ကောင်မလေးတွေသင့်ကိုသဘောကျရင် အထာပေးလေ့ရှိတဲ့ပုံစံ(၈)မျိုး

မိန်းကလေးတွေမှာ ကိုယ် သဘောကျတဲ့ သူရှိရင် ဖွင့်ပြောခွင့် မရှိပါဘူး။ ဒါကို ဘယ်ဥပဒေနဲ့ တားဆီးထားခြင်း မရှိပေ
မယ့် မိန်းကလေးတွေရဲ့ မွေးရာပါ ဣနြေ္ဒနဲ့၊ အရှက်တရားအရ အလိုလို ကာကွယ်ထားသလို ဖြစ်ပါတယ်။ ဒါပေမယ့် သူ
တို့မှာ အားကိုးစရာ ရှိပါတယ်။ အထာပေးတဲ့ နည်းပါဘဲ။ ဒီတော့ Shwemom ရဲ့ ပုရိသပရိသတ်ကြီး အနေနဲ့ အောက်ပါ
(၈)ချက်ကို အမျိုးသမီးတစ်ယောက်က သင့်အပေါ်မှာ ပြုလုပ်လာခဲ့ရင် အထာပေးတယ်လို့ မှတ်ပါ။

(၁) ဖျက်ကနဲ ခဏခဏကြည့်တာ

မိန်းကလေးဆိုတာ စောစောပြောတဲ့ မွေးရာပါ ဣနြေ္ဒအရ ယောက်ျားလေးတစ်ယောက်ကို မျက်လုံးပြူးကြီးနဲ့ အကြာကြီး
စိုက်ကြည့်လေ့ မရှိပါဘူး။ ခဏခဏ ခိုးကြည့်တဲ့ စနစ်၊ ဖျက်ကနဲ ခဏခဏကြည့်တဲ့ စနစ်ကိုသာ ကျင့်သုံးရပါတယ်။

(၂) ပြုံးပြုံးပြတာ

မိန်းကလေးက ခဏခဏ ပြုံးပြရင် သင် သဘောပေါက်ဖို့ လိုပါတယ်။ မိန်းကလေးက ခဏခဏ ပြုံးပြရင် အထာပေးတာ
ယောက်ျားချင်း ခဏခဏ ပြုံးပြရင် သေချာတယ် ဒီလူ သင့်ဆီက ပိုက်ဆံ ချေးတော့မယ်ဆိုတာ။ ဒါလေးကို ခွဲခြား သိပါ။

READ
ကောင်မလေးတစ်ယောက်ကိုအွန်လိုင်းမှာကြူမယ်ဆိုရင် သိထားသင့်တာလေးတွေ

(၃) သင်သတိထားမိဖို့ ပုံမှန်လာနေကျ မဟုတ်ဘဲ သင့်ဆီကို လာတာ

ဥပမာအားဖြင့် မိန်းကလေးတစ်ယောက်ဟာ သင့်အိမ်ရှေ့ကို (သို့မဟုတ်) သင်ရှိရာကို ယခင်က လာလေ့လာထမရှိဘဲ
နောက်ပိုင်းကျမှ ခဏခဏ အလာထူးရင် သင် အူတူတူ အတတ လုပ်မနေဖို့ လိုပါတယ်။

(၄) မြင်အောင် ဆံပင်တွေကို လှုပ်ခါပြတာ

မိန်းကလေးတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ ဆံပင်ကိုလည်း အလွတ်မပေးပါဘူး။ ယောက်ျားလေးတွေကို အထာ
ပေးဖို့အတွက် ကောင်းကောင်းကြီး ခါရမ်းပြီး အသုံးချတတ်ပါတယ်။ ဒါကြောင့်လည်း ” ညနေခင်းရဲ့ လေပြည်ထဲမှာ မင်းဆံနွယ်တွေ အတောင်ပံ ဖြန့်တဲ့အခါ … “ဆိုတဲ့ သီချင်း ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

(၅) စကားနဲ့ အထာပေးတာ

ကျွန်မက ရှင့်ကို စိတ်ဝင်စားနေတယ် သက်လား …? ဆိုပြီး ဗြောင်မေးမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ရေလာမြောင်းပေး
စကားပြောနည်းတွေ သူတို့ ကျွမ်းပါတယ်။ ဥပမာ- ကျွန်မမွေးနေ့မှာ အစ်ကို ပေးမယ့် လက်ဆောင်လေးသာ ရရင် သေ
ပျော်ပါပြီ-တို့ ဘာတို့ပေါ့။

(၆) သင့်ဟာသတွေကို တစ်ယောက်တည်း အားပေးတယ်

READ
စုံတွဲတွေမှာ အမျိုးသားတွေရရှိနိုင်တဲ့အကျိုးအမြတ်များ

သင့်ဟာသတွေဟာ ကျိုးကြောင်းဆီလျှော်မှုမရှိဘူး၊ အူကြောင်ကြောင်ဖြစ်နေရင် တကယ် အားပေးဖော် ရှိပါတယ်။ အဲဒါ
ကတော့ သင့်ကို ကြိတ်ခိုက်နေတဲ့ ကောင်မလေးပေါ့။ သင် မယုံရင် ဟာသတစ်ခုခု ပြောကြည့်။ သူ သေချာပေါက် ရယ်ပြီး
အားပေးလိမ့်မယ်။

(၇) ခဏခဏ ချီးမွှမ်းမယ်

သင် ဘာလုပ်လုပ် ခဏခဏ ချီးမွှမ်းနေတဲ့ ကောင်မလေးတစ်ယောက် ရှိနေရင် သင် သတိထားမိဖို့ ကောင်းနေပါပြီ။ ယောက်ျားချင်းဆိုရင်တော့ သင်က လက်ဖက်ရည်တိုက်ဖို့ သေချာနေသလို၊ မိန်းကလေးက ဆိုရင်တော့ သင် ဖိုးကြိုင်း
တုတ်ဖြစ်ဖို့ သေချာနေပါပြီ။

(၈) တို့ထိခြင်း

ဘယ်လိုနည်းနဲ့မှ သိမ်းသွင်းမရရင်တော့ သူတို့တစ်တွေ ဒီနည်းကို သုံးတတ်ပါတယ်။ သင်နဲ့ အမှုမှတ်အမှတ်မဲ့ အသားချင်း ထိအောင်လုပ်တာတို့၊ တမင်တကာ ထိအောင် လုပ်တာတို့၊ သင့်ရှေ့မှာ ခန္ဓာကိုယ် ဟန်ချက်ပျက်သလိုနဲ့ သင့်အ
ပေါ် လှဲချတာတို့ပေါ့။ ဒါတွေလုပ်နေရဲ့သားနဲ့မှ အထာမပေါက်ရင်တော့ ကိုယ့်လူ ဒီတစ်သက် မိန်းမရဖို့ မလွယ်တော့ဘူး
လို့ မှတ်ချက်ချရမှာပဲ။

နတ်စည်တော် (Shwemom)

shwemom post photo (1)

source : webcenters.netscape.compuserve.com

SHARE