အချစ်စစ်ဆိုတာ တကယ်ရှိလား? ဒီစုံတွဲ (၈) တွဲကတော့ အခိုင်အမာ သက်သေပြနေပြီနော်….

အချစ်စစ် ဆိုတာ တကယ်ပဲရှိတာလား…။ လူတွေရဲ့ ဘ၀မှာ အချစ်ဆိုတာဟာ တစ်စိတ်တစ်ဒေသ အနေနဲ့တော့ လွှမ်းမိုးမှုရှိတယ်ဆိုတာ ချစ်ဖူးသူတိုင်း နားလည်ကြမယ်လို့ ထင်ပါတယ်။ အချစ်ရေးတိုင်းကတော့ အဆင်ပြေ ချောမွေ့နေတာမဟုတ်သလို အမြဲတမ်းမှာလည်း ဆိုးရွားမနေနိုင်ပါဘူး။ တစ်ခါတစ်လေ လမ်းခွဲခြင်းတစ်ခုကို လက်ခံပြီးတဲ့နောက် ဒါမှမဟုတ် အဆိပ်အတောက်တွေ ဖြစ်နေတဲ့ အချစ် ဂယက်ထဲမှာ ဒုက္ခတွေ ရောက်နေတာသော်လည်းကောင်း သင့်အနေနဲ့ ကိုယ့်အတွက် အချစ်စစ်ဆိုတာ ရှိတယ်လို့ သတိရသင့်ပါတယ်။

မယုံမရှိပါနဲ့… လက်ထပ်ခွင့်ရဖို့ (၃) နှစ်လောက် ကြိုးစားပြီး သည်းခံစောင့်စားရတယ်ဆိုတဲ့ သူတွေရှိတယ်၊ ဘ၀ကြီးထဲကနေ ထွက်သွားတဲ့ ချစ်ရသူနေရာကို အစားမထိုးဘဲ နေကြတဲ့ သူတွေရှိတယ်၊ အသက် (၇၀) ရောက်နေတဲ့အထိ မေတ္တာမပျက် သစ္စာလက်တွဲနေသူတွေရှိတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတာ၊ ရွှင်လန်းမှုတွေ ခမ်းခြောက်နေတာ၊ တိုးတက်မှုတွေ ယုတ်လျော့နေတာတွေကို ပြေပျောက်သွားစေမယ့် နွေးထွေး ဇာတ်လမ်းပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာရောဂါကြောင့် ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမျိုးသား

Melanie Tracy Pace / Loft3 Photography

Ben Nunery ရဲ့ ဇနီးဖြစ်သူ Ali ဟာ အဆုတ်ကင်ဆာနဲ့ (၂၀၁၁) ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သမီးလေး Olivia ဆို လသားအရွယ်ပေါ့…. အဲ့ဒါ သူတစ်ယောက်တည်းနဲ့ ပြုစုပျိုးထောင်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နေလာခဲ့တာ (၂) နှစ်ကြာသွားတဲ့ အခါမှာတော့ Ben နဲ့ သမီးလေးက သူတို့ ဇနီးမောင်နှံ မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေအတိုင်း တစ်ခါ ပြန်ဆန်းရိုက်ခဲ့ကြပါတယ်။

Melanie Tracy Pace / Loft3 Photography
Melanie Tracy Pace / Loft3 Photography

သူတို့ သားအဖရဲ့ Ali အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို အကောင်းဆုံး ဖော်ပြဖို့ ဓာတ်ပုံဆရာအတွက် Ali ရဲ့ ညီမဖြစ်သူ Mealnie ကို ရွေးခဲ့ကြပါတယ်။ အခု ဒီပုံတွေဟာ သူတို့ မိသားစုလေး ရဲ့ ထာဝရ ချစ်ခြင်းအတွက် စစ်မှန်တဲ့ လှုံဆော်မှုတွေအဖြစ် ရှိနေပါပြီ။

စာ (၁၄) စောင်ရဲ့ လျှို့ဝှက်ချက်

Ann Marie Yuen Photography

Timothy Chee ဆိုတဲ့ အမျိုးသားမှာ မပြောင်းလဲတဲ့ စိတ်ကူး အိပ်မက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူရဲ့ လက်ရှိ ဇနီး Candice Cantherine ဆိုတဲ့ သူ သိပ်ချစ်ရတဲ့ အမျိုးသမီးပါပဲ။ သူတို့ စ ဒိတ်ကြတဲ့ တစ်ပတ်အကြာမှာ Tim က သူမဆီကို ချစ်စရာကောင်းပြီး ရိုးရိုးလေးလို့ ထင်ရတဲ့ အချစ်စာလွှာလေးတွေကို စတင် ပို့ခဲ့ပါသတဲ့။

READ
ခြေနှစ်ဖက်လုံးမရှိပေမယ့် ဧ၀ရတ်တောင်ထိပ်ထိ အရာက်လှမ်းနိုင်ခဲ့သူ
Ann Marie Yuen Photography
Ann Marie Yuen Photography

ဒါပေမယ့် အဲ့ဒီ စာတွေမှာ လျှို့ဝှက်ချက်တွေ ရှိနေခဲ့ပါတယ်။ Tim ဟာ (၃) နှစ်ဆိုတဲ့ အချိန်အတောအတွင်း စာ (၁၄) စောင်ပို့ခဲ့ပြီး အဲ့ဒီ့ထဲမှာ လျှို့ဝှက်ချက်လေးတွေ မြှုပ်မြှုပ်ထည့်ပေးခဲ့ပါတယ်။ စာတစ်စောင်စီရဲ့ အစ စာလုံးတွေကို ပေါင်းကြည့်လိုက်ရင် “Will you marry me?” လို့ စာကြောင်းဖြစ်သွားပြီး Candice ဆို သူရဲ့ ချစ်သူ အခုလောက် ထွင်းဉာဏ်ရှိတယ်ဆိုကို မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူမလည်း ချက်ချင်းပဲ “Yes” ဆိုပြီး အဖြေလိုက်တော့ပါတယ်။

ဘယ်သွားသွား ကပွဲတုန်းက လင်မယားအမှတ်တရပုံလေးကို သယ်သွားတတ်သူ

Twitter

Arthur ဆိုသူကတော့ ဘယ်သွားသွား သူနဲ့ သူ့ ချစ်ဇနီး Jane တို့ (၁၉၄၉) ခုနှစ်တုန်းက ကျောင်းကပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံကို အမြဲ ဆောင်ယူသွားပါတယ်။ သူတို့ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် ချစ်ရုံတင်မက မိသားစုတွေကိုပါ အမြတ်တနိုး ချစ်ခင်ကြသူတွေလို့ သိရပါတယ်။

လူတိုင်းသိတဲ့ စုံတွဲမှာရှိတဲ့ လူတိုင်း မသိကြတဲ့ လေးနက်မှု

instagram

ဒီ နာမည်ကြီး စုံတွဲ John Krasinski နဲ့ Emily Blunt တို့ကို သိတဲ့ သူတွေတော့ သိကြမှာပါ။ သူတို့ နှစ်ယောက်ဟာ တစ်ယောက်အပေါ် တစ်ယောက် ပေးဆပ်မှု သိပ်ကြီးကြပါတယ်။ John ဟာ သူ့ မိန်းမနဲ့ ကလေးတွေကို ဘယ်လောက်ချစ်သလဲဆိုရင် Jack Ryan ဆိုတဲ့ ရုပ်ရှင်ရိုက်နေစဉ် ခွဲနေကြရတဲ့ အချိန်တွေမှာတောင် အပတ်စဉ် ပိတ်ရက်တိုင်း မိုင် (၆,၀၀၀) ကျော် ပျံသန်းပြီး မိသားစုနဲ့ တူတူနေပေးခဲ့တာပါ။

Even Agostini

LDRS ပုံပြင်တစ်ပုဒ်

Twitter

ဒီစုံတွဲရဲ့ ချစ်နှစ်ပတ်လည်ကတော့ (၂၁) နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့သော အချိန်တွေမှာ သူတို့နှစ်ယောက် ဘယ်လို အကြာကြီးနေခဲ့ကြရသလဲ ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။  တစ်ခါတုန်းက သူ့တို့ နှစ်ယောက် ရေမြေတွေခြားပြီး အချစ်တွေကို သွယ်ဆက်ခဲ့ရဖူးပါတယ်။ သူမက တရုတ်ပြည်မှာ၊ သူက အဲ့ဒီအချိန် အမေရိကားကို ပြောင်းသွားပြီ။ အဲ့ဒီလိုနဲ့ (၅) နှစ်လောက်နီးနီး သူတို့ နှစ်ယောက်ကြားမှာ ရှိတာဆိုလို့ ဒီစာတွေပဲ ရှိခဲ့ပါတယ်တဲ့။

READ
လဲကျသွားတဲ့ လုပ်ဖော်ကိုင်ဖက်ကို ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပေးခဲ့တဲ့ ခွေးကလေး

The Rock ရဲ့ ဇနီးနဲ့ သမီးတွေအပေါ် ချစ်ပုံ

instagram

ပြီးခဲ့တဲ့ “အမေများနေ့” တုန်းက Dwayne Johnson ဟာ သူ့ရဲ့ ဇနီးနဲ့ သူတို့ရဲ့ သမီးနှစ်ယောက် ဖြစ်တဲ့ Jasmine Lia နဲ့ Tiana Gia တို့ကို အထူးခြားဆုံးနည်းလမ်းနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ The Rock က သူ့မိသားစုကို ဘယ်လောက် မြတ်နိုးတန်ဖိုးထားလည်းဆိုတာကို သူရဲ့ လုပ်ရပ်လေးတွေနဲ့ ဖော်ပြခဲ့ပြီး ဇနီးဖြစ်သူက သူကို ရွေးချယ်ခဲ့တာ ဘယ်လောက် ကျေနပ်ပါတယ်ဆိုတာကို အခုလိုပဲ ဖော်ပြခဲ့ဖူးပါတယ်။

instagram

All Of Me သီချင်းရဲ့ အမှန်တရားကတော့….

instagram

သီချင်းတွေကို နားထောင်တဲ့အခါ လူတွေက ဒါ ခံစားမှု အစစ်မဟုတ်ဘူး၊ သီချင်းသည်တစ်ယောက်ရဲ့ အငှားခံစားမှုတွေလို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တမ်းမှာ ရည်ရွယ်ချက် အတိအကျရှိပါတယ်။ ဘယ်တော့ နားထောင်နားထောင် စွဲငြိနေတဲ့ “All Of Me” သီချင်းကို John Legend ဟာ သူ့ ဇနီးအတွက် သေသေချာချာ ရေးဖွဲ့ခဲ့တာပါ။

instagram

ချစ်ထုံးရယ် မပြေ

facebook

Donald နဲ့ Ollie King တို့ရဲ့ အိမ်ထောင်သက်တမ်းက (၆၈) နှစ်ရှိခဲ့ပါပြီ။ တကယ်လို့ အချစ်စစ်သာ မရှိခဲ့ရင် သူတို့ ဆယ်စုနှစ်များစွာ တိုင်အောင် ဘယ်လိုများ တစ်ယောက်နဲ့ တစ်ယောက် ရပ်တည်ပေးခဲ့ကြပါလိမ့်..။ သူတို့ နှစ်ယောက်ဟာ တစ်ရက်ထက် ပိုပြီး မခွဲခဲ့ဖူးဘူးတဲ့… နောက်ပြီးတော့ Donald က ပြောသေးတယ် အခု အချိန်တွေအကြာကြီး ချိမြိန်စွာ ချစ်ဇနီးနဲ့ နေရတာ သူအဖို့ တကယ် ဆုတောင်းပြည့်တာပါတဲ့။

facebook

Source: Bright Side

Matthew (ShweMOM)
SHARE