မူလရုပ်ရှင်နဲ့ ကွဲလွဲနေလို့ စိတ်ကျေနပ်မှု မရနိုင်ကြတဲ့ Disney ဖန်တွေရဲ့ ထောက်ပြမှုများ

အာလာဒင်ဟာ တကယ်ကိုပဲ အားလုံးထင်ထားတာထက်ကိုပိုပြီး လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Disney ရဲ့ အမာခံ ပရိတ်သတ်တွေက မူလရုပ်ရှင်နဲ့ အခုအသစ်ရဲ့ တစ်ချို့သော ကွဲလွဲ ခြားနားနေပုံတွေနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာတွေ ရှိပါတယ်။ အဲ့ဒီ့လို့ ကွဲပြားခြားနားမှု တစ်ချို့ကိုလည်း ဖော်ပြပေးဖို့ ပြင်ဆင်ထားပါတယ်။

ကာတွန်းမှာတော့ စစချင်းမှာ ကုန်သည်က Aladdin ရဲ့ ဇာတ်ကြောင်းကို ပြောပြတာနဲ့ စပါတယ်။ ရုပ်ရှင်မှာတော့ ပြန်လည်ပါဝင်လာတာမျိုးမတွေ့ရပါဘူး။

YouTube/Disney

Jasmine က Sultan ဖြစ်ချင်တယ်…

Disney

ကာတွန်းထဲမှာတော့ Jasmine က နန်းတော်ထဲကနေ ထွက်ပြေးချင်ခဲ့တာပါ။ ဒါပေမယ့် ပြန်လည်ရိုက်ကူးရာမှာတော့ သူမက တကယ့် အုပ်စိုးသူတစ်ယောက်ဖြစ်ချင်နေပါတယ်။

Disney

ကာတွန်းမှာ Aladdin က တစ်လျှောက်လုံး ခြေဗလာနဲ့ပါ..။ ဒါပေမယ့် လူရုပ်ရှင်မှာတော့ လုံးဝ သပ်သပ်ရပ်ရပ်ပါပဲ။ လူ ရုပ်ရှင်ဖြစ်တဲ့အတွက်ရော… ခေတ်ကာလနဲ့ လိုက်လျောညီထွေးမှုရှိအောင် ပြင်ဆင်တယ်ပဲ ခန့်မှန်းရပါတယ်။

READ
အနီရောင်မီးရောင်အောက်မှာ ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဝတ်မှုန်ရွှေရည်

 

Will Smith က ထွက်လာကတည်းက  ရက်ပ်တွေ ရွတ်တာ တောက်လျှောက်ပဲ..။ Will Smith အရည်အချင်းကို အပြည့်အ၀ အသုံးချထားတာကို အထင်းသားတွေ့မြင်ရပါတယ်။

READ
ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဥက္ကာမင်းမောင်
Disney

ကာတွန်းကားထဲမှတော့ Aladdin ဟာ ဈေးက ပေါင်မုန့်ကို ခိုးရင်း သီချင်းဆိုပါတယ်။ ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်မှာတော့ အဲ့ဒီ့ သီချင်းအတွက် Jasmine ပါတွဲပြီး ပါဝင်နေတာကို တွေ့ရပါတယ်။

Disney

Jafer ဟာ Jasmine ကို လက်မထပ် လိုပါဘူး…

Aladdin

Jafar ကတော့ သက်ဝင်ရုပ်ရှင်ထဲမှာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ သူဟာ Sultan ဖြစ်ချင်ပြီး ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်စီးလုပ်ချင်နေပါတယ်။

Matthew (ShweMOM)

SHARE