နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံမှာ မတူညီတဲ့ ဓလေ့ထုံးစံတွေ၊ အမူအကျင့်တွေ ရှိတတ်ကြပါတယ်။ ဂျာမနီမှာရော ဘယ်လိုမျိုး ထူးထူးဆန်းဆန်း အမူအကျင့်တွေ ရှိနေမလဲဆိုတာ ကြည့်လိုက်ကြပါစို့နော်။
(၁) ရုပ်ရှင်လက်မှတ်
နိုင်ငံတိုင်းလိုလိုရဲ့ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်လက်မှတ် ဝယ်တဲ့အခါ ထိုင်ခုံအမျိုးအစားပေါ် မူတည်ပြီး လက်မှတ်ဈေးကွဲသွားကြတာပါ။ သို့ပေမယ့် ဂျာမနီမှာတော့ ထိုင်ခုံအမျိုးအစားမဟုတ်ဘဲ ရုပ်ရှင်ကြာချိန်ပေါ်မူတည်ပြီး ဈေးတွက်ဝယ်ရပါတယ်တဲ့။ တစ်လစာ ရုံတင်သမျှကားတွေအတွက်ကို (၂၃) ဒေါ်လာ ပေးရပါတယ်။ ပုံမှန်မိနစ်ဟာ (၁၂၀) မိနစ်ဖြစ်တာမို့လို့ ကိုယ်ကြည့်မယ့်ရုပ်ရှင်က (၁၂၀) ထက်ကျော်ပါက သတ်မှတ်နှုန်းအတိုင်း အပိုပေးရမှာပါ။ တစ်ခုရှိတာက လက်မှတ်ဝယ်ပြီးတာနဲ့ ရုံထဲ ခုံလွတ်တဲ့နေရာမှာ ကြိုက်သလိုဝင်ထိုင်နိုင်ပါတယ်။

(၂) တိုက်ခန်း
တိုက်ခန်းထောင့်တိုင်းလိုလိုမှာ အိမ်လုပ်ပျားရည်အိုးလေးတွေကို ဒီတိုင်းချထားကာ ရောင်းထားကြပါတယ်။ နောက်ပြီး ကိုယ်နေမယ့်အခန်းဖြစ်ဖြစ်၊ သူငယ်ချင်းရှိတဲ့အခန်းကိုလာလည်တာပဲဖြစ်ဖြစ် ဂျာမန်တွေဟာ တွေ့တာနဲ့ ရယ်ပြနှုတ်ဆက်တတ်တဲ့ ဖော်ရွေမှုလေးလည်းရှိပါတယ်။

(၃) ကိုယ်တိုင်ယူစနစ်များ
ပြည်သူတွေကို ယုံကြည်ထားပုံများ သတင်းစာတို့ဘာတို့ကို ဒီအတိုင်း စင်လးချ၊ သတင်းစာလေးတွေတင်၊ ပိုက်ဆံပုံးလေးထားပေးထားတာပါ။ ဝယ်သူတွေကလည်း ပုံးထဲပိုက်ဆံလေး ထည့်သွားကြပါတယ်။

(၄) လုံခြုံရေး
ဂျာမနီမှာက အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အထူးအလေးထားပါတယ်။ လမ်းထောင့်တိုင်းလိုလိုက လုံခြုံရေးရှိမယ့်နေရာတွေကို ပြထားတဲ့လမ်းညွှန်မြေပုံလေးတွေ လိုက်ဝေလေ့ရှိပါတယ်။ အန္တရာယ်တစ်စုံတစ်ခု ဖြစ်လာတဲ့အခါ ကူညီဖြေရှင်းပေးဖို့ ဘာသာစကား (၁၅) မျိုးနဲ့ (၂၄) နာရီ ဝန်ဆောင်မှုပေးနေတဲ့ call center တွေလည်း ရှိတာကြောင့် လုံးဝစိတ်ပူစရာမလိုပါဘူး။

(၅) ခရစ်စမတ်သစ်ပင်များ
သစ်ပင်အစစ်ကိုသာ ခရစ်စမတ်သစ်ပင်အဖြစ် အသုံးပြုကြသူများဖို့ ဇန်နဝါရီလ (၁) ရက်နေ့မှာ အိမ်ရှေ့လမ်းမထက်သို့ စနစ်တကျ ထားထားရမယ်ဆိုတဲ့ စည်းကမ်းထားပေးထားပါတယ်။ အမှိုက်သိမ်းသူများဟာ သစ်ပင်တွေကို သိမ်းသွားပြီး recycle လုပ်မယ့်နေရာသို့ ပို့ဆောင်ပေးပါတယ်။ အကယ်၍ အိမ်ရှင်ဟာ သစ်ပင်ပစ်တဲ့စည်းကမ်းကို မလိုက်နာပါက ဒဏ်ကြေးပေးဆောင်စေပါတယ်။

(၆) ထူးထူးဆန်းဆန်းမုန့်များ
အာလူးကြော်ကို ချောကလက်အရသာ၊ ဟမ်ဘာကာအရသာ၊ အချဉ်အရသာ စသည်ဖြင့် ထူးထူးဆန်းဆန်း အရသာရှိတဲ့ မုန့်တွေကို ပေါပေါသီသီတွေ့ရမှာပါ။ ဒီအပြင် ပီဇာဘာဂါဆိုတာလည်း ရှိသေးတယ်နော်။


(၇) အခုလတ်တလောတော့ ဂျာမနီမှာ ဘောလုံးတွေကို အလကားပေးနေပါတယ်တဲ့။ ၂၀၁၈ ကမ္ဘာ့ဖလားရှုံးသွားတဲ့အတွက် မျိုးဆက်သစ်လူငယ်များ ဘောလုံးကစားခြင်းကို ဝါသနာထုံပြီး ပိုတိုးတက်လာစေအောင်ပါ။

Source: Bright Side
Penny