(၇)နှစ်ကြာ သူငယ်ချင်းသံယောဇဉ် ရှိနေပြီဖြစ်တဲ့ အချစ်ဆုံး သူငယ်ချင်း(၂)ဦး

Youtube-Jennifer Boyle

လူဆိုတာ သတ္တဝါမျိုးစိတ်အတူတူတောင်မှ  လူတော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူရင် အပေါင်းအသင်းဖြစ်ဖို့ မလွယ်ပါဘူး။ ကိုယ့်ရဲ့ အပေါင်းအသင်းတွေကြားမှာလည်း ကိုယ့်ရဲ့နောက်ကွယ်မှာ ကိုယ့်ရဲ့အတင်းပြောတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်ရဲ့နောက်ကျောကို ဓားနဲ့ထိုးတဲ့ သူငယ်ချင်းမျိုးတွေ အစရှိသဖြင့် တော်တော်များများ ကြုံဖူးကြမှာပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ သူငယ်ချင်းသံယောဇဉ်ဟာ မျိုးစိတ်မတူတဲ့ တိရစ္ဆာန်နှစ်ကောင်က ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တစ်ခုဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Jennifer Boyle

အဆိုပါကြောင်ကလေးရဲ့ နာမည်ကတော့ Morris ဖြစ်ပြီး မြင်းကလေးရဲ့ နာမည်ကတော့ Champy ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ကောင်စလုံးရဲ့ သခင်ဖြစ်သူကတော့ Jennifer Boyle လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Jennifer ဟာ Morris လေးကို လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်ကတည်းက တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတစ်ခုကနေ ခေါ်ယူမွေးစားခဲ့တာ ဖြစ်ပြီး Morris နဲ့ Champy ဟာ ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

READ
စတိုင်းဆိုင်မှာ ကြက်ဥမရှိလို့ ကြက်မတွေ ၀ယ်မွေးခဲ့တဲ့ Spider Man
Youtube-Jennifer Boyle

Morris နဲ့ Champy ဟာ အမြဲလိုလို တစ်ကောင်နဲ့တစ်ကောင် တပူးပူးတတွဲတွဲ ရှိနေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကကို အပျောက်မခံနိုင်တဲ့ ကောင်လေးတွေ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ အပျော်ဆုံးအချိန်ကတော့ ညနေခင်းပဲ ဖြစ်ပါတယ်။ ညနေရောက်ပြီဆိုတာနဲ့ Morris ဟာ အိမ်ထဲကနေထွက်ပြီး Champy ရှိတဲ့ မြင်းစောင်းက တန်းတစ်ခုပေါ်မှာ စောင့်နေတတ်ပါတယ်။ Champy တစ်ကောင် မြင်းစောင်းက ထွက်လာပြီဆိုတာနဲ့ Morris လေးဟာ Champy ရဲ့ ကျောကုန်းပေါ်ကို လွှားကနဲ ခုန်တတ်ပြီး ခြံထဲမှာ နှစ်ကောင်သားနေဝင်ချိန်ကို ပတ်ကြည့်လေ့ ရှိတတ်ပါတယ်။

Youtube-Jennifer Boyle
Youtube-Jennifer Boyle

“သူတို့နှစ်ကောင်ကတော့ ကျွန်မတင် မဟုတ်ဘူး။ မြင်သမျှ လူတိုင်း စိတ်ချမ်းသာစေပါတယ်။ အမြဲလိုလို အတူတူ ရှိနေတတ်သလို တစ်ခါတစ်လေကျရင် Morris ကလည်း Champy ရှိတဲ့ မြင်းစောင်းကိုသွားပြီး နှစ်ယောက်အတူတူ အစာစားကြပါတယ်။ အခုဆိုရင်တေ့ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်က ၇ နှစ် ကျော် ရှိခဲ့ပါပြီ”လို့ Jennifer က ပြောကြားခဲ့ပါတယ်။

READ
အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ပုံကို ကော်ဖီခွက်ထဲမှာ ပုံဖော်ပေးနေတဲ့ ဆိုင်ကလေး

Pyi Hein Kyaw

SHARE