အလုပ်လက်မဲ့ ဖြစ်ခဲ့ရပေမယ့် အောင်မြင်တဲ့ Youtuber တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တဲ့ ဖိုးဖိုး

လက်ရှိ COVID 19 ဖြစ်နေတဲ့ ဒီလိုကာလမျိုးမှာ လူတော်တော်များများ အလုပ်နားခံထိကြမှာပါ။ အကြောင်းမျိုးစုံကြောင့် ကုမ္ပဏီတွေ ဆက်မလည်ပတ်တော့ပဲ စီးပွားရေးကျဆင်းကာ ဝန်ထမ်းတော်တော်များများကို အလုပ်မှ ထုတ်လိုက်ကြရပါတယ်။ ဒီလိုကာလအတွင်း အလုပ်လက်မဲ့ ဖြစ်သွားရခဲ့တဲ့ လူတွေထဲမှာ Titi Charly လို့ အမည်ရတဲ့ အသက် (၇၉) နှစ်အရွယ် ဖိုးဖိုးတစ်ယောက်လည်း ပါဝင်ပါတယ်။

Tito ဟာ မက္ကဆီကိုနိုင်ငံ၊ Monterrey မြို့ရှိ ကုန်စုံဆိုင်ကြီးတစ်ခုမှာ လုပ်ကိုင်နေတာ ၇ နှစ်ကျော်ရှိပါပြီ။ COVID 19 ကပ်ရောဂါကျရောက်ပြီး သိပ်မကြာခင်မှာပဲ ကုန်စုံဆိုင်ကြီးကို ဈေးဝယ်သူတွေ လုံးဝမလာတော့တာကြောင့် ဆိုင်ပိတ်လိုက်ရပြီး Tito တစ်ယောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် Tito ဟာ အလုပ်မရှိရင် မနေတတ်သူပီပီ သူ့သမီး Carlos Elizondo ရဲ့ အကူအညီယူပြီး ကိုယ်ပိုင် Youtube Channel တစ်ခု တည်ထောင်ခဲ့ပါတယ်။

READ
အစွန့်ပစ်ခံကြောင်ပေါက်လေးကို မိခင်စိတ်နဲ့ မွေးစားစောင့်ရှောက်နေတဲ့ ခွေးမလေး

အဲဒီနောက်ပိုင်းမှာတော့ Tito ဟာ ဟင်းချက်ဝါသနာကြီးသူပီပီ သူချက်တတ်တဲ့ ဟင်းလျာတွေကို ဗီဒီယိုရိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင် Youtube Channel မှာ တင်ခဲ့ပါတယ်။ မက္ကဆီကို အစားအစာတွေဖြစ်တဲ့ Chorizo, Piloncillo, Grilled cheese with bacon အစရှိတဲ့ ဟင်းလျာတွေကို သူ့နည်းသူ့ဟန်နဲ့ ချက်ပြခဲ့ပါတယ်။ သူချက်ထားသမျှအရာတွေအားလုံးဟာ အရသာရှိပြီး အရမ်းစားချင်စရာကောင်းတာဖြစ်တဲ့အတွက်ကြောင့် လူသိများလာခဲ့ပါတယ်။

Youtube-Tito Charly

အခုဆိုရင် Youtube Channel ထောင်တာ တစ်လ မပြည့်တဲ့အချိန်အတွင်းမှာတောင် sucscriber 43k ကျော် ရရှိခဲ့ပါတယ်။ ဒါ့အပြင် Tito ချက်တဲ့ အစားအစာတွေကို မက္ကဆီကို နိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ Monterrey မြို့၊ Saltillo မြို့၊ San Luis Potosi မြို့၊ Chihuahua မြို့၊ Torreon မြို့နဲ့ Guanajuato မြို့တွေကနေသာ ဝယ်ယူလို့ရနေပြီဖြစ်ပါတယ်။ “ ကျွန်တော် လုပ်နိုင်သမျှကို အကောင်းဆုံးလုပ်ထားတာပါ။ အလုပ်ပြုတ်သွားလို့ ပူဆွေးနေမယ့်ထဲမှာ ကျွန်တော်မပါပါဘူး။ ကိုယ်ဘာလုပ်နိုင်သေးလဲ ဆိုတာကို စဉ်းစားပြီါ်အဲဒီအရာကို အကောင်းဆုံးသာလုပ်ပါ။ အချိန်တန်ရင် အရာအားလုံး အဆင်ပြေသွားမှာပါ” လို့ Tito က ပြောကြားခဲ့ပါတယ်။

READ
သန့်ရှင်းရေးဘဝမှ ကုမ္ပဏီ CEO ဖြစ်လာခဲ့တဲ့ အလယ်တန်းအောင် Vernon Kwek

Pyi Hein Kyaw

SHARE