စုံတွဲအချို့ အချစ်ကုန်ခမ်းသွားရခြင်း အကြောင်းအရင်း(၈) ခု

အချစ်ဆိုတာ အမုန်းတရားတွေ၊ စွပ်စွဲခြင်းတွေနှင့် အမြဲတမ်း အဆုံးသတ်တာမဟုတ်ပါဘူး။ တစ်ခါတစ်ရံ တစ်ယောက်ကို တစ်ယောက် သဘာကျဂရုစိုက်နေပေမယ့် အရင်တုန်းက ချစ်ခဲ့သလို မချစ်တော့တာမျိုးကို ခံစားရတတ်ပါတယ်။ စုံတွဲအချို့ အချစ်တွေ ကုန်ခမ်းသွားရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ယုံကြည်မှု

Relationship တစ်ခုမှာ ယုံကြည်မှု ပျက်ဆီးသွားပြီးဆိုရင် ပြန်တည်ဆောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ခိုင်မြဲတဲ့ ဆက်ဆံရေး
မှာတောင် လိမ်ညာမှုတွေက အချစ်ကို ပျက်ဆီးစေနိုင်ပါတယ်။ သေးငယ်တဲ့ လိမ်ညာမှုတွေက အချစ်တစ်ခုကို ပျက်ဆီး
စေနိုင်တဲ့ သံသယတွေကို ဖြစ်စေပါတယ်။ စုံတွဲတွေ တစ်ယောက်ကို တစ်ယောက် စိတ်ကုန်ပြီး ပြတ်ဆဲရခြင်း
အကြောင်းအရင်းမှာ ယုံကြည်မှုပျက်ဆီးခြင်းက ထိပ်ဆုံးမှာ ရှိနေပါတယ်။

(၂) အဆက်အသွယ် နည်းလာခြင်း

ခိုင်မြဲတဲ့ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ကို တစ်ယောက် အချိန်ပေးပြီး ပြောဆိုဆက်သွယ်ခြင်းက အရေးကြီးပါတယ်။ ချစ်သူနှစ်ဦး အဆက်အသွယ် နည်းလာတဲ့အခါ အငြင်းပွားစရာတွေကို မဖြေရှင်းဖြစ်တော့သလို
လိုအပ်ချက်တွေကိုလည်း မဆွေးနွေးဖြစ်ကြတော့ပါဘူး။ အဲဒီအခါ တစ်ယောက်ကို တစ်ယောက် မယုံကြည်မှုတွေ ပိုတိုးပွားလာပါတယ်။

READ
နောက်ဆုံးအနေနဲ့ သခင့်ကို နှုတ်ဆက်သွားတဲ့ ခွေးကလေးရဲ့ဝိညာဉ်

(၃) စိတ်တူကိုယ်တူ မဖြစ်ခြင်း

ချစ်သူနှစ်ဦး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အချိန်တွေ ကုန်သွားတဲ့အခါ တစ်ယောက်နှင့်တစ်ယောက် ၀ါသနာမတူတာတွေ ရည်မှန်းချက်မတူတွေကို တွေ့လာပါလိမ့်မယ်။ အဲဒီအခါ တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်ဖို့ ခက်ခဲလာပြီး ပြတ်ဆဲဖို့ နီးစပ်လာပါတယ်။

(၄) ပျော်ရွှင်မှု မရှိတော့ခြင်း

အချိန်တွေကြာလာတဲ့အခါ relationship တစ်ခုဆိုတာ ပျော်ရမယ်ဆိုတာ လူတွေ မေ့သွားတတ်ကြတယ်။ ဒိတ်မလုပ်ကြတော့သလို အားလပ်ရက်ခရီးလည်း မထွက်ဖြစ်တော့အခါ ချစ်သူနှစ်ဦး ဆက်ဆံရေးဟာ ပျင်းစရာ
ကောင်းလာပါတယ်။ အဲဒီအခါ နှစ်ဦးစလုံးက ပျော်စရာအသစ်အဆန်းတွေကို စတင်ရှာဖွေလာကြတော့ပါတယ်။

(၅) အရမ်းထိန်းချုပ်ခြင်း

တစ်ယောက်က အရမ်းထိန်းချုပ်တဲ့အခါ အခြားတစ်ယောက်က အနိုင်ကျင့်ခံရသလို ခံစားရပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ကုန်ဆုံးရပါလိမ့်မယ်။ အချိန်ကြာလာတဲ့အခါ ပြသာနာတက်ပြီး လမ်းခွဲပြတ်ဆဲဖို့ ဖြစ်လာနိုင်ပါတယ်။

(၆) တစ်ယောက်က တစ်ယောက်ကို အသုံးချနေခြင်း

READ
ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာရပ်များ

ကိုယ့်ကို အသုံးချနေတဲ့ လူတစ်ယောက်ကို ဆက်ချစ်ဖို့ ဆိုတာ ခက်ခဲပါတယ်။ အသုံးချခံရတဲ့ သူအတွက် အသုံးမ၀င်သလို တန်ဖိုးမဲ့သလို ခံစားရစေပြီး သူ့ကို အသုံးချနေတဲ့သူကို ချစ်နေတာကို ရပ်တန့်ဖို့ ကြိုးစားပါလိမ့်မယ်။

(၇) မျှော်လင့်ထားတာတွေ ဖြစ်မလာခြင်း

ပေါင်းသင်းဆက်ဆံခြင်းနှင့် ပက်သက်ပြီး တစ်ယောက်ချင်းစီ မျှော်လင့်ထားတာတွေ ရှိတတ်ပါတယ်။ ဥပမာ ချစ်သူသက်တမ်း သုံးနှစ်ပြည့်တဲ့အခါ အမှတ်တရခရီးထွက်ဖို့ တစ်ယောက်က မျှော်လင့်ထားပေမယ့် တစ်ယောက်က စိတ်မ၀င်စားတာမျိုးဆိုရင် ရှေ့ဆက်ဖို့ မလွယ်ပါဘူး။

(၈) ဘ၀တစ်ခုကို ပြောင်းလဲနိုင်မယ့် အဖြစ်အပျက်တွေ

အလုပ်ပြောင်းရွှေ့ရတာမျိုး၊ အလုပ်ပြုတ်တာမျိုးတွေ စတဲ့ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်တတ်အခါ လူတွေကို ပြောင်းလဲသွားစေပြီး ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အချစ်စစ်နှင့် ချစ်ကြတဲ့သူတွေက ဘယ်အပြောင်းအလဲမဆို ကြံ့ကြံ့ခံပြီး ရှေ့ဆက်သွားနိုင်မှာပါ။

(Shwemom)

Ref: beautyandtips.com

SHARE