လူတစ်ယောက်ကိုတကယ်ချစ်မိရင် ခံစားရမယ့်အချက်(၈)ချက်

ကျွန်တော်တို့ လူသားတွေဟာ အခြားသက်ရှိတွေထက် အချစ်ကို သိရှိခံစားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်
ပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ခံယူချက်တွေအပြင် ပြင်ပလူနေမှု ဘ၀မှာတောင် သွားလာ၊ နေထိုင်တဲ့ အမူအ
ယာတွေက ပြောင်းသွားပါတယ်။ အချစ်ကို ခံစားမိတဲ့အခါ ဒီထက် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေ ရှိနေပါသေးတယ်။ အဲဒီ အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟိုမုန်းတွေရဲ့ အပြောင်းအလဲ

အချစ်ကို စတင်ခံစားလိုက်ရပြီ ဆိုရင် အသံတွေတုန်တယ်၊ ပါးတွေနီတယ်၊ ကိုယ်နှလုံးခုန်သံကိုတောင် ကိုယ်က ပြန်ကြား
နိုင်တယ်၊ ဒါဟာ သွေးထဲမှာရှိတဲ့ ဟိုမုန်းတွေဟာ ဦးနှောက်ထဲကို လျှင်မြန်စွာ စီးဝင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမူအာ
ယာတွေ ဖြစ်ပါတယ်။

(၂) ကိုယ့်အကြောင်းထက် ပိုပြီး စဉ်းစားမိတယ်

တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုရင် ကိုယ့်အကြောင်းထက် သူ့အကြောင်းကိုပဲ ပိုပြီး စဉ်းစားမိပါတယ်။ အိပ်ယာဝင်ရင်
လည်း သူ့ အကြောင်း၊ အိပ်ယာထရင်လည်း သူ့အကြောင်း၊ အလုပ်သွား၊ အလုပ်ပြန် သူ့အကြောင်းတွေ ဖြစ်နေပါလိမ့်
မယ်။

READ
လက်ထပ်ပြီးစုံတွဲများ အချစ်တိုး၍ အိမ်ထောင်ရေးမြဲမြံစေမည့် နည်းလမ်း(၆)မျိုး

(၃) တစ်ယောက်တည်း ပြုံးမိတာ ခဏခဏ

သူရဲ့ ချစ်စဖွယ်အမူအယာလေးတွေဟာ စိတ်ထဲမှာ အမြဲမြင်နေရတယ်။ ဒီတော့ သူ့ရဲ့ အပြုအမူလေးတွေကို သတိရ
လိုက်တဲ့ ခဏ တစ်ယောက်တည်း ပြုံးမိတာမျိုးလေးတွေ၊ တစ်ခါတလေ အသံထွက် ရယ်မိတာလေးတွေ ရှိလာမှာပါ။

(၄) ရှက်စရာလို့ ယူစရတဲ့ အရာတွေလည်း လုပ်ရဲလာတယ်

ဥပမာ ကောင်မလေးတစ်ယောက်ကို ကြိုက်မိတယ် ဆိုပါစို့။ သူ့ အိမ်ရှေ့ တစ်နေ့ အခေါက်တစ်ရာလောက် လျှောက်ရ
တာကို ရှက်ရကောင်းမှန်း မသိတော့တာ။ နဖူးလေး ချွေးစို့နေရင် လူရှေ့သူရှေ့ သုတ်ပေးချင်တာ စသဖြင့်ပေါ့။ ချစ်စိတ်
နဲ့ ဒါတွေကို ရှက်ရကောင်းမှန်း မသိ ဖြစ်နေတတ်ပါတယ်။

(၅) ပုံမှန်မဟုတ်တဲ့ လုပ်ငန်းတွေလုပ်ရဲလာတယ်

ဥပမာအားဖြင့် ကောင်မလေးက ကာယသင်တန်းတက်နေတယ်ဆိုရင် ကိုယ် အရင်က နှာခေါင်းရှုံ့ခဲ့တဲ့ လုပ်ငန်း ဖြစ်နေ
ရင်တောင် အဲဒီသင်တန်း တက်ဖို့ ၀န်မလေးတော့ဘူး။ ကောင်မလေးက အမျိုးသမီးအသုံးဆောင်ပစ္စည်း ရောင်းဆိုင်က
ဝန်ထမ်းဖြစ်နေရင်တောင် ဆိုင်ထဲ မယောင်မလည် ၀င်ပြီး ဘရာစီယာတစ်ထည်လောက်တော့ ကိုင်ကြည့်လိုက်ရမှ-ဆို
တာလေးတွေ ပေါ့။

READ
ဒီအချက်(၅)ချက်စလုံးကို ခံစားနေရပြီဆိုရင် သင့်ချစ်သူနဲ့တစ်လအတွင်းပြတ်စဲတော့မှာပါ

(၆) ရုတ်တရက် ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို သတိထားမိတယ်

တစ်စုံတစ်ယောက်ကို ချစ်မိနေပြီဆိုရင် သူ ဒီရုပ်ကြီး ပြန်ချစ်နိုင်ပါ့မလား၊ စတိုင်ကရော သိပ်ရိုးနေပြီလား၊ ဘယ်လိုအ၀တ်
အစားဝတ်ရင် သူ ခိုက်နိုင်မလဲ-စသဖြင့် ဦးနှောက်မှာ အလုပ်တွေ တန်းစီနေတတ်ပါတယ်။

(၇) သီးချင်းဆိုချင်စိတ် ပေါက်လာမယ်

ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ယောက် မဖြစ်နိုင်တောင်မှ အချစ်ကို ခံစားမိတဲ့အခါ အသံ(၇)ပေါက် မသိလည်း လူ
တိုင်း အဆိုတော် ဖြစ်သွားပါတယ်။ သူ့ကို သတိရတဲ့အချိန် ဖွင့်ထားတဲ့ သီချင်းလေးကလည်း တိုက်ဆိုင်နေတယ်ဆို
ရင် ဒူးလေး တနန့်နန့်နဲ့ ညည်းမိတဲ့အထိ ဂီတပိုးဝင်တတ်ပါတယ်။

(၈) မျက်လုံး မမြင်ရတော့ဘူုး

မျက်လုံးမမြင်ရဘူးဆိုတာ ရုတ်တရက် အမြင်အာရုံပျောက်တာကို ပြောတာ မဟုတ်ပါဘူး။ သူ့ကို တကယ်ချစ်မိပြီဆိုရင်
နားရွက်မပါတာကိုလည်း မမြင်တော့ဘူး၊ ခြေဆာတာကိုလည်း မမြင်တော့ဘူး၊ ဗိုက်ရွှဲတာကိုလည်း မမြင်တော့ဘူး၊ နှုပ်
ခမ်းတိုတာကိုလည်း မမြင်တော့ဘူး၊ ချစ်နေမိပြီကိုးဗျ။

နတ်စည်တော် (Shwemom)

shwemom post photo

source : elitedaily.com

SHARE