မိန်းကလေးအများစုသဘောကျကြတဲ့ ယောင်္ကျားအမျိုးအစား (၇) မျိုး

မိန်းကလေးတွေက ဘယ်လိုယောင်္ကျားမျိုးကို သဘောကျကြသလဲ သိလား..?? ရှင်းပါတယ်။ သူတို့ သဘောကျချင်တဲ့ ယောင်္ကျားမျိုးပေါ့။ မိန်းကလေးတွေရဲ့စိတ်ကို သိတယ်မို့လား။ သူတို့သဘောကျချင်ရင်တော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ သဘောကျကြပြီး သူတို့သဘောမကျချင်ရင်တော့ အပြစ်လေးတစ်ခုတွေ့တာနဲ့တင် သဘောမကျကြဘူးလေ။ ဒါပေမယ့် မိန်းကလေးအများစုကြိုက်တတ်ကြတဲ့ ယောင်္ကျားမျိုးတွေရှိကြပြီး အဲဒါတွေကို သိချင်ရင်တော့ အောက်မှာ ဖတ်ကြည့်လိုက်ပါနော်…။

VideoBlock

(၁)။ ဖခင်နဲ့တူတဲ့သူ

ဖခင်နဲ့တူတဲ့သူဆိုတာ အဖေအရွယ်ကြီးကိုပြောတာမဟုတ်သလို အဖေနဲ့ ရုပ်ချင်းဆင်တဲ့သူကိုလည်း ပြောတာမဟုတ်ပါဘူး။ ဖခင်လိုမျိုး ကိုယ့်ကိုစောင့်ရှောက်ပြီး ကာကွယ်ပေးတတ်သူမျိုးကို ဆိုလိုတာပါ။ သူ့ဆီက နွေးထွေးတဲ့မေတ္တာကိုရဖို့ မိန်းကလေးတွေက မျှော်လင့်တတ်ကြပြီး တစ်ခုခုဆိုရင်လည်း အားကိုးချင်ကြပါတယ်။ ဒီလိုယောင်္ကျားမျိုးဆိုရင် မိန်းကလေးတွေက သဘောကျကြပါတယ်တဲ့…။

VideoBlock

(၂)။ လူဆိုးလေးတွေ

အရမ်းကြီး လူသတ်၊ ဓားပြတိုက်နေတဲ့ လူဆိုးတွေမဟုတ်ပဲ သူတို့နည်းသူတို့ဟန်နဲ့ လောကကြီးကို ပုန်ကုန်ဖို့ ကြိုးစားနေတဲ့ လူဆိုးလေးတွေကို မိန်းကလေးတွေက သဘောကျတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလူဆိုးလေးတွေမှာ ကွဲပြားတဲ့အတွေးအခေါ်၊ အပြုအမူတွေရှိကြလို့ပါပဲ။ မိန်းကလေးတွေက သူများနဲ့မတူပဲ ကွဲပြားနေတာလေးတွေကိုသဘောကျတယ်၊ ကိုယ်စိတ်ထင်ရာလုပ်နေတတ်တဲ့သူမျိုးကို ရေရှည်အတွက်မဟုတ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိတော့ သဘောကျတတ်ကြပါတယ်။ ဒီတော့ လူဆိုးလေးတွေကလည်း မိန်းကလေးတွေ သဘောကျကြတဲ့ စာရင်းထဲမှာရှိနေတာပါ။

READ
Crush ကိုယ့်ကို သတိထားမိလာစေမယ့် နည်းလမ်းများ
.thejohnsonletters

(၃)။ လူကောင်းလို့ထင်ရတဲ့သူတွေ

သူတို့ဘာသာ တကယ်ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်ရဲ့မျက်စိထဲမှာ အဲဒီလူကို လူကောင်းတစ်ယောက်လို့ မြင်လိုက်တာနဲ့၊ စိတ်ထဲကနေ လူကောင်းတစ်ယောက်လို့ လက်ခံလိုက်တာနဲ့ အဲဒီလူကို သဘောကျသွားတတ်ကြပါတယ်။ သူများကို ကူညီတတ်တဲ့သူ၊ မတရားတာတွေ့ရင် လက်ပိုက်ကြည့်မနေတတ်တဲ့သူ၊ စိတ်သဘောထားနူးညံ့တဲ့သူ စတဲ့သူမျိုးတွေကို မိန်းကလေးတွေက သဘောကျကြပြီး သူတို့စိတ်ထဲမှာ လူကောင်းတစ်ယောက်လို့ ထင်နေသမျှ သင့်ကို သဘောကျနေမှာပါ။

.thejohnsonletters

(၄)။ သူရဲကောင်းလိုလူ

အန္တရာယ်တစ်ခုခု၊ ဒါမှမဟုတ် သေရေးရှင်ရေးကိစ္စတစ်ခုမှာ ၀င်ပြီး ကူညီပေး၊ ကယ်ဆယ်ပေးတဲ့ သူရဲကောင်းဆန်ဆန်လူမျိုးကိုလည်း မိန်းကလေးတွေက သဘောကျတတ်ပါတယ်။ လူ့အသက်ကို ကယ်တင်နိုင်တာမျိုးမဟုတ်ရင်တောင်မှ လမ်းဘေးရေမြောင်းထဲကျနေတဲ့ ခွေးလေးကို ကယ်ပေးတာမျိုးပေါ့။ အဲဒီလိုလူမျိုးနဲ့တွေ့ရင် မိန်းကလေးတွေက သဘောကျတတ်ပြီး သူတို့ကို စောင့်ရှောက်ပေးနိုင်တဲ့သူလို့ ထင်မိတတ်ပါတယ်တဲ့…။

(၅)။ လိုတရတဲ့သူ

လိုတရတဲ့သူဆိုတာ သူလိုချင်သမျှကို ဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးပါ။ တစ်ခုခုစားချင်တယ်ဆို ချက်ချင်းဝယ်လာတတ်ပြီး တစ်နေရာရာသွားချင်ပြီဆို ချက်ချင်းလိုက်ပို့ပေးတတ်တဲ့သူမျိုးပေါ့။ များသောအားဖြင့်တော့ မိန်းကလေးတွေက အဲဒီလိုလူမျိုးကို သဘောကျတတ်ပေမယ့် ဘယ်လောက်အထိ ကိုယ့်ကို အဲဒီလိုလုပ်ပေးနေမလဲဆိုတာ သေချာသိချင်တတ်ကြပါတယ်။ ဒီတော့ သူတို့နဲ့ဆိုရင် ချစ်သူဘ၀ရောက်ဖို့ထက် သူငယ်ချင်းမကျ၊ ချစ်သူမကျ ကြားကာလမျိုးမှာ အချိန်တော်တော်ကြာအောင် ရှိနေတတ်ကြတယ်။ ဒါကလည်း သူတို့စိတ်ထဲမှာ သဘောကျပြီးသား ဖြစ်နေလို့ပါပဲ။

READ
ချိန်းတွေ့ချိန်မှာ ကောင်မလေးတွေပြောချင်တဲ့အကြောင်းအရာများ

(၆)။ မရင့်ကျက်တဲ့သူ

မိန်းကလေးတွေက ရင့်ကျက်တဲ့သူမျိုးကို ကြိုက်ကြသလို မရင့်ကျက်သေးတဲ့၊ ကလေးဆန်တဲ့သူမျိုးကိုလည်း သဘောကျကြပါတယ်။ ကိုယ်က အများကြီးသိထားတယ်ဆိုရင်တောင်မှ သူတို့ရှေ့မှာ ငတုံးတစ်ယောက်လို လုပ်နေရင် သဘောကျကြမှာဖြစ်ပြီး ကိုယ့်ကို သူတို့တပည့်လို သဘောထားလို့ သင်ကြားပေးပါလိမ့်မယ်။ သူတို့စိတ်ထဲမှာ သင့်အတွက် သူတို့လုပ်ပေးဖို့ တာဝန်ရှိတယ်၊ သင့်ကို ပိုပြီးထူးချွန်လာဖို့၊ နားလည်လာဖို့ လုပ်ပေးဖို့လိုတယ်လို့တွေးကြပါလိမ့်မယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ သင့်ကို သဘောကျနေတာဖြစ်ပြီး မိန်းကလေးအများစုက မရင့်ကျက်သေးတဲ့ယောင်္ကျားမျိုးကို သဘောကျကြပါတယ်။

Wall Street Journal

(၇)။ ချစ်မှုရေးရာကျွမ်းကျင်တဲ့သူ

သင်က တစ်သက်လုံး ရည်းစားတစ်ယောက်မှမထားဖူးတဲ့ လူတစ်ယောက်ဆိုပါတော့။ ဒါပေမယ့် သူတို့ရဲ့ မျက်စိထဲမှာ သင်က ချစ်မှုရေးရာကျွမ်းကျင်သူတစ်ယောက်လို့ ထင်သွားတာနဲ့ သင့်ကို သဘောကျသွားကြမှာပါ။ ဘာလို့လဲဆိုတော့ မိန်းကလေးအများစုက အဲဒီကိစ္စကို ကိုယ်တိုင်ဦးဆောင်တာထက် အတွေ့အကြုံများတဲ့ ယောက်ျားတစ်ယောက်က ဦးဆောင်သွားတာကို လိုချင်ကြတာဖြစ်ပြီး သူတို့ကို ပိုလို့ ပျော်ရွှင်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

Linn

Source : relrules

 

 

SHARE