တိုက်တိုက်ဆိုင်ဆိုင် အိမ်သာထဲမှာသေဆုံးသွားခဲ့တဲ့ ပုဂ္ဂိုလ်(၇)ဦး

ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆအရလူသားတွေအတွက် သေမင်းဆိုတာငယ်ပေါင်းကြီးဖော်ပဲမဟုတ်ပါလား။ မနက်
ဖြန်မမဟုတ်ဘဲ နာရီပိုင်း၊ စက္ကန့်ပိုင်းကိုပဲ ကျွန်တော်တို့ဟာမာရဏနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ လူဆိုတာသေတစ်နေ့၊ မွေး တစ်နေ့ပဲဆိုတဲ့အတိုင်း လျှပ်တစ်ပြတ်အခိုက်တန့်မှာပဲလူ့လောကကနေ ကွယ်ပျောက်သွားကြတယ်။

ဒီလောကနိယာမ သဘောတရားကို မီးမောင်းထိုးပြလိုက်တဲ့ဖြစ်ရပ်အချို့လည်းရှိပါတယ်။ Odd.com ၀က်ဘ်ဆိုက်က အိမ်သာပေါ်မှာ ဒါမှမဟုတ် အိမ်သာနဲ့ပတ်သက်ပြီး လျှပ်တစ်ပြတ်အခိုက်အတန့်မှာကွယ်ပျောက်သွားတဲ့ ကမ္ဘာကျော် ဂန္တ၀င်အနုပညာရှင်တို့ရဲ့ ဖြစ်ရပ်ဆိုးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အယ်ဗစ်ပရက်စ်လေ (Elvis Presley)

Rock ‘n Roll ဘုရင်လို့တင်စားခံခဲ့ရတဲ့ ကမ္ဘာကျော်အဆိုတော် Elvis Presleyဟာမသေဆုံးခင်မှာတော့ ပရိသတ်
တွေရဲ့အသည်းကျော်ဖြစ်ခဲ့ပေမယ့် သေဆုံးချိန်မှာတော့ နာမည်မကောင်းဘဲ သေဆုံးခဲ့ရပါတယ်။ ၁၉၇၇ခုနှစ်၊ သြဂုတ် လ(၆)ရက်နေ့  သူ့ရဲ့နေအိမ်ရှိအိမ်သာထဲမှာ သေဆုံးနေတာကိုသူ့ရဲ့ဇနီးကမနက်ကြမှာတွေ့ခဲ့တာဖြစ်ပါတယ်။ သေ ဆုံးခဲ့ရခြင်းအကြောင်းအရင်းကအိမ်သာတက်နေချိန် နှလုံးအမောဖောက်ပြီးသေဆုံးခဲ့တာလို့ မီဒီယာတွေထံ မိသားစုတွေကဖွင့်ဟခဲ့ပါတယ်။

၂။ ဂျူဒီဂါလန်း (Judy Garland)

နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Judy Garlandကတော့ သူမရဲ့ကံကြမ္မာဟာအိမ်သာထဲမှာပဲသေဆုံးဖို့ ကံပါလာပြီးလို့တောင်ဆိုလို့ရပါတယ်။သူမဟာအိမ်ထောင်ဆက်(၅)ခုရှိပြီးနောက်ဆုံး(၅)ဦးမြောက်ယောကျာ်းရဲ့အိမ်မှာ
သေဆုံးခဲ့ရတာပါ။ အဆိုတော်အဖြစ်နဲ့လည်းအောင်မြင်ကျော်ကြားတဲ့ Judy Garlandဟာ ဘ၀တစ်လျှောက်လုံးမှာ စိတ်ကြွဆေးပြားကိုသုံးစွဲခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာထဲမှာသေဆုံးတော့လည်း စိတ်ကြွဆေးပြားကြောင့်ပဲဖြစ် ပါတယ်။

၃။ လန်နီဘရူး (Lenny Bruce)

Lenny Bruceကတော့ ကမ္ဘာကျော် ဟာသအနုပညာရှင်တစ်ဦးဖြစ်ပြီး ပင်ကိုယ်စရိုက်ကိုက ပျော်ပျော်နေတက်ကာ
ရွတ်နောက နောက်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ညစ်ညမ်းတဲ့စကားအသုံးအနှုန်းတွေနဲ့ ဟာသပြောဆိုမှုကြောင့် ခဏခဏ အဖမ်းခံခဲ့ရပါ တယ်။ ဒီလိုတွေကြောင့် Lenny Bruceဟာဆေးစွဲတဲ့ အကျင့်ရလာခဲ့ပါတယ်။ ၁၉၆၆ခုနှစ်၊ သြဂုတ်လအသက်(၄၁)နှစ်အရွယ် မှာတော့ သူဟာ အ၀တ်ဗလာနဲ့ အိမ်သာထဲမှာသေဆုံးခဲ့ရပါတယ်။ လက်မှာဆေးထိုး အပ်တန်းလန်းနဲ့ သေဆုံးခဲ့တာမို့လို့ သူ့ရဲ့ဘ၀နိဂုံးဟာ မူးယစ်ဆေးဝါးနဲ့ အိမ်သာထဲမှာအဆုံးသတ်ခဲ့ရပါတယ်။

၎။ ဒွန်ဆင်ပဆွန် (Don Simpson)

Top Gun ၊ Beverly Hills Copစတဲ့ ဇာတ်ကားတွေနဲ့ ဟောလိဝုဒ်မှာ နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူ Don Simpsonဟာလည်းပဲ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့ရသူပါ။ ၁၉၉၆ခုနှစ် အိမ်သာထဲမှာသူသေဆုံးတော့ ဆေးပြား
(၂၂၀၀)ကိုတွေ့ရှိခဲ့ရပြီး ဘ၀ရဲ့ အဆုံးသတ် မကောင်းခဲ့ပါဘူး။

၅။ အိမ်သာပေါ်မှာဓါတ်လိုက်အပြီးသေဆုံးသူ

အမေရိကန်အမျိုးသားတစ်ဦးဖြစ်တဲ့ Michael Anderson Godwin ဆိုသူဟာ ကြံကြံဖန်ဖန် အိမ်သာတက်နေရင်းနဲ့ ဓါတ်လိုက်ပြီး သေဆုံးခဲ့ပါတယ်။ သူဟာ ရာဇ၀တ်မှုကျူးလွန်ထားသူဖြစ်ပြီး ၁၉၈၃မှာ ထောင်ကနေလွတ်မြောက်ခဲ့သူဖြစ် ပြီး ဘယ်အကြောင်းကြောင့် ထောင်ကျတယ်ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် ၁၉၈၉ခုနှစ် မတ်လမှာတော့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လျှပ်စစ် အိမ်သာအိုးမှာနောက်ဖေးသွားနေ ၀ါယာကြိုးလျှော့ဖြစ်ကာ ဓါတ်လိုက်ပြီးသေဆုံးခဲ့ပါ တယ်။ ဓါတ်လိုက်ပြီး အိမ်သာမှာသေဆုံးခဲ့တဲ့ Anderson Godwinဟာ ကျော်မကောင်းကြားမကောင်းပါပဲနာမည်ကြီး ခဲ့ရပါတယ်။

၆။ (၈)ပတ်အိမ်သာမတက်ဘဲသေဆုံးခဲ့တဲ့ မိန်းကလေး

အိမ်သာကိုရက်သတ္တပတ်ပေါင်းများစွာမတက်ရင်လည်း သေဆုံးတတ်ပါတယ်။ အင်္ဂလန်က Emily Titteringtonဆိုသူ ဆယ်ကျော်သက်မိန်းကလေးဟာ စိတ်ပိုင်းဆိုင်ရာဝေဒနာကို ခံစားနေရသူဖြစ်ပြီး ငယ်ငယ်ကတည်းက အထီးကျန်ဆန်ကာ အိမ်သာကိုလည်း တက်ရမှာ ကြောက်ရွှံ့နေသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ မိဘတွေက ဆရာဝန်နဲ့ပြဖို့လုပ်ပေမယ့် Emily ဟာ ငြင်းပယ်ခဲ့ပါတယ်။ နောက်ပြီး မိခင်ကရေအိမ်ကိုကြောက်လန့်နေတဲ့ သူမကိုခွေးခြေခုံ အိမ်သာအိုးလုပ်ထားပေမယ့် သူမဟာ (၈)ပတ်ခန့်ဝမ်းမသွားဘဲ ၂၀၁၃ခုနှစ်မှာတော့ သေဆုံးခဲ့ရပါတယ်။ သူမရဲ့ ၀မ်းဗိုက်ထဲမှာ အညစ်အကြေးတွေ ဟာအလွန်ကိုမာကျောပြီး အဲဒီရဲ့ Side Affectsကြောင့်ပဲသေဆုံးခဲ့ရတာပါ။

၇။ အိမ်သာတွင်းထဲသေဆုံးခဲ့တဲ့ သားအမိ

တရုတ်နိုင်ငံကသားအမိနှစ်ဦးကတော့ အိမ်သာတွင်းထဲမှာတစ်ပြိုင်နက်တည်းသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ဇင်ရှောင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားရဲ့ မိန်းမဖြစ်သူကအများသုံးအိမ်သာမှာနောက်ဖေးသွား ရင်း သူမရဲ့ ဒေါ်လာ(၃၂၀)တန် ဆဲလ်ဖုန်းအိမ်သာတွင်းထဲကို ပြုတ်ကျခဲ့တာပါ။ အဲဒီဆဲလ်ဖုန်းကို ပြန်ယူပေးဖို့ မိန်းမဖြစ် သူက အကူအညီတောင်းလို့ အိမ်သာတွင်းထဲကို ခုန်ဆင်းပြီးဆဲလ်ဖုန်းကို ပြန်ယူဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မစင်တွေရဲ့  ဆိုးရွားတဲ့ အနံ့တွေကြောင့် ယောကျာ်းဖြစ်သူမှာအသက်ရှုကြပ်ခဲ့တာကို မိခင်ကကယ်တင်ဖို့ အိမ်သာတွင်းထဲကို ခုန်ဆင်း ခဲ့ပြန်ပါတယ်။ အဆုံးမှာတော့ သားအမိနှစ်ဦးစလုံးအိမ်သာတွင်းထဲမှာ သေဆုံးသွားခဲ့ရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source; Odd
SHARE