ကြောင်စာကျွေးလို့ဆိုပြီး အရေးယူဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၇၉ နှစ်အရွယ်အမျိုးသမီး

fox8.com

တချို့နိုင်ငံတွေမှာ ပိုင်ရှင်မဲ့လမ်းဘေးက ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်လို့ အစာကျွေးကြတယ်ဆိုတာ မေတ္တာတရားရှေ့ထားတဲ့ လူသားဆန်ဆန်လုပ်ရပ်တစ်ခုဖြစ်ပေမယ့်လို့ တချို့နိုင်ငံတွေမှာတော့ ဒီလိုမျိုး လမ်းဘေးခွေးတွေ၊ ကြောင်တွေကို အစာကျွေးတာဟာ တရားမဝင်တဲ့ ကိစ္စရပ်တစ်ခုအဖြစ် ဥပဒေသတ်မှတ်ချက်တွေ ရှိလို့နေပါတယ်။ ဥပမာ အိုဟိုင်းရိုးက Garfield Heights မြို့လိုမျိုးပေါ့။

ဒီလိုတားမြစ်ထားတဲ့ ဥပဒေရှိနေတဲ့ကြားထဲကမှ ပိုင်ရှင်မဲ့ကြောင်လေးတွေကို အစာကျွေးမိလို့ဆိုပြီး တစ်ကြိမ်ထက်မကအရေးယူခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရှိနေပါတယ်။ သူမနာမည်ကတော့ Nancy Segula ပါ။ အသက်ကတော့ ၇၉ နှစ်ရှိနေပါပြီ။ Nancy ဟာ သူမအိမ်မှာနေနေရင်း အိမ်နီးချင်းအိမ်က အိမ်ပြောင်းသွားတာကို မခေါ်ဘဲ ထားပစ်ခဲ့တဲ့ ကြောင်လေးတွေကို သွားသတိထားမိခဲ့ပါတယ်။ ပိုင်ရှင်ကလည်းမရှိတော့၊ ကြောင်လေးတွေကလည်း ငယ်သေးတဲ့အတွက် စားရေးသောက်ရေးအတွက် စိတ်ပူမိတာကြောင့် အစာခေါ်ခေါ်ကျွေန်းဖြစ်နေခဲ့တာ နှစ်အနည်းငယ်ကြာနေခဲ့ပါပြီလို့ CNN မှာ ဖော်ပြထားခဲ့ပါတယ်။

fox8.com

ဒီလိုမျိုးပိုင်ရှင်မရှိတဲ့ stray cats တွေဟာ ပျံ့ပွားနှုန်းထိန်းချုပ်ထားခြင်းမရှိတဲ့အတွက်ကြောင့် အဲဒီပတ်ဝန်းကျင်မှာကြောင်တွေများလာမှာ၊ ရောဂါပျံ့မှာ စသဖြင့်စိုးရိမ်နေကြတဲ့ အိမ်နီးနားချင်းတွေကတော့ Nancy ရဲ့ လုပ်ရပ်ကို တိုင်ကြားခဲ့ပါတော့တယ်။ ၂၀၁၅ ကတည်းက အိမ်နီးချင်းတွေဟာ Nancy အကြောင်း တိုင်ကြားစာတွေပို့နေခဲ့တာ ဖြစ်တယ်လို့ မြို့ရဲ့ဥပဒေအရာရှိ Tim Riley က ပြောခဲ့ပြီး နေအိမ်အကျယ်ချုပ်အနေနဲ့ ၁၀ ရက်နေခဲ့ရကာ Nancy အိမ်ကို လာလာနေတဲ့ ကြောင်အကောင်ပေါင်း ၂၂ ကောင်ကိုလည်း ဖမ်းဆီးပြီး ဂေဟာပို့ဆောင်ခဲ့ပါတော့တယ်။ ဒီအပြင် နောက်ထပ် တိရိစ္ဆာန်တွေကို အစာထပ်မကျွေးပါဘူးဆိုတဲ့ ခံဝန်ကတိကိုလည်း ထိုးခဲ့ရပါသေးတယ်။ Nancy ကတော့ အားလုံးမေ့လောက်တဲ့အချိန်မှာ ထပ်ပြီး ပိုင်ရှင်မဲ့ လမ်းဘေးကြောင်တွေကို အစာထပ်ကျွေးခဲ့ပါတယ်။

READ
ဗြိတိန်တော်ဝင် မိသားစုမှ နှုတ်ထွက်မယ်လို့ သတင်းထွက်ပေါ်လာတဲ့ မင်းသားဟာရီ

ဒါကြောင့်ေ နာက်ထပ် သတိပေးစာတွေကိုတော့ ၂၀၁၇ ခုနှစ်က ထပ်မံပို့ခဲ့ပေမဲ့လည်း Nancy တစ်ယောက်ဟာ သတိပေးစာကို ဂရုမမူဘဲ ကြောင်တွေကို ခေါ်မွေးထားခြင်းမရှိ၊ အစာပဲ ကျွေန်းနေခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာတော့ အရေးယူခြင်းခံခဲ့ရပြီး အခုသြဂုတ်လထဲမှာ ထိန်းသိမ်းခံရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတော့တယ်။

fox8.com

Penny

 

SHARE