ဆောင်းရာသီမှာ အဖြစ်များလေ့ရှိတာကြောင့် မပေါ့ဆသင့်တဲ့ ရောဂါ (၈)မျိုး

Image:freepik.com/dimaberlin

အခုဆိုရင်တော့ မိုးအကုန် ဆောင်းရာသီကို ရောက်နေပါပြီ။ရာသီအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေ က တော့ မတူ ကြပါဘူး။ ဆောင်းရာသီမှာ အဖြစ် များတတ်တဲ့ ရောဂါတွေ အကြောင်းကိုတော့ Shwemom စာဖတ်သူတွေ ကို ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ဒီ ရောဂါတွေ အကြောင်းတွေကို တော့ ridgmountpractice နဲ့ srlworld တို့ မှာ ဖော်ပြထားတာတွေ ကို ပြန်လည် ကိုးကား ဖော်ပြ ပေးတာပါ။

အအေးမိ၊တုပ်ကွေး

Image:freepik.com/freepik

ဆောင်းရာသီမှာတော့ အအေးမိ၊တုပ်ကွေး ရောဂါ တွေအဖြစ်များပါတယ်။အခုက ကိုဗစ် ကူးစက်ရောဂါကလည်း ရှိနေတာကြောင့် အရင် ထက် ပိုပြီး အ အေးမိ ရောဂါ မဖြစ်အောင် ဂရုစိုက် ဖို့ လိုပါတယ်။အအေးမိ၊တုပ်ကွေး ရောဂါ တွေ မဖြစ် ရ အောင် လက်ကို ပုံမှန် ဆေးပါ(ကိုဗစ် အတွက် ပါ ကာကွယ်ပြီးသားဖြစ်)၊နွေးနွေး ထွေးထွေး နေပါ။အဓိက လုပ်ပေးရမှာက အများပြည်သူ သုံးတဲ့ ပစ္စည်းတွေကို ထိ တွေ့ပြီး ရင် လက်ကို သေချာ ဆေးကြောပါ။

အဆစ် အမြစ်နာကျင်

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရောဂါ တွေထဲက တစ်ခုပါ။လေးဘက်နာ သမားတွေ ဆိုရင် ပိုပြီး သတိထားဖို့ လိုပါတယ်။ရာသီ အပြောင်း အလဲ ဆိုရင် အဆစ်အမြစ်ေ တွ နာကျင်တာမျိုး ခံစားရတတ်ပါတယ်။နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။အရမ်း နာကျင် ရင်ေ တာ့ ဆရာဝန်နဲ့ ပြသပါ။

လည်ချောင်းနာ

Image:freepik.com/cookie-studio

လည်ချောင်းနာတဲ့ ရောဂါ ကလည်း ဆောင်းရာသီမှာ အဖြစ်များတဲ့ ရောဂါ တစ်မျိုးပါ။များသောအားဖြင့် ကေ တာ့ ဗိုင်းရပ်စ် ကူးစက်မှု ကြောင့် ဖြစ်ရတာပါ။အပူအအေး မမျှတတာ တွေ ကြောင့်လည်း လည် ချောင်း နာတာ မျိုး တွေ ဖြစ်တတ်ပါတယ်။အဓိက ကတော့ ဆားရည်လေးနဲ့ အာလုတ်ကျင်းတာ၊လည် ချောင်းနာ အအေးမိ အတွက် Mouth Wash နဲ့ Spray တို့ ကို ထုတ် ထား တဲ့ ဘီတာဒိုင်း တို့လို ဆေးဝါးတွေ လည်း ရှိပါတယ်။

READ
အသားအရေလှပနုပျိုနေစေမယ့် အစားအသောက်(၆)မျိုး

ပန်းနာရင်ကြပ်

အဖြစ်များတဲ့ေ နာက်ရောဂါ က တော့ ပန်းနာရပ်ကြပ် ရောဂါပါ။အခုလို ကိုဗစ်ကာလဆိုရင် ဒီလို မဖြစ် အောင် ပိုပြီးတော့ ကို ဂရုစိုက် နေ မှ ရပါမယ်။ရာသီဥတုကိုက ပန်းနာရင်ကြပ် သမားတွေ အရမ်းဂရုစိုက် နေ မှ ရပါမယ်။နွေးနွေးထွေးထွေးနေပါ။အအေးပတ် မခံပါနဲ့။

Norovirus

Image:.freepik.com/freepik

သူ့ကိုတော့ ဆောင်းရာသီရဲ့ vomiting bug ဆိုပြီး ခေါ် ကြပါတယ်။အစာအဆိပ်သင့်သလို မျိုး ပျို့ အန်တာ၊၀မ်းလျှော၊မအီမသာ ဝေဒနာ တွေကို ခံစားရ စေတဲ့ ရောဂါ မျိုးပါ။ဒါတွေက Norovirus ကူးစက်ခြင်းကြောင့် ဖြစ်ရတာပါ။ဆောင်းရာသီ မှာ ပို အဖြစ်များပြီး ဆေးရုံ၊ဟိုတယ်၊သက်ကြီး စောင့် ရှောက်ရေးဂေဟာ၊စာသင်ကျောင်းတို့ မှာ အဖြစ်များပါတယ်။တော်တော်လေးခံရ ခက်ပြီး ရက်အနည်းငယ် အတွင်းမှာ ပြန် ကောင်းသွား တတ်ပါတယ်။ဖျားနာ အော့အန်တာ မျိုး ဖြစ်ရင် အရေးကြီး ဆုံးက ရေဓါတ် မပြတ် ပါစေနဲ့။ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ သူတွေ ကို တော့ ပိုပြီး ဂရုစိုက် ပေးပါ။

READ
ငါးမိနစ်အတွင်း ခေါင်းကိုက် အမြန်ပျောက်နည်း

နှလုံး ရောဂါ

နှလုံး အမော ဖောက်တာ မျိုးတွေ၊နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ တွေ လည်း ဆောင်းရာသီမှာ အဖြစ် များပါတယ်။ရာသီဥတု အေး လာတာ ကြောင့် သွေးဖိအား blood pressure က တက်လာပြီး နှလုံးကို သွားထိတာပါ။နှလုံးက Body ရဲ့ အပူချိန်ကို ထိန်းဖို့ အလုပ် ပို လုပ် ရ တတ်ပါတယ်။အိမ်မှာ နွေးနွေးထွေး ထွေးေ နပါ။

လက်တွေ ၊ခြေတွေနာကျင်တာ

Raynaud’s ရောဂါ ကေ တာ့ ရှားပါတယ်။ဒါပေမယ့် ဖြစ်တတ်ပါတယ်။လက်ချောင်း၊ခြေချောင်းတွေမှာ ရှိတဲ့ သွေးကြော တွေ ကျဉ်း လာတာ ကြောင့် ဖြစ်တဲ့ ရောဂါ ပါ။ရာသီဥတု အေးလွန်းတာကြောင့် သွေးကြော တွေ ကျဉ်း လာပြီး သွေး စီးဆင်းမှု ခက်ခဲ တဲ့ နေရာ တွေ က ဖြူလာတာ၊ပြာလာတာ မျိုး တွေ ဖြစ်တတ်ပါတယ်။အဲ့လိုတွေ ဖြစ်တတ်ရင် ဆေးလိပ် ဖြတ်ပါ။ကဖင်းဓါတ် ပါတာ တွေကို ရှောင်ပါ။ခြေအိတ်၊လက်အိတ် စွပ်ပါ။

အသားခြောက်

Image:freepik.com/cookie-studio

ဆောင်းရာသီမှာ အသားခြောက် အသားပတ်တာတွေ က ပုံမှန် ဖြစ် နေကျပါ။အသားအရေ ရဲ့ အစိုဓါတ်ကို ထိန်းသိမ်း ပေးပါ။Lotion လိမ်းပါ။ကိုယ်သုံးတဲ့ ဆပ်ပြာ၊Skincare ပစ္စည်းတွေ ဆိုရင် အစိုဓါတ် ထိန်းပေးတာ မျိုး ကို ရွေးသုံးပါ။ရေ နွေးနွေး လေးနဲ့ ချိုးပါ။ရေ ပူ နဲ့ ရေချိုးရင် အရေပြားကို ပို ခြောက် သွေ့၊ယားယံလာစေပါတယ်။

#SHWEMOM

SHARE