ဆွဲဆောင်မှုရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်စေဖို့နည်းလမ်း(၈)ခု

မိန်းကလေးတွေဟာ ယောက်ျားတွေကို ဘယ်လိုဟာမျိုးတွေ သဘောကျတယ်ဆိုတာ သိမှ ကိုယ့်ရဲ့ပိုးပန်းမှုဟာ ခရီး
ရောက်ပါတယ်။ ဒီတော့ အောက်ပါအချက်(၈)ချက်ကို ဂရုတစိုက်လုပ်ကြည့်ပါလို့ ယောက်ျားလေး ပရိသတ်ကို Shwemom တိုက်တွန်းပါရစေ။

(၁) အပြုံး

အပြုံးကို လူတိုင်း နှစ်သက်ကြပါတယ်။ ဒါကို ကိုယ်ကလည်း သဘောပေါက်ဖို့ လိုပါတယ်။ မလိုအပ်ပဲ ပြုံးပြတာထက်၊ အ
ကြောင်းတိုက်ဆိုင်လို့၊ စကားပြောရင်း ဆိုရင်း သပ်သပ်ရပ်ရပ်ကလေး ပြုံးပြတာမျိုးကို ကောင်မလေးတွေ ခိုက်တတ်ပါ
တယ်။ မလိုအပ်ပဲ ပြုံးပြရင် ပြန်စရာ လမ်းစာရိတ် မရှိတဲ့သူလို့လည်း အထင်ခံရနိုင်ပါတယ်။

(၂) ကြင်နာမှု

ယောက်ျားလေးတွေရဲ့ ကြင်နာမှုဟာ ခပ်တည်တည် ဆန်ပါတယ်။ မိန်းကလေးတွေလောက် နုရွချင်မှ နုရွမှာပါ။ ဒါပေမယ့် ကိုယ့်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတရာကို ကြင်နာသနားတတ်တဲ့ စိတ်ကလေး ရှိပါလား-လို့ ကောင်မလေးတစ်ယောက်
ယောက်က တွေးနေတယ်ဆိုတာ သေချာရင် သူ့ကို စတင်ချဉ်းကပ်ဖို့ အချိန်ကောင်းပါဘဲ။

READ
ထားသွားတဲ့ကောင်မလေးကို ခေါက်ထားနိုင်ဖို့ အလွယ်ဆုံးနည်းလမ်း(၅)မျိုး

(၃) ဟာသအမြင်

ဟာသကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ပါတယ်။ ခွက်ခွက်လန်အောင် ရယ်ရမှ ဟာသခေါ်တာ မဟုတ်ပါဘူး။ ပြုံးရုံကလေး
ပြောနိုင်ရင်လည်း ဟာသပါဘဲ။ စကားနဲ့ မပြောဘဲ အမူအယာနဲ့တင် ရယ်ရတဲ့ ဟာသတွေလည်း ရှိပါတယ်။

(၄) ခန္ဓာကိုယ်အချိုးအစား

ဒါကတော့ အကြိုက်ချင်း တူချင်မှ တူနိုင်မှာပါ။ အချို့က ကာယဗလမောင် ခန္ဓာကိုယ်မျိုးကို သဘောတာမျိုး ရှိနိုင်သလို၊
တစ်ချို့ကကျတော့ ပိန်လှီလှီကောင်လေးတွေကို နှစ်ခြိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဟော တစ်ချို့မမတွေကကျတော့
စားနိုင်သောက်နိုင် ဘီယာဗိုက်ပိုင်ရှင် ကိုကိုတွေကိုလည်း အထင်ကြီးသဘောကျနိုင်ပါတယ်။

(၅) အကြည့်

အချို့ယောက်ျားတွေက ညှို့ဓာတ်ပြင်းကြပါတယ်။ အနက်ကို အမဲဖြစ်အောင်အထိ ညှို့နိုင်ကြပါတယ်။ (နောက်ထာနော။)အဲဒီလို ယောက်ျားတွေနဲ့ အကြည့်ချင်းဆုံမှာကို အမျိုးသမီးတွေ ပျော်လည်းပျော် ကြောက်လည်းကြောက် ကြည့်လည်း
ကြည့်ချင်-ဆိုတာမျိုးအထိ ဖြစ်တတ်ပါတယ်။

READ
ချစ်သူကိုကောင်မလေးကိုမေးသင့်တဲ့ ပျော်စရာမေးခွန်းတွေ

(၆) ဉာဏ်ပညာ

ယောက်ကျားတို့ဘုန်း လက်ရုံး-ဆိုတာထက် ကျွန်တော်ကတော့ ယောက်ျားတို့ဘုန်း ဉာဏ်ပညာလို့ ပြင်ချင်ပါတယ်။
ဉာဏ်ပညာမရှိဘဲ လက်ရုံးကောင်းတယ်၊ အားသန်တယ်၊ ခွန်အားဗလကြီးတယ်ဆိုရင် သေချာတယ် ဒီလူ အီးဘော
လောကြီး၊ မြှောက်ကားကြီးဖြစ်နေမယ်ဆိုတာ။

(၇) ဆက်ဆံရေး

ဆက်ဆံရေးမကောင်းတဲ့ ယောက်ျားမျိုးဆို မိန်းမတွေက အနားမကပ်ချင်ကြပါဘူး။ တကယ် ရေရှည်တွေးကြည့်ရင် ဆက်
ဆံရေးမကောင်းတဲ့ အမျိုးသားတစ်ယောက် ဦးစီးမဲ့ အိမ်ထောင်သည်ဘ၀မှာ အခြား အဆင်မပြေနိုင်တာတွေ အများကြီး
က စောင့်ကြိုနေပါတယ်။

(၈) သွား/ဆံပင်

အချို့ယောက်ျားတွေကတော့ သွားလေးတွေ အတော်လှပါတယ်။ ဆရာနီကိုရဲပြောသလို ခြောက်လုံးပြုးကျည်ဆံလေး
တွေ စီပြီး ထောင်ထားသလိုကို လှကြတယ်၊ တစ်ချို့တွေကကျတော့ ဆံပင်က မိုက်တယ်။ ခေတ်သုံးစကားနဲ့ ပြောရင်
လန်းချက်က 9+ ပေါ့။ ဒါမှမဟုတ် ရေလည် လန်းဒယ်-ပေါ့ဗျာ။

နတ်စည်တော် (Shwemom)

shwemom-post-photo-1-1

source : yourtango.com

SHARE