ကောင်မလေးတွေခိုက်အောင် ပဲပေးနည်းများ

အမျိုးသမီးတွေခိုက်အောင် လုပ်တဲ့နည်းတွေ အများကြီးရှိပါတယ်။ တစ်ချို့သော အမျိုးသားတွေဟာ ဒီလို အကြံအဉာဏ်
မျိုးတွေကိုလည်း လက်မခံ၊ ကိုယ့်ပုံစံကလည်း မဟန်ဖြစ်နေတတ်ပါတယ်။ ဒီတော့ မရှက်ပါနဲ့ အောက်ပါနည်းလမ်းတွေကို
သုံးကြည့်ဖို့ Shwemom က တိုက်တွန်းပါရစေ။ အဆင်ပြေပါလိ့မ်မယ်။

(၁) စူးစိုက်မှုအပြည့်နဲ့ လှုပ်ရှားပါ

အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်မယ်ဆိုရင် စိတ်မပါသလို၊ ပါသလို သွားပြီး ဇာတ်လမ်းမစပါနဲ့ … သင့်ထက် စိတ်ပါ၊ လက်ပါသမားနောက် ပါသွားတတ်ပါတယ်။ ဒီတော့ စိတ်ထက်သန်မှု ရှိနေပါစေ။

(၂) မျက်လုံးချင်း စုံအောင်ကြည့်

မျက်လုံးမှာ စွမ်းအားတွေ အများကြီးပါဝင်ပါတယ်။ ကိုယ်က အမျိုးသားဖြစ်တဲ့အတွက် ရဲရဲသာ စိုက်ကြည့်ပါ။ စားမလို ၀ါးမ
လိုကြီးတော့ မကြည့်ပါနဲ့။ အမြတ်တနိုး မျက်ဝန်းလေးနဲ့ ကြည့်ပါ။ ဒီအချိန်ဆို သူတို့စိတ်ထဲ တွေးနေလောက်ပြီ … အို
မျက်ဝန်းနက်နဲ့ … သူရယ် … ဆိုပြီးပေါ့။

READ
အရက်နာကျခြင်းကို ကာကွယ်ဖို့ အသုံးဝင်မယ့်နည်းလမ်းများ

(၃) အပြုံးမှာ ဆရာတစ်ဆူဖြစ်ပါစေ

တစ်ချို့ယောက်ျားတွေ ပြုံးတာက ကောင်မလေးတစ်ယောက်ကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေတဲ့အထိ ပါဝါတွေ
ပြင်းပါတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ ပြုံးသင့်တယ်ဆိုတာထက် ဘယ်လို အခြေအနေမျိုးမှာ ပြုံးရမယ်ဆိုတာ သိရင် အ
ဆင်ပြေပါတယ်။

(၄) သိမ်မွေ့သောချဉ်းကပ်မှုကို အသုံးပြုပါ

အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်က နူးညံ့ညင်သာကြသလို၊ သူတို့အပေါ်မှာ နူးညံညင်သာသူတွေကိုလည်း ဦးစားပေး
တတ်ကြပါတယ်။ ဒါကို ကိုယ်က ဟောဟောဒိုင်းဒိုင်းကြီး သွားချဉ်းကပ်မိရင် ပွဲက ပြီးနေပြီ။

(၅) နားထောင်ပါ

နောက်တစ်ခုက အမျိုးသမီးတွေဟာ သူတို့ပြောတဲ့စကားကို ဂရုတစိုက် နားထောင်မှ သဘောကျပါတယ်။ အမျိုးသမီးအ
များစုဟာ ခင်လေ စကားပေါလေဖြစ်တာမို့ ဒါကို ငြီးငွေ့စရာကြီးလို့ သွားပြီးထင်လို့မရ။ သင့် စိတ်ရှည်မှုကို အမှတ်ပေး
တဲ့ အချိန်ဖြစ်ပါတယ်။

(၆) အထိအတွေ့

မတော်တဆ အထိအတွေ့မျိုးလေးတွေ ဖန်တီးပေးပါ။ ဥပမာ ပစ္စည်းတစ်ခုခုပေးတဲ့အခါ လက်ချင်းထိတာမျိုး၊ ဘက်စ်
ကားပေါ်မှာ အခြားအမျိုးသားတွေ ရန်က ကာကွယ်ပေးတာလိုလိုနဲ့ မသိလိုက်မသိဘာသာ ပုခုံးကို ဖက်တာမျိုး-တို့ပေါ့။
နည်းနည်းတော့ ရိုးသားရတာပေါ့ဗျာ။

READ
ကမ္ဘာတစ်လွှားကပုရိသများ၏လိင်အင်္ဂါအရွယ်အစားကို လေ့လာသူများထုတ်ဖော်

(၇) ယုံကြည်မှု အပြည့်ထားပါ

ကောင်မလေးတစ်ယောက်ကို ခိုက်ပြီဆိုရင် လျှော့တိလျှော့ရဲ၊ ပျော့တိပျော့တွဲ မလုပ်ပါနဲ့။ ဒါကို သူတို့တစ်တွေ စိတ်အ
ပျက်ဆုံးပါဘဲ။ သန်းကြွယ်သူဌေးတစ်ယောက်နဲ့ ယှဉ်ပြီး ချဉ်းကပ်ရတယ်ဆိုရင်တောင် အဲဒီသန်းကြွယ်သူဌေးကို သူ
တောင်းစား သာသာ၊ ကိုယ့်ကိုယ်ကိုယ်ကျတော့ ဘုရင့်သားထက် နှာတစ်ဖျားသာနေသူလို့ မှတ်ပြီး ရဲရဲပြိုင်ပါ။

(၈) ယောက်ျားပီသပါစေ

ဘာကြောင့် ယောက်ျားပီသဖို့ လိုတာလဲ-ဆိုတော့ မိန်းမဆိုတာ ယောက်ျားကို စိတ်ဝင်စားတယ်၊ ယောက်ျားကလည်း မိန်း
မကို စိတ်ဝင်စားတယ် … သင့်ပုံစံက ကနွဲ့ကလျဖြစ်နေရင်တော့ တစ်ခြား စိတ်ဝင်စားလာနိုင်သူတွေ ရှိတယ်။ ဒါကို သ
ဘောပေါက်ဖို့ လိုပါတယ်။

နတ်စည်တော် (Shwemom)

source : lovepanky.com

shwemom-post-photo-1-1

SHARE