ထောင်ကျနေပေမယ့် စာကြိုးစားပြီး ဒီပလိုမာဘွဲ့တွေရယူနိုင်ခဲ့တဲ့ အကျဉ်းသား(၇၈)ယောက်

Pixabay-geralt Pixabay-Pexels

အခုနောင်ပိုင်း နိုင်ငံအသီးသီးရှိထောင်တွေဟာ ထောင်သားတွေအတွက် ကောင်းကျိုးဖြစ်ထွန်းစေတဲ့ကိစ္စတွေကို လုပ်ဆောင်ပေးနေကြပါတယ်။ ထောင်ထဲမှာ လက်မှုသင်တန်းကျောင်းတွေ ဖွင့်ပေးတဲ့အပြင် စာသင်ချင်တဲ့ကျောင်းသားတွေကိုလည်း စာသင်ယူဖို့ အခွင့်အလမ်းတွေ အများကြီးဖွင့်ပေးလျက်ရှိပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုက ထောင်သား (၇၈) ယောက်ဟာ ထောင်တွင်းမှာ စာသင်ကြားရင်း သက်ဆိုင်ရာ တက္ကသိုလ်တွေက ဒီပလိုဘွဲ့တွေယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Pixabay-jodylehigh

အဆိုပါ အကျဉ်းထောင်ဟာ Kerala ပြည်နယ်ရှိ အကျဉ်းထောင်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ တည်ရှိကြောင်း သိရပါတယ်။ အကျဉ်းသား (၇၈)ယောက် ရရှိခဲ့တဲ့ ဒီပလိုမာတွေဟာ စီးပွားရေး၊ မားကတ်တင်း၊ စီမံခန့်ခွဲမှု၊ သတင်းထောက်၊ အနုပညာ အစရှိတဲ့ ပညာရပ်တွေ ဖြစ်ကြောင်း The New Indian Express သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
အားနည်းချက်ကို စီးပွားအရေးအဖြစ်ပြောင်းလဲကာ မီလီယံနာဖြစ်သွားတဲ့အမျိုးသမီး
Unsplash-Niamat Ullah

Karala အကျဉ်းထောင်ရှိ အမျိုးသမီး အကျဉ်းသားတော်တော်များများကတော့ အစားအသောက် နဲ့ အဟာရ သင်ခန်းစာတွေကို သင်ယူတတ်မြောက်ပြီး certificate တွေပါ ရရှိခဲ့ကြောင်း  သိရပါတယ်။ အသက် ၄၀ အရွယ်ရှိ အကျဉ်းသားကတော့ BCom, MCom, Ma in Journalism နဲ့ MBA in Marketing အစရှိသည့် ဒီပလိုမာဘွဲ့တွေကိုပါ ရရှိထားကြောင်း သိရပါတယ်။ လူသတ်မှုနဲ့ ထောင်ကျလာတဲ့ နှစ်ကြီးသမား Velu ဆိုတဲ့ အမျိုးသားကတော့ Mysore University က MBA ဘွဲ့ကို ရရှိခဲ့တဲ့အပြင် BASM (Alternative Systems of Medicine) ဆေးဒီပလိုမာဘွဲ့ပါရရှိခဲ့ကြောင်း သိရပါတယ်။

Pixabay-Pexels

Pyi Hein Kyaw

SHARE