(၇၅) နှစ်လို့ မထင်ရလောက်အောင် အံ့သြလောက်ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဖွားဖွား

facebook/BBC

လူတော်တော်များများက gym သွားဖို့ဆိုရင် ပျင်းနေတတ်ကြပါတယ်။ ဒါပေမယ့် ခုဖော်ပြပေးမယ့် တောင်ကိုရီးယားက ဖွားဖွားအကြောင်းကို ဖတ်ပြီးရင်တော့ စာဖတ်သူအနေနဲ့ gym သွားချင်စိတ်တွေတောင် တဖွားဖွား ပေါ်လာမှာပါ။ Lim Jong So အမည်ရတဲ့ ဖွားဖွားဟာ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်သူ ကာယဗလမယ်တစ်ဦးဖြစ်ပါတယ်။

လွန်ခဲ့တဲ့(၁)နှစ်ခန့်တုန်းက Lim Jong So ဟာ နာတာရှည်ခါးပြဿနာတစ်ခုကို ခံစားခဲ့ရပါတယ်။ ရောဂါကြောင့် ညာဘက်ခြေထောက်က လမ်းလျှောက်လို့ သိပ်မကောင်းတော့ပါဘူး။ ဒီတော့ Lim Jong So က သူမရဲ့ ခန္ဓာကိုယ်ကို သန်သန်မာမာ ပြန်ဖြစ်အောင်ဆိုပြီး gym သွားဆော့ခဲ့ပါတယ်။ သူမက တစ်ပတ်ကို (၃) ခါလောက် gym သွားပါတယ်။ တစ်နေ့တော့ သူမရဲ့ ကာယဗလဆရာက ခြေထောက်ဘယ်လိုနေသေးလဲ သက်သာရဲ့လား မေးတဲ့အခါကျတော့မှ Lim Jong So ဟာ သူမခြေထောက် အရင်လိုမနာတော့ဘူးဆိုတာ သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

facebook/BBC

သူမရဲ့ ကာယဗလဆရာက Lim Jong So ဟာ အချိန်လည်း ပေးနိုင်တယ်၊ ကာယဗလလေ့ကျင့်ခန်းလုပ်ရတာကို စိတ်ဝင်စားကြောင်းလည်းသိတော့ ကာယဗလမယ်တစ်ယောက်ဖြစ်ဖို့ သူသင်ပေးမယ်၊ ကြိုးစားကြည့်မလားလို့ ပြောပြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ Lim Jong So ဟာ အသက်(၇၅) နှစ်ရှိနေပါပြီ။ သူမရဲ့ အသက်အရွယ်ကြောင့် ကာယဗလမယ်ဖြစ်ဖို့အရေး ကြိုးစားဖို့ အစပိုင်းနောက်တွန့်ခဲ့ပေမယ့် နောက်တော့ အပျော်ပဲလို့ သဘောထားကာ လေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။

READ
Miss တွေအပေါ်မှာထားတဲ့ ဆံကေသာအစွဲကို ချွတ်နိုင်ခဲ့တဲ့ အမေရိကန်အလှမယ်လေး 

ပြီးတော့ သူမက ကာလဗလမယ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခဲ့ပါတယ်။ Lim Jong So ဟာ သူမရဲ့ ခန္ဓာကိုယ်အလှကို ပြသနိုင်ဖို့အတွက် ဘီကီနီဝတ်နဲ့ (၁၅) စင်တီမီတာလောက်အမြင့်ရှိတဲ့ ဒေါက်ဖိနပ်ကိုစီးပြီး ၀င်ပြိုင်ရတာ ဖြစ်ပါတယ်။ ပထမဆုံးပြိုင်တဲ့ ပြိုင်ပွဲမှာတော့ သူမက မနိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ပြိုင်ပွဲထပ်ဝင်တဲ့အခါမှာတော့ အသက်(၃၈) နှစ်နဲ့အထက် အကြီးတန်းကာယဗလမယ်ပြိုင်ပွဲမှာ ဒုတိယဆုကြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

The 75-year-old bodybuilding grandma

“When I first saw the bikini I just said “No way – I can’t do this”!”But she did! Meet Jong-So Lim, the 75-year-old grandma from South Korean who started lifting weights to improve her health and ended up becoming a bodybuilding champion…but she had to wear a bikini for the competitions. Video by: Julie Yoonnyung Lee and Julie Yoon

Posted by Outlook, BBC World Service on Tuesday, October 15, 2019

ဖွားဖွား Lim Jong So ကတော့ သူမရဲ့ လက်ရှိခန္ဓာကိုယ်အချိုးအစားကို ကျေနပ်အားရလျက်ရှိပါတယ်။ သူမက “လူတိုင်းမှာ အိပ်မက်တွေကိုယ်စီရှိကြတယ်။ ဒါပေမယ့် အသက်ကြီးလာလို့ ဆိုပြီး ဒီအိပ်မက်တွေကို လွှင့်ပစ်မယ်ဆိုရင်တော့ ဘ၀ဟာ အဓိပ္ပါယ်မရှိဘူး ဖြစ်သွားလိမ့်မယ်…” ဆိုပြီးတော့လည်း စိတ်အားတက်ဖွယ် ပြောသွားခဲ့တာကို worldofbuzz သတင်းအရ သိရပါတယ်။

READ
စွန့်ပစ်အမှိုက်တွေကို အရောင်အသွေးစုံတဲ့တောအုပ်လေးအဖြစ်ပြန်လည်ဖန်တီးခဲ့

လင်းလင်း (ShweMom)

SHARE