ကျောက်ကပ်ကျန်းမာရေးအတွက် ရှောင်ကြဉ်ရမယ့် အချက် (၈) ချက်

Shutterstock

ကိုယ်ခန္ဓာကျန်းမာဖို့အတွက် ကျောက်ကပ်တစ်စုံဟာ အဓိကအရေးပါပါတယ်။ ဆန်ကာသဖွယ်၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ချေမှုန်းပေးခြင်းနဲ့ ပိုလျှံနေတဲ့ရေများကို လျှော့ကျပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို စည်းချက်မှန်မှန်ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါကြောင့် အဓိကလုပ်ငန်းတာဝန်တွေကို ယူထားတဲ့ ကျောက်ကပ်ကို ထိန်းသိမ်းပါမှ မိမိကျန်းမာရေးဟာလည်းကောင်းနိုင်မှာဖြစ်ပါတယ်။

ကျောက်ကပ်တွေကို ပျက်ဆီးစေနိုင်မယ့် အမူအကျင့်များကို လူတိုင်းလိုလိုဟာ နေ့တိုင်းနီးပါး ပြုလုပ်လေ့ရှိနေကြပါတယ်။ အချိန်မလွန်ခင် ဆင်ခြင်လို့ရအောင်လို့ အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေကို လုံလောက်စွာမသောက်ခြင်း

shutterstock

ရေလုံလုံလောက်လောက် မသောက်ပါက သွေးလည်ပတ်မှုကို နှောင့်နှေးစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို စုပုံစေပါတယ်။

(၂) ဆီးအောင့်ထားခြင်း

shutterstock

ဆီးသွားချင်တဲ့အခါ မသွားဘဲ နောက်မှ စုပုံသွားခြင်းဟာ ဆီးအိမ်နှင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဆီးကျင်ခြင်းဝေဒနာကို နောက်ဆက်တွဲအနေနဲ့ ခံစားရနိုင်ပြီး အခန့်မသင့်ပါက ကျောက်ကပ်ရောဂါနဲ့ ကျောက်တည်ခြင်းတို့ပါ ဖြစ်ပွားစေပါတယ်။

(၃) အငန်ဓာတ်လွန်ကဲခြင်း

shutterstock

အငန်ကြိုက်တဲ့လူတွေအနေနဲ့ ကိုယ်ခန္ဓာမှ လိုအပ်တဲ့ အငန်ဓာတ်ထက်ကျော်လွန်ပြီး စားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ ကျောက်ကပ်ဟာ ဆိုဒီယမ်ဓာတ်ကို စစ်မထုတ်ပေးနိုင်တာကြောင့် ကျောက်တည်ခြင်းကို ဖြစ်ပွားစေပါတယ်။

(၄) ကဖိမ်းဓာတ်လွန်ကဲခြင်း

shutterstock

ကော်ဖီ၊ ဆိုဒါတို့လို ကဖိမ်းဓာတ်များစွာပါဝင်တဲ့ အစားသောက်တွေကို ခဏခဏသောက်သုံးပေးပါက သွေးဖိအားကိုမြင့်တက်စေတာကြောင့် ကျောက်ကပ်မှာ ဒုက္ခဖြစ်ပွားစေပါတယ်။

READ
သလဲသီးရဲ့ အကျိုးအာနိသင်(၉)မျိုး

(၅) အကိုက်အခဲပျောက်ဆေးများ လွန်ကဲစွာမှီဝဲခြင်း

shutterstock

အနည်းငယ် နာကျင်ကိုက်ခဲတာမျိုးကိုတောင်မှ အကိုက်အခဲပျောက်ဆေး မှီဝဲတတ်တဲ့လူဆိုရင်တော့ ဒီအကျင့်ကို ဖျောက်မှဖြစ်မှာပါ။

(၆) ပရိုတင်းဓာတ်လွန်ကဲနေခြင်း

shutterstock

ရှိသင့်ရှိထိုက်တဲ့ ပရိုတင်းဓာတ်ပမာဏထက် ပိုရှိနေပြီဆိုလျှင်လည်း ကျောက်ကပ်ပျက်ဆီးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုဆိုင်ရာတွေကို တတ်နိုင်တာထက် ပိုပြီး ဖိအားပေးတဲ့အတွက်ကြောင့်ပါ။

(၇) နေထိုင်မကောင်းစဉ် ကောင်းစွာအနားမယူခြင်း

shutterstock

ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ အနားယူဖို့ လိုအပ်နေတဲ့ ကိုယ်ခန္ဓာကို အနားမပေးဘဲ အခြားအလုပ်တွေကို ဖိလုပ်နေမယ်ဆိုရင်တော့ ကျောက်ကပ်တင် မဟုတ်ပါဘူး၊ အခြားသော ကလီစာတွေကိုပါ ထိခိုက်စေပါတယ်။

(၈) အရက်သေစာအလွန်အကျွံသောက်သုံးခြင်း

shutterstock

ကျန်းမာရေးကြောင့် ရံဖန်ရံခါ မှီဝဲလျှင် ပိုပြီးကျန်းမာလာနိုင်ပေမယ့် အလွန်အကျွံ သောက်သုံးလျှင်တော့ ကျောက်ကပ်အပြင် အစာအိမ်၊ အသည်းနှင့် နှလုံးကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

Source: Elite Readers

Penny

SHARE