အသက်(၇၅) နှစ်ရောက်မှ ယာဉ်မောင်းလိုင်စင်ကို မဖြစ်မနေရအောင် ယူခဲ့တဲ့ အမျိုးသမီးကြီး

Facebook/Bloodwood Tree Association Inc.

သြစတေးလျအနောက်ဘက်ပိုင်းမှာနေထိုင်သူ အဖွားတစ်ယောက်ဟာ အသက်(၇၅) နှစ်ရောက်မှ ယာဉ်မောင်းလိုင်စင်ကို ရယူနိုင်ခဲ့ကြောင်း Unilad သတင်းအရ သိရပါတယ်။ အဆိုပါ အဖွားဟာ ၀င်နီဆန်ပိုင်လို့ အမည်ရပါတယ်။ အဖွား ၀င်နီက သူမရဲ့အမဖြစ်သူကို ဆရာဝန်ဆီပုံမှန်သွားပြပေးနိုင်ဖို့အတွက် ယာဉ်မောင်းသင်ခဲ့တာ ဖြစ်ပါတယ်။

သူမ ယာဉ်မောင်းစစသင်တုန်းကတော့ လူတွေက ပြောကြပါတယ်။ အဖွားက အသက်ကြီးနေပြီ၊ လိုင်စင်အောင်အောင် ဖြေနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပါ။ ဒါပေမယ့် အဖွားက သူမဟာ သူမအသက်ငယ်ငယ်တုန်းက ကားမောင်းသင်ဖူးတဲ့အတွက် လိုင်စင်ဖြေဖို့ သိပ်ခက်မှာမဟုတ်ဘူးဆိုကာ အားတင်းခဲ့တာ ဖြစ်ပါတယ်။

Bloodwood Tree was really proud to have assisted Winnie to obtain her drivers licence recently.Now with her drivers…

Posted by Bloodwood Tree Association Inc. on Monday, July 29, 2019

ဝင်နီက “အဖွားက လိုင်စင်လိုချင်နေခဲ့တာ တော်တော်ကြာပါပြီ။ လူတိုင်းကလည်း အဖွားက လိုင်စင်ဖြေဖို့ သိပ်နောက်ကျနေပြီလို့ ပြောတယ်။ ဒါပေမယ့် အဖွားက လိုင်စင်မရရအောင် ဖြေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖွားရဲ့အမကြီးက ပုံမှန်ဆရာဝန်ဆီ ဆေးသွားသွားစစ်ဖို့ လိုပါတယ်။ ဒါကြောင့် အဖွားယာဉ်မောင်းတတ်ရင် သူ့အတွက်က ပိုအဆင်ပြေတယ်လေ….” လို့ ပြောပြပါတယ်။

READ
လူမှုကွန်ရက်မှာနာမည်ကြီးပြီး ကော်ဖီကြော်ငြာမှာပါ ဖော်ပြခံရတဲ့ ဆောက်လုပ်ရေးသမားကြီး

အဖွားဝင်နီရဲ့ ဆန္ဒကိုတော့ ဒေသခံကုသိုလ်ဖြစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Bloodwood Tree Association က ကူညီခဲ့တာပါ။ အဖွဲ့အစည်းထဲက ယာဉ်မောင်းသင်ဆရာမတစ်ဦးနဲ့ အဖွားဝင်နီကို လိုင်စင်ဝင်ဖြေဖို့ သင်ကြားစေခဲ့တာ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက အဖွားဝင်နီဟာ လအနည်းငယ်အကြာမှာတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုရာမှာ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

အခုဆိုရင်တော့ အဖွားဟာ အမဖြစ်သူကို ဆေးခန်းလိုက်ပို့တာ၊ ဈေးဝယ်တာနဲ့ ကမ်းခြေဆီ ခွေးကျောင်းထွက်တာတွေပါ ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ အဖွားအနေနဲ့ တစ်နေရာသွားမယ့်အခါတိုင်း သူများအကူအညီတောင်းနေစရာလည်း မလိုတော့ပါဘူး။ လူတွေက ဘာမှမစွမ်းဆောင်နိုင်တော့ဘူးလို့ ယူဆကြတဲ့ အသက်အရွယ်မှာ ကိုယ်ဖြစ်ချင်ရာကို ဖြစ်အောင် လုပ်ပြခဲ့တဲ့ အဖွားဝင်နီရဲ့ အကြောင်းကတော့ ကြားရတာ စိတ်အားတက်စရာပါပဲ။

လင်းလင်း (ShweMom)

SHARE