ရိုးသားအေးဆေးတဲ့အမျိုးသားတွေမှာ ချစ်သူမရှိခြင်းအကြောင်းအရင်း(၈)ခု

အချို့ယောက်ျားလေးတွေဟာ ရိုးရိုးသားသား၊ တည်တည်ငြိမ်ငြိမ်နဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်နေပေမယ့်
တစ်ခါတလေ ရုပ်အဆင်းအင်္ဂါဆိုလည်း ပြောစရာမရှိ အပျိုလေးတွေ မျက်စိကျဖွယ်ပါဘဲ။ ဒါပေမယ့် ခက်တာက လက်
ဆုပ်လက်ကိုင် ပြစရာ ရည်းစားမရှိဘူးဖြစ်နေတတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲ …? အောက်မှာ အကြောင်းပြချက်
(၈)ချက် ပေးထားပါတယ်။

(၁) ရိုးသားအေးဆေးတဲ့ အမျိုးသားတွေရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည်ဟာ အစစ်အမှန်မဟုတ်ဖူးလို့ ခံစားရလို့

အမျိုးသမီးချောချောလှလှတော်တော်များများ တွဲလာတဲ့ ရည်းစားဖြစ်သူကို ကြည့်လိုက်ပါ။ သင်နဲ့ ကျွန်တော် နှာခေါင်းရှုံ့
စရာ ရုပ်ဖြစ်နေဖို့ 80% လောက်တော့ သေချာပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အမျိုးသမီးအများစုရဲ့ စိတ်ထဲမှာ သဘောကောင်းတဲ့ အေးဆေးတဲ့ အမျိုးသားတွေရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည်ဟာ အစစ်အမှန်မဟုတ်ဖူးလို့ ခံစားနေရလို့ပါ။

(၂) လူတော်လူကောင်းတွေက ကိုယ့်ကိုယ်ကို လေးစားမှု မရှိဘူး

အရာရာ သဘောကောင်းတဲ့ အမျိုးသားတွေဟာ သူများကိုလည်း ဒီအတိုင်းလွှတ်ထားဖို့ ကြိုးစားကြသလို၊ ကိုယ့်ကိုယ်
ကိုလည်း လေးစားမှု မရှိကြပါဘူးတဲ့။ ဒါကြောင့် အမျိုးသမီးတွေက မနှစ်သက်ဘူးလို့ ဆိုပါတယ်။

(၃) ကြိုတင်ခန့်မှန်းတာတွေ လုပ်တတ်တယ် … ဒါက ညည်းငွေ့စရာပဲ

READ
သင့်ကိုတစ်ကယ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမူအယာများ

သူတို့တစ်တွေဟာ ပုံသေနည်းတော်တော်များများကို ဆုပ်ကိုင်ထားလေ့ရှိကြပြီး ဒီလိုလုပ်ရင် ဒါဖြစ်မယ်ဆိုပြီး ကြိုတင်ခန့်
မှန်းတွက်ချက်တာမျိုးတွေ ရှိပါတယ်။ ဒါကို အမျိုးသမီးအများစုက အကဲပိုလွန်းတယ်ဆိုပြီး ညည်းငွေ့တတ်ပါတယ်။

(၄) ခပ်ပေပေကောင်လေးနဲ့ ချစ်ရတာကို ပင်ကိုဗီဇအရ နှစ်သက်တယ်

တစ်ခါတလေ သဘောကောင်းရိုးသားတဲ့ ကောင်လေးတွေ အပြစ်ချည်းပဲ မဟုတ်ပါဘူး။ မိန်းကလေးကိုယ်တိုင်က ခပ်
ပေပေ ကောင်လေးတွေနဲ့ ချစ်ကြိုက်ရခြင်းကို မွန်မြတ်တယ်၊ Social ကျတယ် စသဖြင့် ခံယူထားတာမျိုးတွေလည်း ရှိ
နေတတ်လို့လည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမသားတွေက ပြီးပြည့်စုံတာထက် တစ်ခုခု လိုအပ်နေတာမျိုးကို ပိုသဘောကျပါတယ်

အမျိုးသမီးရဲ့ ပြီးပြည့်စုံတာထက် တစ်ခုခု လိုအပ်နေတဲ့ အခြေအနေမျိုးကို ပိုသဘောကျတတ်ပါတယ်။ ရိုသားပြီး သဘောကောင်းတဲ့ အမျိုးသားတွေကတော့ မထုံတတ်တေးနဲ့ အပြစ်လည်း ဆိုစရာမရှိတဲ့ အခြေအနေ၊ လုပ်သင့်လုပ်ထိုက်တာ
လည်း မလုပ်တဲ့ အခြေအနေမို့ မိန်းမအများစုက ညည်းငွေ့ကြပါတယ်။

(၆) သဘောကောင်းတဲ့အမျိုးသားတွေဟာ ကတိတွေထဲမှာ နေထိုင်ကြတယ်

သူတို့တစ်တွေဟာ သူတို့ကိုယ်တိုင်က ဘောင်နဲ့ဥပဒေသနဲ့ နေသလို သူုတို့နဲ့ နီးစပ်သူတွေကိုလည်း သူတို့ဟာ ကတိ
တွေ ဘောင်တွေကို ဘယ်လိုလိုက်နာသလဲဆိုတာ ပြသချင်ကြပါတယ်။ ဒါဟာ တစ်ချို့သော အမျိုးသမီးတွေအတွက်
တော့ မနှစ်သက်စရာပါဘဲ။

READ
၁လက်မပဲရှိတဲ့ငယ်ပါကြောင့် စိတ်ကျရောဂါဖြစ်မတတ်ခံစားနေရတဲ့အမျိုးသား

(၇) အချို့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို တန်ဖိုးမသိဘူး

အချို့အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးသိမှု နည်းပါတယ်။ ရိုးသားအေးဆေးတဲ့သူနဲ့ ခပ်ပေပေ အမျိုးသား နှစ်
ယောက်အနက် တစ်ယောက်ယောက်ကို ရွေးချယ်တဲ့အခါမှာ ခပ်ပေပေ အမျိုးသားတွေက ကိုယ့်မှာ မရှိတဲ့တန်ဖိုးကို ဖြည့်
ဆည်းပေးနိုင်ကြပါတယ်။ ဒါက သူတို့လိုချင်တဲ့ နှစ်ယောက်တစ်ဘ၀ပုံစံ ဖြစ်ပါလိမ့်မယ်။

(၈) ခပ်ပေပေကောင်လေးတွေက လူသဘောကျအောင် ၀တ်စားဆင်ယင်တတ်တယ်

ဒါကလည်း အကြောင်းပြချက်တစ်ခုပါဘဲ … များသောအားဖြင့် မိန်းကလေးအများစု သဘောကျတဲ့ ကောင်းလေတွေ ပုံ
စံဟာ အေးဆေးတဲ့ အမျိုးသားတွေပုံစံလို့ စတိုင်က ခပ်တုံးတုံပုံစံတွေ မဟုတ်ဘဲ၊ အသစ်အဆန်းပေါ်တဲ့ အ၀တ်အစား၊
သုံးအဆောင် စတာတွေက တစ်နေ့နဲ့တစ်နေ့ မရိုးရအောင် ရှိတတ်ပါတယ်။ ဒီအချက်ကြောင့်လည်း အမျိုးသမီးတွေဟာ
ခပ်ပေပေ ကောင်လေးတွေကို ရွေးချယ်ကြပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo (1)

source : yourtango.com

SHARE