အသက်(၇၄)နှစ်အရွယ်မှာ ကလေးမွေးခဲ့တဲ့ အိန္ဒိယကအမျိုးသမီး

Twitter "CNN International"

အိန္ဒိယနိုင်ငံ Anthar Pradesh ပြည်နယ်မှာ မကြာသေးခင်က အသက်(၇၄)နှစ်အရွယ် Mangayamma အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကလေးမွေးဖွားခဲ့ပါတယ်။ဒါဟာ သမိုင်းမှာ အသက်အကြီးဆုံးအဖြစ် ကလေးမွေးဖွားခဲ့တဲ့အမျိုးသမီး အနေနဲ့ မှတ်တမ်းဝင်သွားစေခဲ့တာပါ။

အဲ့ဒီအမျိုးသမီးနဲ့သူမရဲ့ခင်ပွန်းဖြစ်သူ လယ်သမားကြီး Yaramati Sitarama Rajarao တို့ဟာ(၁၉၆၂)ခုနှစ်ကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့စုံတွဲဟာ လက်ထပ်ပြီး(၅၄)နှစ်ကြာတဲ့အထိ ကလေးမရခဲ့တာကြောင့် ဆရာဝန်တွေဆီအကြိမ်ကြိမ်သွားပြီး ဆွေးနွေးမှုတွေလုပ်သလို၊ ဘုရားကျောင်းတွေကိုလည်း မရေတွက်နိုင် လောက်အောင်သွားကာ ဆုတောင်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

“အခုလို ဖြစ်လာတဲ့အခြေအနေတွေကို လူအများကရှုတ်ချကြသလို ကျိန်စာမိနေတာလို့လည်းဝေဖန်ပြောဆိုခံရပါ တယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျွန်မရဲ့ခင်ပွန်းကတော့ ကျွန်မဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးမယ်လို့ပြောခဲ့တဲ့အတွက် ကျွန်မရဲ့ရှေ့ဆက်ရမယ့်အခြေအနေတွေမှာ တွေဝေမှုမရှိပဲဆက်လက်သွားလို့ရတယ်” လို့ Mangayamma ကပြောပါတယ်။

Mangayamma ဟာ လွန်ခဲ့တဲ့(၂၅)နှစ်လောက်ကတည်းက သွေးဆုံးသွားခဲ့တာဖြစ်ပြီး သူမရဲ့လိုချင်စိတ်ပြင်းထန်တဲ့ အတွက်ကြောင့် ကလေးယူလို့ရမယ့်နည်းလမ်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Mangayamma ရဲ့အိမ်နီးချင်းဖြစ်တဲ့ အသက်(၅၅)နှစ်အရွယ်အမျိုးသမီးဟာ ဖန်ပြွန်သန္ဓေနဲ့ကလေးရအောင်လုပ်ခဲ့တဲ့အတွက် ဒီနည်းလမ်းကိုသုံးပြီး ကလေးရအောင်လုပ်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ခဲ့တာဖြစ်ပါတယ်။

အသက်(၇၄)အရွယ် Mangayamma ဟာကိုယ်ဝန်လွယ်နိုင်ဖို့အတွက် Guntur မြို့ရှိ Ahalya Nursing Home ပုဂ္ဂလိကဆေးရုံမှာရှိတဲ့ဆရာဝန်တွေဆီကို အမြဲတမ်းမဟုတ်တောင် ခနခနလာရောက်တောင်းဆိုတဲ့အတွက် ဆရာဝန်တွေက ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆရာဝန်တွေဟာ Mangayamma ကိုဆီးချိုရောဂါ သို့မဟုတ် သွေးဖိအားရောဂါရှိမရှိ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှု တွေပြုလုပ်ပြီးနောက် ဖန်ပြွန်သန္ဓေတည်နိုင်ဖို့အတွက် ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

Mangayamma ရဲ့အသက်အရွယ်နဲ့ပထမဆုံးဖန်ပြွန်သန္ဓေယူခဲ့တဲ့အတွက် သူမကိုယ်ဝန်ဆောင်စဉ်(၉)လလုံး သူမရဲ့ကျန်းမာရေး၊ အာဟာရနဲ့ နှလုံးကျန်းမာရေးအပြင် သူမအဆင်ပြေပြေမွေးဖွားနိုင်ဖို့အတွက် ဆရာဝန်(၁၀) ယောက်ရဲ့စောင့်ကြည့်စစ်ဆေးပေးခဲ့ပါတယ်။

အခုတော့ အမြွှာသမီးလေး(၂)ယောက်ကို ကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ကျွန်မအရမ်းပျော်ပါတယ်။ကျွန်မရဲ့ဆုတောင်းတွေကို ဘုရားကဖြည့်ဆည်းပေးလိုက်တာပါ။ကျွန်မတို့မှာ ကလေးလေးတွေရရှိသွားပါပြီ”လို့ Mangayamma ကပြောပါတယ်။

Source : odditycentral , youtube

READ
ဒုတိယရင်သွေး ထပ်မွေးလိုက်ပြန်ပြီဖြစ်တဲ့ ယူကေရဲ့ အသက်ငယ်ဆုံးမိခင် အမျိုးသမီး

Thae Su

SHARE