အခုနောက်ပိုင်းတော်တော်များများ သိပ်မသိတဲ့ တစ်ချိန်က ပေါ်ပြူလာ ဆိုရှယ်မီဒီယာများ

လက်ရှိမှာ လူအသုံးများတဲ့ Facebook တို့ Instagram တို့လို့ ဆိုရှယ်မီဒီယာတွေ မပေါ်သေးခင် အချိန်မှာ ရှိခဲ့တဲ့ ဆိုရှယ်မီဒီယာတွေကို သုံးဖူးတဲ့တွေ ရှိပါသလား… ရှိခဲ့ရင်တော့ အခုဖော်ပြပေးမယ့် အတိတ်နေရက်တွေဆီက ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းကြီး မှတ်မိမှာဖြစ်ပြီး အဲ့ဒီတုန်းက အချိန်လေးတွေကိုတောင် ပြန်လွမ်းသွားနိုင်ပါတယ်။

ဘယ်ဆိုရှယ်မီဒီယာမှ Facebook လို အခုလောက်ထိ မဖြစ်ထွန်းခဲ့ကြဘူး။ အခု ဖော်ပြပေးထားတဲ့ ဆိုရှယ်မီဒီယာဆိုက်တွေဟာ Facebook ပေါ်လာပြီးတဲ့နောက် အသုံးပြုသူတွေမရှိတော့သလို ရေရှည်မရပ်တည်နိုင်ခဲ့ကြတာတွေဖြစ်ပါတယ်။ ကြည့်ပြီး ကိုယ့်ရဲ့ စိတ်ပျက်ဖွယ် ဆယ်ကျော်သက်အရွယ် ရူးသွပ်မှုတွေ သတိရသွားစေရင်တော့ ဆော်ရီးပါ…။

 

Friendster ( ၂၀၁၅ ဇွန်လ ၁၄ ရက်နေကစလို့ တိတ်ဆိတ်)

90 kids တွေနဲ့ Friendster ဟာ မိတ်ဆွေ အရင်အခြားကြီးတွေပါ..။ သူငယ်ချင်းတွေကို ကန့်သတ်ပြီး ဆက်သွယ်မှုတွေ ပြုလုပ်နဲ့တဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်ခဲ့ပါတယ်။ သင့်ရဲ့ ပေ့ခ်ျကိုလည်း သီချင်းတွေ၊ gif တွေနဲ့ အလှဆင်လို့လည်း ရသေးတယ်လေ…။

 

My Space (၂၀၁၁)
Bacon Examiner

သင်က ဂီတကို တကယ် နှစ်ခြိုက်တဲ့သူတစ်ယောက်ဆို MySpace အကောင့်တစ်ကောင့် ရှိကိုရှိခဲ့မှာပါ…။ အဲ့ဒီ ဆိုက်မှာဆို များစွာသော သီချင်းတွေ၊ ကလေးတွေအတွက် ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့ဖူးပါတယ်။

READ
ချမ်းသာချင်ရင် ငွေကြေးနဲ့ပတ်သက်ပြီး မဖြစ်မနေသိထားရမယ့်အချက်များ

 

Multiply ( ၂၀၁၃ မေ ၃၁ ရက်နေကစ အသက်မဲ့)
rapple

၂ မီဂါပစ်ဇယ် ဒီဂျစ်ကတည်း (သို့) အရင်ကဖုန်းကင်မရာလောက်ရှိရင် ဒီ ဆိုက်က တော်တော်လေးအလုပ်ဖြစ်နေပြီးလို့ ပြောလို့ရပါတယ်။ ၀မ်းနည်းစွာနဲ့ပဲ ဒီဆိုက်က အခုနောက်ပိုင်း e-commerce ဆိုက်တစ်ခုအဖြစ်ပြောင်းသွားခဲ့ပြီး လူတွေလည်း စိတ်မ၀င်စားကြတော့ဘူး။

LiveJournal (ပေါ်ပြူလာမဖြစ်တော့ပေမယ့် လည်ပတ်ဆဲ)

၁၉၉၀ နောက်ပိုင်းနဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းတွေမှာ LiveJouranl ဟာ ပရိသတ်တွေရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ဖောင်ဖွဲရာ နေရာတစ်ခုဖြစ်ခဲ့တယ်။ စာရေး ၀ါသနာရှင်တွေရဲ့ လက်ရာတွေ ပြည့်နှက်နေပြီး စိတ်ဝင်စားမှုတွေကို ဝေမျှရာ အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်ခဲ့တယ်။

Plurk ( ထိုင်ဝမ်မှာ အသုံးများပြီး အခုထိ လည်ပတ်ဆဲရှိ)
AlternativeTo

Plurk က တကယ့်အချိန်အတိုင်း ဘလော့ဂ်တက်တဲ့ဆိုက်တစ်ခုဖြစ်ပြီး စာလုံးရေ (၂၁၀) အထိပဲ ရေးသားနိုင်တယ်။ လူတော်တော် အသိများခဲ့တဲ့ ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမယ့် Twitter ပေါ်လာချိန်မှာတော့ သိသိသာသာပဲ တိတ်ဆိတ်သွားခဲ့တယ်။

 

READ
သာမန်လူရဲ့ တစ်နှစ်ဝင်ငွေထက် ပိုများတဲ့ Cele တွေရဲ့ တစ်ရက်ဝင်ငွေများ
Xanga (Xanga 2.0 ဆိုပြီး အသက်ဝင်ခဲ့)

Xanga ကတော့ အနုပညာသမားတွေ စုစည်းရာ မီဒီယာတစ်ခုလို ဖြစ်ခဲ့တယ်။ ဂရပ်ဖစ် ဒီဇိုင်နာတွေ၊ ဓာတ်ပုံဆရာတွေက သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကို ရှဲနိုင်ကြတယ်။ ဒါပေမယ့် အကန်အသတ်နဲ့ပဲ တင်နိုင်တာ၊ ပြန်လည်ကူယူး ခိုချမှုတွေများလာတာ စတဲ့ ကွန်ပလိန်းတွေနဲ့ တဖြည်ဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

DevianArt (တခြားသော ဓာတ်ပုံဆိုက်တွေနဲ့ ချိတ်ဆက် လည်ပတ်ဆဲ)

သင့်အနေနဲ့ ပုံဆွဲတာ၊ ဖိုတိုရှော့ပ်ကိုင်တာ ကျွမ်းကျင်မှုရှိတဲ့သူဆို ဒီ ဆိုက်ကို အသုံးပြုသင့်ပါတယ်။ ဒီနေ့ ဒီအချိန်ထိလည်း DevianArt က ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေဆဲ ဖြစ်ပြီး ပိုလို့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဆိုက်တစ်ခုအဖြစ်နဲ့တောင် ရှိနေပါသေးတယ်။

Vine (၂၀၁၆ ခုနှစ်မှာ တွစ်တာက ရပ်နားခဲ့)

၆ စက္ကန့်စာ ဗီဒီယိုတွေကို တခြား ဆိုရှယ်မီဒီယာတွေပေါ်မှာပါ ချိတ်ဆက် ရှဲနိုင်တဲ့အတွက် ဒီ ဆိုက်က ချက်ချင်းဆိုသလို အောင်မြင်လာခဲ့တယ်။ အခုလက်ရှိ နာမည်ကြီး အင်တာနက် ဆယ်လီတော်တော်များများရဲ့ ခြေလှမ်းစတင်ရာ အရပ်တစ်ခုလည်းဖြစ်တယ်။

Source: Elite Reader

Matthew (ShweMOM)
SHARE