ကမ္ဘာ့အငယ်ဆုံးနဲ့ အချမ်းသာဆုံး ဘီလီလျံနာ ၇ ဦးအကြောင်း

alexandraandresen, kgandresen/Instagram

ကမ္ဘာ့အသက်အငယ်ဆုံးနဲ့အချမ်းသာဆုံး ဘီလီလျံနာဆိုတဲ့ စာရင်းထဲမှာ ကိုယ်ထူကိုယ်ထ ဘီလီလျံနာတွေ ပါဝင်သလို မိဘရဲ့ အမွှေအနှစ်ကြောင့်နဲ့ နည်းပညာပိုင်းဆိုင်ရာ တစ်ခုခုကို တီထွင်လိုက်တဲ့အတွက် ဘီလီလျံနာဖြစ်သွားကြသူတွေအထိ အမျိုးစုံပါဝင်လို့နေပါတယ်။ Forbes အရ လက်ရှိကမ္ဘ့အသက်အငယ်ဆုံး ဘီလီလျံနာကတော့ အသက် ၂၂ နှစ်နဲ့ ဘီလီလျံနာဖြစ်လာသူတစ်ယောက်ဖြစ်လာခဲ့တဲ့ Alexandra Andersenပါ။ Investopedia မှ ဖော်ပြထားတဲ့ ဆောင်းပါးထဲက ဘီလီယျံနာ ထိပ်တန်း ၇ ဦးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) Alexandra Andersen (၂၂ နှစ်)

၁၉၉၆ ခုနှစ်ဖွား Alexandra Andersen ဟာ လက်ရှိအသက် ၂၂ နှစ်ရှိနေပြီဖြစ်ပြီး ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာ ၁.၄ ဘီလီယံပဲဖြစ်ပါတယ်။ Norwegian မှ အမွေဆက်ခံသူတစ်ဦးဖြစ်ပြီး ဖခင်ကတော့ Norwegian မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ferd ပိုင်ရှင် Johan H. Andresen Jr. ပါ။ ၂၀၀၇ ခုနှစ်တုန်းက Alexandra Andersen ရဲ့ အစ်မဖြစ်သူ Katharina နဲ့ Alexandra Andersen တို့နှစ်ယောက်ကို လုပ်ငန်းစုရှယ်ယာ ၄၂.၂% စီ ခွဲဝေပေးခဲ့ပြီး နောက်မှာတော့ လုပ်ငန်းခွင်ထဲဝင်ရောက်လုပ်ကိုင်ကာ ဘီလီလျံနာအသီးသီးဖြစ်လာခဲ့ကြတာပါ။

 

(၂) Katharina Andresen (၂၃ နှစ်)

Alexandra Andersen ရဲ့ အစ်မဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့သလိုပဲ ဖခင်ပေးတဲ့ Ferd ရဲ့ လုပ်ငန်းစုရှယ်ယာတွေကို အမွေလွှဲပြောင်းယူခဲ့ပြီး ဘီလီယျံနာဖြစ်လာခဲ့တာပါ။ သူမရဲ့ပိုင်ဆိုင်မှုတန်ကြေးကလည်း Alexandra Andersen နဲ့ ထပ်တူ ၁.၄ ဘီလီယံရှိနေပါတယ်။ ဒီစာရင်းရဲ့ ဒုတိယနေရာကို ရောက်သွားခဲ့တာကတော့ Alexandra Andersen ထက် ၁ နှစ်ကြီးတဲ့ အစ်မဖြစ်နေလို့ပါပဲ။

READ
Finland ဟာ ကလေးတွေအတွက် အကောင်းဆုံးနိုင်ငံဖြစ်နေရတဲ့ အချက် ၅ ချက်

 

 

View this post on Instagram

 

Me .. posing? Noo..

A post shared by Katharina G. Andresen (@kgandresen) on

(၃) Gustav Magnar Witzoe (၂၆ နှစ်)

Gustav Magnar Witzoe ကတော့ SalMar ASA ဆိုတဲ့ ကမ္ဘာအကြီးဆုံး ဆော်လမွန်ငါးထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ တစ်ဝက်လောက်ကိုကိုပိုင်ဆိုင်ထားတာပါ။ နော်ဝေးအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး Gustav Magnar Witzoe ရဲ့ ဖခင်ကိုယ်တိုင် ၁၉၉၁ ခုနှစ်ကတည်းက ထူထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး Gustav Magnar Witzoe လက်ထဲကို ၂၀၁၃ ခုနှစ်လောက်မှ ရှယ်ယာတစ်ဝက်နီးနီးခွဲပေးခဲ့တာပါ။ ကုမ္ပဏီကိုတော့ ဖခင်မှပဲ ဆက်လက်အုပ်ချုပ်နေတဲ့အတွက် Gustav Magnar Witzoe ကတော့ ရလာတဲ့ရှယ်ယာအမြတ်ငွေတွေနဲ့ အိမ်ခြံမြေနဲ့နည်းပညာဖန်တီးမှုတွေမှာ ရင်းနှီးမြှုပ်နှံနေပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ဒေါ်လာ ၃ ဘီလီယံပါ။

 

 

View this post on Instagram

 

New friend

A post shared by Gustav Magnar Witzøe (@guswitzoe) on

(၄) Evan Spiegel (၂၈ နှစ်)

Snapchat ရဲ့ ကင်မရာပိုင်းဆိုင်ရာကို တာဝန်ယူထားခဲ့တဲ့ Snap Inc., ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO တစ်ယောက်အဖြစ် Evan Spiegel က တာဝန်ယူထားပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ၂.၂ ဘီလီယံဒေါ်လာပါ။ ကမ္ဘာကျော် သြစတြေးလျ စူပါမော်ဒယ် Miranda Karr ရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။

 

(၅) Ludwig Theodor Braun (၂၈ နှစ်)

READ
အမွှာအချင်းချင်း လက်ထပ်ကြပြီး အံ့အားသင့်ဖွယ်ခွဲလို့မရတဲ့ စုံတွဲများ

၁၈၃၉ ခုနှစ်မှာ တည်ထောင်ထားခဲ့တဲ့ B. Braun Melsungen AG အကြံပေးနဲ့ ဆေးဝါးဆိုင်ရာကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာ ၁၀% ကို ဖခင်ကြောင့် ပိုင်ဆိုင်ထားပါတယ်။ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ၁ ဘီလီယံဒေါ်လာပါ။

Ludwig Theodor Braun_Twitter

(၆) John Collison (၂၈ နှစ်)

စီးပွားရေးလုပ်ငန်းတွေအတွက် software ပိုင်းတွေကို ဖန်တီးပေးတဲ့ ကုမ္ပဏီ Stripe ရဲ့ ပိုင်ရှင်နဲ့ပူးတွဲတီထောင်သူ John Collison ကတော့ အစ်ကိုဖြစ်သူ Patrick နဲ့ ပူးပေါင်းကာ အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တာပါ။ အိုင်ယာလန်လူမျီုးတွေဖြစ်ပြီး ဘော်စတွန်တက္ကသိုလ်မှ ကျောင်းဆင်းဆင်းခြင်းမှာပဲ လုပ်ငန်းအကောင်အထည်ဖော်ခဲ့ပြီး တစ်မဟုတ်ချင်းမှာတင် လုပ်ငန်းတန်ဖိုးဟာ ၂၀ ဘီလီယံဒေါ်လာအထိ ဆောင့်တက်သွားခဲ့ပါတော့တယ်။ John Collison ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ၂.၁ ဘီလီယံဒေါ်လာပဲဖြစ်ပါတယ်။

Stripe Official Page

(၇) Patrick Collison (၃၀ နှစ်)

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း John Collison ရဲ့ အစ်ကိုဖြစ်ပြီး Stripe ရဲ့ CEO နဲ့  ပူးတွဲတည်ထောင်သူတစ်ယောက်ဖြစ်ပါတယ်။ Stripe ရဲ့ နာမည်ကြီး ရင်းနှီးမြှုပ်နှံသူတွေထဲ Elon Musk တို့ Peter Thief တို့လိုလူမျိုးတွေလည်း ပါဝင်နေပါတယ်။ Patrick Collison ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ ၂.၁ ဘီလီယံဒေါ်လာပါ။

 

 

View this post on Instagram

 

Talk

A post shared by Patrick Collison (@patrickcollison) on

Penny

SHARE