နာမည်ကျော် ဇာတ်ကောင် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား(၈)ယောက်

Imdb/Spectre

ဂျိမ်းစ်ဘွန်းလို့ ပြောလိုက်တာနဲ့ ပစ္စတိုတစ်လက်နဲ့ ရာဇဝတ်မှုတွေကို လိုက်ဖြေရှင်းတဲ့ လူတစ်ယောက်ကို ပြေးမြင်မိကြမှာပါ။ ဒ့ါအပြင် သူ့ရဲ့ နံပတ်ဖြစ်တဲ့ 007 ကိုလည်း သိကြမှာပါ။ တကယ်တော့ ဂျိမ်းစ်ဘွန်းကို စတင်မွေးဖွားခဲ့သူကတော့ Ian Fleming ဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့အတူ ဂျိမ်းစ်ဘွန်းဆိုတဲ့ လူတစ်ယောက်ကို မွေးဖွားပေးခဲ့သူပါ။

ဂျိမ်းစ်ဘွန်းရဲ့ မူလဝတ္ထု ၁၂ အုပ်ရှိပြီး ဂျိမ်းစ်ဘွန်းရဲ့ Short Story စာအုပ် (၂) အုပ်ကို ရေးသားခဲ့ပါတယ်။ Ian Fleming ကွယ်လွန်သွားချိန်မှာတော့ စာရေးဆရာ ၈ ယောက်ဟာ ဂျိမ်းစ်ဘွန်းဇာတ်လမ်းကို ဆက်ရေးဖို့ အခွင့်ရခဲ့တာပါ။ သိပ်မကြာခင်လည်း ဂျိမ်းစ်ဘွန်းကားအသစ်တစ်ကားထွက်လာတော့မှာဆိုတော့ ဂျိမ်းစ်ဘွန်းကားတွေထဲမှာ ဘယ်မင်းသားတွေက သရုပ်ဆောင်ခဲ့သလဲဆိုတာ ကြည့်ကြည့်ပါဦး။

Barry Nelson 

Amazon.com

အများစုကတော့ ဂျိမ်းစ်ဘွန်းကို စတာ ရှောင်ကွန်နရီဆိုတဲ့ မင်းသားကြီးရိုက်တဲ့ Dr.No က စတယ်ဆိုပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ တကယ်တော့ ရှောင်ကွန်နရီဟာ ဘယ်ရီနယ်ဆန်ရဲ့ နောက် ၈ နှစ်အကြာမှ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ထူးခြားချက်တစ်ခုကတော့ ဗြိတိန်သူလျှိုဂျိမ်းစ်ဘွန်းအဖြစ် ပထမဆုံး စတင်သရုပ်ဆောင်ခဲ့တဲ့  ဘယ်ရီနယ်ဆန်ဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တာပါပဲ။

Sean Connery

Imdb/GoldFinger

မင်းသားကြီးရှောင်ကွန်နရီပါပဲ။ ဒေါက်တာနိုး ဆိုတဲ့ ဂျိမ်းစ်ဘွန်းကားမှာ သရုပ်ဆောင်ခဲ့ပြီး ဂျိမ်းစ်ဘွန်းအဖြစ် အကောင်းဆုံးသရုပ်ဆောင်တစ်ယောက်လို့တောင် သတ်မှတ်ခြင်းခံထားရသူပါ။ သူကိုယ်တိုင်ကလည်း လိင်ဆွဲဆောင်မှုပြင်းထန်တဲ့ မင်းသားတစ်ယောက်ဖြစ်တာကြောင့်လည်း ဂျိမ်းစ်ဘွန်းဇာတ်ရုပ်ဟာ ကြွလာပါတယ်။

စုစုပေါင်း ၄ ကားတိတိ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ၄ ကားကတော့ Dr. No၊ From Russia With Love၊ Never Say Never Again၊ Goldfinger တို့ဖြစ်ပါတယ်။

Bob Simmons 

WikimediaCommons

ဘော့ဆိုင်မွန်စ်ကိုတော့ လူတွေ သိကြမှာ မဟုတ်လှပါဘူး။ ဟုတ်ပါတယ်။ သူက မင်းသားတစ်ယောက်တော့ မဟုတ်ပါဘူး။ ရှောင်ကွန်နရီရဲ့ ရုပ်ရှင်ကားတွေမှာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ စတန့်မင်းသားတစ်ယောက်ပါ။ ရုပ်ရှင်ထဲမှာ အက်ရှင်ခန်းတော်တော်များများဟာ ဘော့ဆိုင်မွန်စ်ပဲဖြစ်ပါတယ်။ ပိတ်ကားပေါ်မှာ ဘော့ဆိုင်မွန်စ်ရဲ့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချက်တွေကိုလည်း ပရိသတ်တွေက မြင်တွေ့ခဲ့တာဖြစ်ပါတယ်။ သူ့ကို ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တဲ့ မင်းသားတစ်ယောက်အဖြစ် စာရင်းထဲမှာ ထည့်ထားကြပါတယ်။

David Niven 

READ
Season 2 အတွက် ပြောင်းလဲမှုတွေလုပ်ထားတယ်ဆိုတဲ့ 13 Reasons Why
Imdb

ဒီနေ့ခတ်ေပရိသတ်တွေကတော့ Casino Royale လို့ဆိုလိုက်တာနဲ့ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တဲ့ Casino Royale ရုပ်ရှင်ကို မြင်မိကြမှာပါ။ ဒါပေမယ့် ၂၀၀၆ ခုနှစ် Casino Royaleဟာ ပထမဆုံးအကြိမ်ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားတော့ မဟုတ်ပါဘူး။ ၁၉၆၇ ခုနှစ်မှာလည်း Casino Royal အမည်နဲ့ ဂျိမ်းစ်ဘွန်းကားတစ်ကားရိုက်ခဲ့ပါသေးတယ်။ David Niven က အဲဒီ ရုပ်ရှင်ထဲမှာ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်သူပါ။

George Lazenby 

Amazon.com

ရှောင်ကွန်နရီဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားတွေမရိုက်တော့ချိန်မှာ နောက်ထပ် ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့သူကတော့ George Lazenbyဖြစ်ပါတယ်။ On Her Majesty’s Secret Service ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကံဆိုးတာတစ်ခုကတော့ ဂျော့ခ်ျဟာ အဲဒီ ရုပ်ရှင်ကို လုံးဝမနှစ်မြို့ခဲ့ပါဘူး။ ဒါကြောင့် ရုပ်ရှင်မထွက်ခင်မှာပဲ George Lazenby ဟာ ဂျိမ်းစ်ဘွန်းအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

Roger Moore 

Amazon.com

ဂျိမ်းစ်ဘွန်းဟာ ဗြိတိန်နိုင်ငံသား သူလျှိုတစ်ယောက်ပါ။ ရော်ဂျာမိုးကတော့ အဲဒီလို တကယ့်ဂျိမ်းစ်ဘွန်းတစ်ယောက်လို ဗြိတိန်နိုင်ငံသားစစ်စစ်တစ်ယောက်ပါ။ ရှေ့က ရှောင်ကွန်နရီဟာ စကော့တလန်နိုင်ငံသားတစ်ယောက်ဖြစ်သလို Lazenby ဟာလည်း သြစတေးလျနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ရောဂျာမိုးဟာ ဂျိမ်းစ်ဘွန်းအဖြစ် ရုပ်ရှင်ကား ၇ ကားတိတိ ရိုက်ကူးခဲ့သူပါ။

အဲဒီ ၇ ကားကတော့Live and Let Die၊ The Man With the Golden Gun၊ The Spy Who Loved Me၊ Moonraker၊ For Your Eyes Only၊ Octopussy၊ A View to Kill တို့ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်အဖြစ် အင်မတန်အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

Timothy Dalton

READ
မေလ ဒုတိယ အပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းကောင်းများ
Imdb

ရော်ဂျာမိုးဟာ ဂျိမ်းစ်ဘွန်းအဖြစ် ရိုက်ဖို့ သူ အသက်ကြီးနေပြီဖြစ်တယ်လို့ ယူဆပြီး ဂျိမ်းစ်ဘွန်းအဖြစ်က နှုတ်ထွက်သွားချိန်မှာ သူ့နေရာအစားဝင်လာခဲ့သူကတော့ Timothy Dalton ဖြစ်ပါတယ်။ Timothy Dalton က အစက ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖို့ ထုတ်ဝေသူတွေက သဘောကျခဲ့ပေမယ့် အဲဒီအချိန်တုန်းက သူဟာ အသက်ငယ်လွန်းတဲ့အတွက် ချန်လှန်ထားခဲ့သူပါ။ ရော်ဂျာမိုးတစ်ယောက် ထွက်သွားချိန်မှာတော့ သူဟာThe Living Daylights မှာ စပြီး သရုပ်ဆောင်ခဲ့ပါတယ်။

Pierce Brosnan

WikimediaCommons

Timothy Dalton  ရိုက်တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတွေ သိပ်မစွံချိန်မှာ နောက်ထပ် ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်ခဲ့သူကတော့ Pierce Brosnan ပဲ ဖြစ်ပါတယ်။လုံးဝကို Playboy တစ်ယောက်လို ရုပ်ရည်နဲ့ သရုပ်ဆောင်အစွမ်းတွေကြောင့် တခဏအတွင်း ဂျိမ်းစ်ဘွန်းအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုခဲ့သူတစ်ယောက်ပါ။ (၄)ကားတိတိ သရုပ်ဆောင်ခဲ့တာပါ။ အဲဒီ ၄ ကားကတော့ – GoldenEye၊ Tomorrow Never Dies၊ The World is Not Enough၊ Die Another Day တို့ဖြစ်ပါတယ်။

Daniel Craig

Imdb/CasinoRoyale

(၂၀၀၄) ခုနှစ် Pierce Brosnan ဂျိမ်းစ်ဘွန်းအဖြစ်ကနေ နှုတ်ထွက်သွားချိန်မှာ သူ့နေရာ အစားဝင်လာခဲ့သူကတော့ Daniel Craig ဖြစ်ပါတယ်။ Daniel Craig လက်ထက်မှာတော့ အရင်လို အမျိုးသမီးတွေရဲ့ အသည်းစွဲဂျိမ်းစ်ဘွန်းတစ်ယောက်လို မဟုတ်တော့ဘဲ သွေးအေးအေးနဲ့ ရင်ဆိုင်တဲ့ ဂျိမ်းစ်ဘွန်းတစ်ယောက်အဖြစ်ကို မြင်ရပါတယ်။ အခုထက်အထိတော့ ရုပ်ရှင်ကား (၄) ကားမှာ သရုပ်ဆောင်ထားပါတယ်။ အဲဒီ၎ ကားကတော့ Casino Royale၊ Quantum of Solace၊ Skyfall နဲ့ Spectre တို့ ဖြစ်ပါတယ်။ ဧပြီမှာ သူ့ရဲ့ နောက်ဆုံးဂျိမ်းစ်ဘွန်းအဖြစ်ရိုက်ကူးထားတဲ့ No Time To Die ဆိုတဲ့  ရုပ်ရှင်ကားလည်း ရုံတင်တော့မှာဖြစ်ပါတယ်။

Ye Yint Kyaw

SHARE