ချစ်သူရှိပြီဆိုရင် ပုရိသတို့ မလုပ်သင့်တဲ့အရာ (၇)မျိုး

ချစ်သူရှိပြီဆိုရင် ပုရိသတွေဘက်က မလုပ်သင့်တဲ့ အရာလေးတွေကို Shwemom က အကြံပြုပေးထားပါတယ်။ ဒါတွေကို လိုက်နာနိုင်ရင် ချစ်သောသူနဲ့ တစ်သက်လုံး လက်တွဲရဖို့ဆိုတာ သေချာပါတယ်။

(၁) မချုပ်ခြယ်ပါနဲ့

ကိုယ့်ချစ်သူကို ချစ်တယ်ဆိုရင် မချုပ်ခြယ်ပါနဲ့။ လူပဲဖြစ်ဖြစ်၊ အသိစိတ်ရှိတဲ့ သတ္တ၀ါတိုင်း ချုပ်ခြယ်ခံရပြီဆိုတဲ့ အသိဝင်
လာရင် ကိုယ်လွတ်ရုန်းချင်ကြတာ ဓမ္မတာပါ။ ဒီတော့ ချစ်ရင် မချုပ်ခြယ်ပါနဲ့။ ချုပ်ခြယ်ရင် ပိုဝေးရမယ်ဆိုတာ သတိထားပါ။

(၂) သူ မပါဘဲ မသွားပါနဲ့

ဖြစ်နိုင်ရင် သူမပါဘဲ ဘယ်နေရာမှ မသွားဖို့ လိုပါတယ်။ ဒါပေမယ့် ခရီးစဉ်တိုင်း သူ့ကို ခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အနေဝေးတဲ့ ချစ်သူတွေအချင်းချင်းဆိုရင် ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ဒီတော့ ကိုယ် ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာကို သူ့ကို အရေးအရာထားပြီး တိုင်ပင်တာမျိုးလုပ်ပါ။

(၃) တိုင်ပင်ပြီးသား/ချိန်းပြီးသား အစီအစဉ်တွေကို မဖြတ်ပါနဲ့

ချိန်းပြီးသား တိုင်ပင်ပြီးသား နှစ်ဦးသဘောတူ ဆောင်ရွက်ရန် ကိစ္စတွေကို ပျက်ကွက်တာမျိုး မဖြစ်ပါစေနဲ့။ ကတိမပေးနိုင်
ရင် လုံးလုံးမပေးပါနဲ့။ ပေးပြီးရင်လည်း ကတိတည်အောင် ကြိုးစားပါ။ ဒါမှလည်း သင့်ချစ်သူဟာ သင့်အပေါ်မှာ ပိုပြီး အားကိုးတန်ဖိုးထားလာမှာ ဖြစ်ပါတယ်။

READ
ချစ်သူနဲ့ အချင်းများတဲ့အခါ အမျိုးသားတွေ ဘယ်လိုတုန့်ပြန်သင့်လဲ ...?

(၄) သူ့အကြောင်း သူငယ်ချင်းတွေကို ဟာသသဘောမျိုးမပြောရ

ကိုယ်ကတော့ ပျော်စေပျက်စေ ကိုယ့်ချစ်သူအကြောင်း ဟာသလုပ်တာပါဘဲ။ ဒါပေမယ့် လူရှေ့သူရှေ့မှာဆိုရင် သူ့အ
တွက် ရှက်စရာ ကိစ္စဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကောင်မလေးက အရပ်ပုတာကို ကိုယ်က ” ငါ့ကောင်မလေးကတော့ အ
ရပ်က ပုလိုက်တာကွာ … ခွေးချေးပုံလေးအတိုင်းပဲ “ဆိုတာမျိုးတွေ မနောက်ရပါဘူး။

(၅) လူမှုကွန်ယက်မှာ ကြောင်တောင်တောင်လုပ်တာတွေရပ်

ကိုယ်က ချစ်သူရှိပြီဆိုတော့ လူမှုကွက်ယက်မှာ နိုင်ငံရေးယောင်ယောင်၊ စီးပွားရေး ယောင်ယောင်၊ ဟိုလူ့ကို လှမ်းဆဲ၊
သည်လူ့ကို လှမ်းပုတ်ခတ်တာမျိုးတွေ ရှောင်ပါ။ နောက်ပြီး အခုရှုပ်မှ နောက်ရှင်း၊ ကိုယ့်နဲ့ လိုင်းပေါ်မှာ မကင်းမကင်း ဖြစ်နေတာတွေ ရှိရင်လည်း ဇာတ်လမ်း အရင်ဖြတ်ပါ။

READ
ကိုယ်နှစ်သက်တဲ့ကောင်မလေးကို ဘယ်လိုစကားတွေပြောပြီးချဉ်းကပ်မလဲ

(၆) မနှမြောနဲ့

ချစ်သူနဲ့ပတ်သက်ရင် ပိုက်ဆံ မနှမြောပါနဲ့။ တစ်ခုတော့ ရှိတာပေါ့။ ငွေကြေးမတက်နိုင်ဘူးဆိုရင်တော့ ကိုယ်မနိုင်တာမျိုး အာမ မခံပါနဲ့။ နောက်ပြီး သင့်ချစ်သူကလည်း ကိုယ့်မှာ မရှိနိုင်တာကို မဖြစ်ညှစ်ပြီး တောင်းဆိုတဲ့ အမျိုးသမီးမျိုး မဖြစ်
အောင်လည်း အစကတည်းက ကိုယ့်ပညာနဲ့ ရွေးချယ်ခဲ့ဖို့ လိုပါတယ်။

(၇) အတ္တမကြီးနဲ့

အရေးကြီးဆုံးကတော့ အတ္တပဲ။ ချစ်သူတွေဘ၀မှာ အတ္တကို ညီအောင် ငြှိရပါတယ်။ အတ္တချင်း မညီဘူးဆိုရင်လည်း
သည်းခံနိုင်အောင် လုပ်ရပါတယ်။ ဒါမှလည်း တူညီတဲ့ လမ်းတစ်ခုကို လျှောက်လှမ်းနိုင်မှာပါ။ ကိုယ့်အတ္တက သူ့အတွက် သည်းမခံနိုင်လောက်အောင်အထိ မကြီးရပါဘူး။ အတ္တကြီးလေ နီးရဖို့ ဝေးလေလို့ မှတ်ယူပါ။

နတ်စည်တော် (Shwemom)

source : lovepanky.com

SHARE