဲ့ စစ်ပွဲအကြောင်း Nick Fury လည်း သိပုံမပေါ်ပါဘူး။ ကံကောင်းချင်တော့ လူတွေတော်တော်များများ မြူမှုန့်ဖြစ်သွားတာကို မြင်လိုက်ရတဲ့အတွက် Nick Fury ကျေးဇူးကြောင့်နဲ့ Captain Marvel ဆီကို အရေးပေါ်ခေါ်စာရောက်သွားခဲ့တာပါ။ Captain Marvel ဟာ Marvel ရဲ့ superhero တွေထဲ စွမ်းအားအမြင့်ဆုံးလို့ ပြောထားတဲ့အတွက်ကြောင့် တော်ရုံထိလို့မရတဲ့ Thanos နဲ့ Endgame မှာ ဘယ်လိုတွေထိပ်တိုက်တွေ့ကြမလဲဆိုတာ အရမ်းကိုရင်ခုန်နေရပါပြီ။

Marvel

(၇) Bruce Banner ကို အစိမ်းရောင် Hulk အဖြစ် Endgame မှာ မြင်ရပါဦးမလား။

Hulk ဟာ Infinity War မှာ ကတည်းကိုက Bruce Banner ရဲ့ အတွင်းတစ်နေရာမှာ ကိန်းအောင်းနေပြီး အပြင်ကိုလုံးဝထွက်မလာတော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Thanos ကိုကြောက်လို့လို့ပဲ ပြောရမှာပါ။ အစိမ်းရောင်ကောင်ကြီးထွက်လာမလားဆိုတာတော့ Endgame မှပဲ အဖြေရှာရပေမယ့် poster မှာကတော့ Hulkbuster ကြီး ပါနေပါတယ်။

Marvel

Avengers: Endgame က ၃ နာရီနဲ့ ၁ မိနစ်ကြာမယ်လို့ သိထားရပါတယ်။ ဒါကြောင့်ပြောချင်တာက ရုံထဲမှာအအေးတွေ၊ ရေတွေများများမသောက်ကြပါနဲ့လို့။ Marvel ဘက်ကနေတောင်မှပဲ အိမ်သာသွားဖို့အချိန်တောင် ရမှာမဟုတ်ဘူးလို့ ပြောထားတာကို သတိရလိုက်ပါ။ နောက်ဆုံးအရေးအကြီးဆုံးအချက်ကတော့ လုံးဝ spoil မလုပ်ဖို့ပါပဲ။ နိုင်ငံတကာမှာတောင်မှပဲ #ThanosDemandsYourSilence တို့ #DontSpoilTheEndgame တို့နဲ့ လူမှုကွန်ယက်တွေမှာ လှုပ်ရှားမှုတွေလုပ်နေတာမို့ လူသားပီသစွာနဲ့ ကြည့်ပြီးသူများဖို့ spoil မလုပ်ဖို့ မေတ္တာရပ်ခံပါရစေနော်။ ကဲ သောကြာနေ့မှာတွေ့ကြမယ်။

Twitter

Source: Asia One, Insider, Marvel

Penny

SHARE