ချင်း(ဂျင်း)က ပေးတဲ့ ကျန်းမာရေး ကောင်းကျိုး ( ၈) မျိုး

Image:.freepik.com/may_chanikran

ချင်း(ဂျင်း) က တော့ အိမ်သုံးဆေးဝါးတစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။မီးဖို ချောင်မှာ အလွယ်တကူ ရနိုင် တဲ့ အရာ ဖြစ်ပြီး ဈေးလဲ မကြီးပါဘူး။ဒါကြောင့် ဘယ်သူ မဆို အလွယ်တကူ ၀ယ်ယူ သုံးစွဲလို့ ရတဲ့ အရာတစ်ခုပါ။လွယ်လွယ်လဲ ရ ဈေးလဲ  သက်သာ တယ်ဆို ပေမယ့် သူ့ရဲ့ အစွမ်းကို တော့ လျော့ တွက် လို့ မရ ပါဘူး။ရှေးလူကြီးေ တွဆိုရင် ချင်း(ဂျင်း) ကို ဆေးဝါး တစ်ခုလိုပဲ မှီဝဲကြတာတွေ ရှိပါတယ်။သူ့ရဲ့ ကျန်းမာရေး ကောင်း ကျိုးတွေ က တော့ အများကြီးပါ။အဲ့ဒီအထဲကမှ တစ်ချို့ကို ဖော်ပြေ ပးချင်ပါတယ်။ဒီအ ကြောင်းကို goodhousek eeping မှာ ဖော်ပြထားတာပါ။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေ

Image:freepik.com/racool-studio

ကိုယ်ခံအားနည်း တဲ့ သူတွေ အနေနဲ့ ပုံမှန် မှီဝဲ သင့်ပါတယ်။သူ့မှာဆိုရင် တော့ gingerol ဆိုတဲ့ ဒြပ် ပေါင်း တစ်မျိုး ပါဝင် ပါတယ်။အဲ့ဒီ ဟာက antioxidant အစွမ်းရှိပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကောင်း မွန် လာအောင် အများကြီး အထောက် အပံ့ ဖြစ် စေပါတယ်။ဒါကြောင့် လူကြီးတွေဆိုရင် ဂျင်းပြုတ် ရည်ကို ကျန်းမာရေး အတွက် ဆေး တစ်ခွက် အ နေနဲ့ ပုံမှန် မှီဝဲကြတာပါ။

ရာသီလာတဲ့ အခါ ခံစားရတဲ့ ဝေဒနာ တွေကို သက်သာစေ

အမျိုးသမီး တွေ အတွက် လည်း ဆေးတစ်ခွက် ပါ။ရာသီလာတဲ့ အခါ မှာ ခံစားရတဲ့ နာကျင် ခံစားမှု တွေကို ဂျင်းက ကု စား ပေးနိုင်ပါတယ်။ဂျင်းကို ပါးပါးလေးလှီးပြီး ရေ နွေးစိမ် သောက်တာ မျိုး ကို လုပ် ပေးမယ် ဆိုရင် တော့ ရာသီလာရင် ကြုံ ရတဲ့ ဝေဒနာ တွေကို လျော့ပါး သက်သာ ပျောက် ကင်း စေပါတယ်။

READ
ရင်သားကြီးအောင် ခွဲစိတ်မှုပြုလုပ်ရာမှ ဦးနှောက်ပျက်သွားတဲ့ မိန်းကလေး

ကိုယ်ဝန် ဆောင် ချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို သက်သာ

ကိုယ်ဝန် ဆောင်တဲ့ အချိန်မှာ မအီမသာ ခံစားရတာတွေ အတွက် လည်း ကု စား ပေးနိုင်ပါတယ်။(၂၀၁၈) တုန်းက  လေ့လာ မှု တစ်ခု မှာတော့ ချင်း(ဂျင်း)ကို တစ်နေ့ 1g လောက် မှီဝဲ ပေးရင် မအီ မသာ ဖြစ်တာ၊မူးဝေ၊အော့ အန် တာ မျိုး တွေကို သက်သာ စေ တယ်လို့ ဆိုထားပါတယ်။

ရောင်ရမ်းမှုတွေ ကို သက်သာ စေ

ရောင်ရမ်းတာတွေကို သက်သာ ပျောက်ကင်းစေတဲ့ အစွမ်းလည်း သူ့မှာရှိပါတယ်။သူ့မှာ ပါတဲ့ antioxidant လို ဒြပ် ပေါင်း phytonutrients ကြောင့် ဒီလို အစွမ်းရှိတာပါ။

ဆီးချို၊သွေးချို အတွက် ကောင်း

Image:freepik.com/thanthima

အခုနောက်ပိုင်းမှာတော့ ဆီးချို ၊သွေး ချိုက အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါ၊အသံ တတ် လူသတ် သမား ဖြစ်လာ နေပါပြီ။ဒါတွေ ကလည်း လူတွေရဲ့ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံ တွေ ကြောင့်ပါ။လူ့ အသက်ကို ဖြည်းဖြည်း ခြင်း နုတ် ယူတတ်တဲ့ ဆီးချို၊သွေး ချို အတွက် တော့ ဂျင်းက  ဆေးတစ်မျိုးပါ။သိပ္ပွံပညာရှင် တွေ က တော့ ဂျင်းမှာ ပါတဲ့ ဒြပ် တစ်မျိုးက အင်ဆူလင် နဲ့ ဇီ ၀ဖြစ်ပျက်မှု တွေ အတွက် ကောင်းတယ်လို့ ဆို ထားပါတယ်။ဆီးချို သွေး ချို ဖြစ် ပွားမှု ကို ကြိုတင် ဟန့် တားချင်ရင်တော့ ဂျင်းကို ပုံမှန် မှီဝဲ ပေးသင့်ပါတယ်။တစ်ဖက်က လည်း ကိုယ့်ရဲ့ စား သောက်ေ န ထိုင်မှု ပုံစံက ကျန်းမာရေးနဲ့ ညီညွတ် နေ ဖို့ လည်း လိုပါပါတယ်။

READ
နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

အစာချေ စနစ်ကိုလည်း ကောင်းမွန်စေ

Image:freepik.com

အစာချေ စနစ်ကို ကောင်းမွန်ချင်တယ်ဆိုရင်လည်း ချင်း(ဂျင်း) ကို ပုံမှန် မှီဝဲ ပေးပါ။ပျို့ အန် တာတွေ၊ အစာ မကြေ တာ တွေ ၊မူးဝေ တာတွေကို ချင်း(ဂျင်း) က ပျောက်ကင်း စေတဲ့ အစွမ်း ရှိပါတယ်။ဒါ့အပြင် အစာ အဆိပ်သင့်တာ၊ အစာ  ချေ ဖျက်ရာမှာ ပြဿနာရှိ နေတာ မျိုးတွေကိုလည်း သက်သာ ပျောက်ကင်း ကု စားပေးနိုင်ပါတယ

နှလုံး၊သွေးတိုး သမားတွေ အတွက် လည်း ကောင်း

နှလုံး သွေး တိုးသမားတွေ လည်း မှီဝဲ သင့်ပါတယ်။သွေး တိုးတာ တွေ ကို သက်သာ စေကာ၊ သွေးတွင်း အဆီ ပမာဏ ကိုလည်း လျော့ ချ ပေးနိုင်တာ ကြောင့် ပုံမှန် မှီဝဲရင် နှလုံးရောဂါ ကိုပါ ကာကွယ် ပေါ်နိုင်ပါတယ်။ကိုလက် စ ထ ရော ပမဏ ကို နည်းပါး စေကာ၊သွေး တွင်းသကြား ဓါတ်ကို ထိန်းညှိ ပေးနိုင်ပါတယ်။

ဝိတ်ကျ စေ

Image:freepik.com/racool-studio

ဝိတ်ကျ ချင်သူတွေ အတွက် လည်း ဂျင်းပြုတ်ရည် ကို မှီဝဲ သင့်ပါတယ်။ဂျင်းက တော့ သဘာဝအတိုင်း ၀ိတ်ကျ အောင် ကူညီ ပေးနိုင်ပါတယ်။ဂျင်းနဲ့ သံပုရာ ကို  ရေ နွေးစိမ် သောက်တာ မျိုးက ကိုယ် အ လေးချိန်ကို ကျ စေ၊၀ိတ် ချ တဲ့ နေရာ မှာ အ ထောက် အကူဖြစ် စေပါတယ်။

#SHWEMOM

SHARE