ဖွင့်မပြောပေမယ့်သင့်ချစ်သူကောင်လေးက သင့်ဆီကနေလိုချင်တဲ့အရာ(၈)ချက်

ကဲ shwemom ရဲ့ မိန်းကလေး ပရိတ်သက်ကြီးကို မေးချင်တယ်။ ချစ်သူရှိလား။ မရှက်ပါနဲ့လေ။ ဒါက ရှက်
ရမဲ့အရာမှ မဟုတ်တာပဲ။ အင်း ဟုတ်ပါပြီ။ ချစ်သူ ရှိတယ် ထားပါတော့။ သင့်ချစ်သူကောင်လေးက သင့်
ဆီကနေ နှုတ်ကနေ ဖွင့်မပြောဘဲ လိုချင်တဲ့အချက် (8)ချက် ရှိပါတယ်။ သင်က ဒါကို အရင်က မသိဘူး
ဆိုရင် အခု ဖတ်ကြည့်လို့ သိပြီးတဲ့ နောက်ပိုင်း သင့်ချစ်သူကို သူလိုချင်တဲ့ အရာလေးတွေ ဖြည့်စွမ်းပေး
ပြီး သာယာတဲ့ ဘဝလေးကို လက်တွဲနိုင်ကြပါစေ။

1. လေးစားမှု

အထူးသဖြင့် ကိုယ့်ချစ်သူရဲ့ လေးစားမှုကိုတော့ ယောက်ျားတိုင်း ခံယူချင်ကြပါတယ်။ အဲဒီလို လေးစား
ခံရဖို့လည်း သူ့နည်းသူ့ဟန်အတိုင်း ကြိုးစားနေကြတာပါဘဲ။ ဒါပေမယ့် ကောင်မလေးဘက်က အဲဒီလို
တလေးတစား ဖြစ်ပြဖို့ ပျက်ကွက်တဲ့အခါမျိုးမှာ သူ စိတ်ဓာတ်ကြတတ်ပါတယ်။ တစ်ခုရှိတာက လေး
စားတယ်ဆိုတာ ထိုင် ကန်တော့မှ မဟုတ်ပါဘူး။ သူရဲ့ ပညာဉာဏ်ကြီးမှု၊ ဦးဆောင်နိုင်မှု၊ အကာအကွယ်
ပေးမှု စတာတွေကို သင်က ကောင်းကောင်း အသိအမှတ်ပြုပေးရပါမယ်။

2. မြတ်နိုးမှု

ချစ်တာနဲ့ မြတ်နိုးတာ မတူပါဘူး။ တူတယ်ဆိုရင် စကားလုံး ကွဲပြားနေစရာ ဘယ်ရှိမှာလဲ။ မြတ်နိုးတယ်
ဆိုတာက တစ်စိမ့်စိမ့်တွေးလေ သူ့ကို ပိုပိုချစ်လေ-ဆိုတဲ့ love him very very much ပေါ့။ သင့်ချစ်သူ
ဟာလည်း သင့်ရဲ့ လေးစားမြတ်နိုးမှုကို ရချင် ယူချင်သူ ဖြစ်ပါတယ်။

READ
ညှင်းပန်းနှိပ်စက်တတ်တဲ့ ယောက်ျားကို မစွန့်လွှတ်ကြခြင်း အကြောင်းရင်း(၅)ချက်

3. အယုံကြည်ဆုံးတိုင်ပင်ဖော်

ဒါလည်း ဘယ်ယောက်ျားမျိုးမဆို လိုချင်ကြတယ်။ အမျိုးသမီးရဲ့ ယုံယုံကြည်ကြည်တိုင်ပင်ဖော် ဖြစ်မှ
သူတို့မှာ ဘယ်လို ကြံရည်ဖန်ရည်၊ လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုတာ သူချစ်တဲ့သူက သိမှာကိုး။

4. အနီးစပ်ဆုံးအားပေးသူများ

မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက် ပျော်ရွှင်ဖို့ မင်းသမီးတစ်ယောက်လို အောင်
မြင်နေဖို့ သူတို့က ဆန္ဒမရှိကြပါဘူး။ ဒါပေမယ့် ချစ်သူ မိန်းကလေး အောင်မြင်တဲ့အခါ သူတို့ကပဲ
ပထမဆုံး ပွေ့ဖက် အောင်ပွဲခံချင်ကြသလို၊ ချစ်သူ မိန်းကလေး စိတ်သောက ရောက်နေရင်လည်း
သူကလည်း ပွေ့ဖက် နှစ်သိမ့်လိုပါတယ်။

5. စကားချိုချိုနဲ့ ပြောတာကို လိုချင်တယ်

ယောက်ျားသားဆိုတာ လူတွေက သဏ္ဍန်အရ ကြမ်းတမ်းချင် ကြမ်းတမ်းမယ်၊ အင်မတန်မှ သိမ်မွေ့
နုညံ့တာကို ကြိုက်တဲ့ အမျိုးပါ။ သည်တော့ အမျိုးသမီးလုပ်သူက သူတို့ကို စကား မောက်မောက်မာ
မာ ပြောတာမျိုးထက် စကားချိုချို ပြောတာကို ပိုပြီးလိုချင်ကြပါတယ်။ မိန်းမတွေအနေနဲ့လည်း
“ မိန်းမတွေရဲ့ အား … နှုတ်ဖျားမှာရှိတယ် ”ဆိုတာကို ကောင်းကောင်း အသုံးချတတ်ပါစေ။

READ
Crush ကို အိမ်မက်မက်ရတဲ့ အကြောင်းအရင်းနဲ့ အိမ်မက်တွေရဲ့ အဓိပ္ပါယ်.

6. ဘာလုပ်လုပ် တိုက်တိုက်တွန်းတွန်းရှိစေချင်တယ်။

ဒါကတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ချစ်သူ ကိုယ့်မိန်းမက မောင်ရယ် အဲဒါလေး လုပ်လိုက်ပါလားလို့
လိုလိုချင်ချင် တိုက်တွန်းတဲ့အခါမျိုးမှာ ပျော်ပျော်ကြီး လုပ်ပေးပါတယ်။ အိပ်ယာထရင်တောင် မောင်
ထတော့နေ (7)နာရီတောင် ထိုးပြီး ချစ် ကော်ဖီဖျော်ထားလိုက်မယ်-ဆိုရင် အိပ်ယာကနေ ငေါက်က
နဲ ထထိုင်တဲ့လူတွေလေ။ စကားပုံလည်း ရှိသားပဲ “အမေ ပြောရင် တစ်လ … မယားပြောရင် တစ်ည
”တဲ့။

7. ချီးကျူးခြင်း

ဘာလုပ်လုပ် မိန်းမလုပ်သူ ချစ်သူဖြစ်သူက ချီးကျူးတာ သူတို့က ပိုလိုချင်ပါတယ်။ ချီးကျူးခြင်းဟာ
သူတို့အတွက်တော့ အားဆေးပါဘဲ။ ဒါကြောင့် အလွန်သေးငယ်တဲ့ လုပ်ငန်းဆောင်တာလေး ဖြစ်
ပါစေ မောင်က တော်လိုက်တာကွာ … ယောက်ျားက သိပ် ဉာဏ်ကောင်းတာပဲ-စသဖြင့် ချီးကျူး
ပေးပါ။

8. လွတ်လပ်ချင်တယ်

လွတ်လပ်ချင်တယ်ဆိုတာ သင့်လက်အောက် ရုန်းထွက်ပြေးလိုတဲ့ ဆန္ဒကို ဆိုလိုတာ မဟုတ်ပါ
ဘူး။ သင်ဟာ သူ့ လုပ်ဆောင်မှုမှန်သမျှကို ဘာမှ ဖိအားပေးခြင်းမရှိဘဲ၊ အတိုက်အခံ ပြုခြင်းမရှိ
ဘဲ၊ နားလည်သဘောပေါက် ပေးတာကို ဆိုလိုပါတယ်။

နတ်စည်တော် (Myanmar Online Media)

Myanmar Online Media

Source: allowsmentalk

SHARE