အမျိုးသားတွေရဲ့ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း(၈)ခု

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးဟာ ယောက်ျားတွေကို စွဲဆောင်မှုတွေ လုပ်နိုင်သလို ယောက်ျား
တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း အမျိုးသမီးတွေက တပ်မက်ကြတာမျိုးလည်း ရှိပါတယ်။ ဒီတော့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် မိမိရဲ့ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းကိုအမျိုးသမီးတွေ စိတ်ဝင်စား
လေ့ရှိသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗိုက်သား

အမျိုးသမီးအများစုဟာ ကောင်လေးတစ်ယောက်ကို စတင်သတိထားတဲ့ အထဲမှာ ဗိုက်သားကိုလည်း ကြည့်တတ်ပါ
တယ်။ ခံယူချက်ပေါ်မူတည်ပြီး ဗိုက်သားချပ်ရပ်နေတာကို နှစ်သက်သူ ရှိသလို၊ အချို့ကကျတော့လည်း ခန့်ခန့်ထည်
ထည် စူစူပွပွဗိုက်မျိုးကို သဘောကျတာမျိုးလည်း ရှိတတ်ပါတယ်။

(၂) တင်ပါး

များသောအားဖြင့် အမျိုးသမီးတွေဟာ ယောက်ျားတွေရဲ့ တင်ပါးကို ချပ်ရပ်နေမှ သဘောကျပါတယ်။ ဒါပေမယ့် ချွင်းချက်
အနေနဲ့ အားကစားလိုက်စားတဲ့ အမျိုးသားတွေဆိုရင်တော့ ကြွက်သားတွေနဲ့ ဖောင်းကြွနေတဲ့တင်ပါးမျိုးကိုလည်း စိတ်
လှုပ်ရှားတတ်ပါတယ်။

READ
သင်သိဖို့ကောင်းတဲ့ ကောင်မလေးတွေရဲ့အထာများ

(၃) ကျယ်ပြန့်တဲ့ရင်ဘက်

ယောက်ျားဆန်တဲ့ ခန့်ညားမှုလိုအပ်ချက်ထဲမှာတော့ ကျယ်ပြန့်တဲ့ရင်ဘတ်ဟာ အရေးပါပါတယ်။ ဒီလို ယောက်ျားဆန်တဲ့
ရင်ဘတ်မျိုးကုပိုင်ဆိုင်သူတွေဟာ ခွန်အားဗလနဲ့ပြည့်စုံသူ၊ လက်ရုံးရည် ရှိသူ၊ စသဖြင့် ထင်မှတ်ခံရပါတယ်။

(၄) ကြွက်သား အပြိုင်းအရိုင်းနဲ့ နောက်ကျော

အမျိုးသမီးအများစု စိတ်ဝင်စားတဲ့အမျိုးသားတွေရဲ့ နောက်ကျောပုံစံကတော့ သူတို့တစ်တွေ စိတ်ကူးနဲ့ မှန်းဖက်ကြည့်တာနဲ့ ဖုထစ်ကြွရွနေတဲ့နောက်ကျောအလှမျိုးကို ရင်ခုန်တတ်ပါတယ်။

(၅) သန်မာတဲ့လက်မောင်း

အာရှတစ်ခွင်မှာ ပိန်ပိန်နွဲ့နွဲ့ ယောက်ျားလေးတွေရဲ့ စမက်ကျကျဖတ်ရှင်တွေ ခေတ်စားနေတဲ့အချိမှာ သန်မာတဲ့ လက်မောင်းကို သဘောကျတယ်ဆိုတာ နည်းနည်း အငြင်းပွားဖွယ်ရာပါဘဲ။ ဒါပမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ အဲဒီသေးသေးသွယ် လက်မောင်းပိုင်ရှင်တွေဟာ နောက်ကျကျန်နေခဲ့တယ်လို့ ဆိုပါတယ်။

(၆) မို့မောက်သော ရင်အုပ်အစုံ

မိန်းကလေးတွေ အသဲအယားဆုံးအချိန်က ယောက်ျားတစ်ယောက် အင်္ကျီဘက်လက်နဲ့ ရင်အုပ်မို့မို့၊ ရင်ဘတ်မွေး ကြမ်းရှရှကိုကြည့်ရတဲ့ အချိန်ဖြစ်ပါလိမ့်မယ်။ ရင်အုပ်မို့မောက်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ယုံကြည်တပ်မက်ခြင်း
ကို ခဏလေး ခံရနိုင်ပါတယ်။

READ
အမျိုးသားတွေစမတ်ကျကျနေနိုင်ဖို့စွန့်လွှတ်သင့်တဲ့ဖက်ရှင်များ

(၇) ချောမောတဲ့မျက်နှာ

ယောက်ျားဆိုမှတော့ ယောက်ျားပီသတဲ့ မျက်နှာမျိုး ပိုင်ဆိုင်မှသာ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ အမျိုးသမီးအများစုက စိတ်
ဝင်စားတာ ခံရနိုင်ပါတယ်။ အခြား ချွင်းချက်တွေလည်း ရှိနိုင်ကောင်းပါတယ်။

(၈) ပဟေဠိမဆန်ဘဲ ပိပိရိရိနှုပ်ခမ်း

ထက်မြတ်တဲ့ အမျိုးသမီးအများစုဟာ ဒီအချက်ကို ဂရုစိုက်ရွေးချယ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပါးစပ်အနေအထား လျှော့တိလျှော့ရဲ ဖြစ်နေရင် သစ္စာမဲ့တဲ့ ယောက်ျားဖြစ်တတ်သလို၊ ပါးစပ်ပြဲနေရင်လည်း အိနြေ္ဒမရတဲ့ ယောက်ျား ဖြစ်တတ်ပါ
တယ်။ နှုပ်ခမ်းထောင့်ကို ကွေးကျနေတဲ့ပါးစပ်ပိုင်ရှင်ဆိုရင် သူတစ်ပါးကို အထင်သေးတတ်သူဖြစ်ပြီး ဘ၀င်လေဟပ်တတ်
သူ၊ ဉာဏ် အမြော်အမြင်နည်းသူ ဖြစ်တတ်ပါတယ်။ ဒီတော့ ရိုးရှင်းပြီး ပဟေဠိမဆန်တဲ့ ပိပိရိရိနှုတ်ခမ်းမျိုးကို အမျိုးသမီး
တို့ ပိုပြီး မြတ်နိုးတတ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : timesofeducation.com

SHARE