တက်တူးထိုးမယ်ဆိုရင်ဒီ အချက်(၈)ချက်ကို သတိပြုကြပါနော်

Pixabay-ilovetattoos

ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ တက်တူးပုံတစ်ခုရေးဆွဲတော့မယ်ဆိုရင် သေသေချာချာ သတိထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထိုးလိုက်တဲ့ တက်တူးဟာ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ သေရာပါ ပန်ချီကားတစ်ချပ် ဖြစ်သွားမှာမို့လို့ပါပဲ။ လူကြီးမိဘတော်တော်များများကတော့ တက်တူးထိုးတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း လူဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ အသက်ရှင်နေရတာပါ။ ကိုာ့်စိတ်ထဲမှာ တက်တူးထိုး၇တာကြိုက်ရင်တော့ ထိုးပါ။ ဒါပေမယ့် တက်တူးထိုးတော့မယ်ဆိုရင် သတိထားရမယ့် အချက် ၁၀ ချက် ရှိပါတယ်။ ဒါ့ကြောင့် ဒီ ၈ ချက်ကို Shwemom ပရိသတ်ကြီးသိအောင် Insider သတင်းဌာနက ဖော်ပြချက်တစ်ချို့ကို ကိုးကားပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

၁။ တက်တူးထိုးနေတဲ့အချိန်မှာ အသက်ရှုဖို့ မမေ့ပါနဲ့

လူတော်တော်များများဟာ တက်တူးထိုးရင် နာလွန်းလို့ အသက်အောင့်ထားတာတွေ ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ တက်တူးထိုးနေတဲ့အချိန်မှာ အသက်ကို ပုံမှန်ပဲ ရှုပါ။ ဘာကြောင့်လဲဆိုတော့ အသက်အောင့်ထားပြီးမှ ရုတ်တရက်အသက်ကို ပြင်းပြင်းရှုလိုက်ရင် နှလုံးသွေးလည်ပတ်မှု မကောင်းသလို တက်တူးထိုးပေးနေတဲ့ တက်တူးဆရာအတွက်ပါ အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။

Pixabay-3557203

၂။ ကိုယ်ထိုးမယ့်ပုံကို သေသေချောချာရွေးချယ်ပါ

လူတစ်ချို့ဟာ တက်တူးထိုးရရင်ပြီးပြီးရော ပုံစံနဲ့ တက်တူးကို အလွယ်တကူ ရွေးချယ်ပြီး ထိုးလေ့ ရှိပါတယ်။ အချိန်ကြာမှ ကိုယ်ဒီအတိုင်းထိုးလိုက်တဲ့ပုံကို မကြိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ခံယူချက်နဲ့ တူညီတဲ့ပံမျိုးတွေ၊ ကိုယ်ကြိုက်လို့ထိုးတာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။ နောင်တစ်ချိန်ကျမှ ဒီအတိုင်းထိုးလိုက်တဲ့ ပုံတစ်ပုံအတွက် နောင်တမရနေပါစေနဲ့။

READ
ကလေးများရဲ့အကျင့်စာရိတ္တကို အရောင်ဆိုးပေးနေသောမိဘအချို့

၃။ ကိုယ်တက်တူးထိုးမယ့်နေရာကို သေသေချာချာ သန့်ရှင်းရေးလုပ်လာပါ

ဒါကတော့ ခြေဖဝါးတို့၊ တင်ပါးတို့၊ ပေါင်ခြံအတွင်းပိုင်းတွေ အစရှိတဲ့ နေရာတွေမှာ တက်တူးထိုးမယ့်လူတွေ ဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုးခါနီးမှ အဲဒီနေရာတွေဟာ ညစ်ပတ်နေရင် တက်တူးဆရာအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းပါဘူး။

၎။ တက်တူးထိုးနေရင်းနဲ့ ငြိမ်ငြိမ်လေးနေပါ

တက်တူးထိုးနေတဲ့အချိန်အတွင်း ဆတ်ကနဲ ဆတ်ကနဲ လှုပ်ရှားတာမျိုးတွေ မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်လိုက်တာဟာ တက်တူးထိုးနေတဲ့လူအတွက်လည်း မကောင်းသလို ကိုယ့်တက်တူးလည်း ရုပ်ထွက်မကောင်းပါဘူး။ ဒါ့ကြောင့် တက်တူးထိုးနေတဲ့အချိန်အတွင်း ငြိမ်ငြိမ်လေးနေတာ အကောင်းဆုံးပါပဲ။

Pixabay-StockSnap

၅။ တက်တူးထိုးထိုးပြီးချင်း ကမ်းခြေတွေဘာတွေ မသွားပါနဲ့

တက်တူးထိုးထိုးပြီးချင်း အနည်းဆုံးနှစ်ပတ်လောက် အိမ်မှာပဲနေတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ တက်တူးထိုးတာဟာ အပေါ်ယံအရေပြားမှာ အနာပုံစံမျိုးဖြစ်နေတဲ့အတွက် မမြင်ရတဲ့ ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့်ပါ။ ကမ်းခြေသွားမယ်ဆိုလဲ ကမ်ခြေမှာရှိတဲ့ ပင်လယ်ဆားငန်ရေ၊ နေရောင်ခြည်နဲ့ ငအငန်ဓာတ်ပါတဲ့ သဲတွေဟာ ဒဏ်ရာကို အလွယ်တကူ မကျက်စေပါဘူး။

၆။ တက်တူးသွားထိုးရင် ဘော်ဒါတွေနဲ့ အုပ်လိုက်ကြီး မသွားပါနဲ့

READ
ကိုယ်တိုင်သတိမထားမိပဲ အရေပြားပြဿနာတွေ ဖြစ်လာရခြင်း အကြောင်းရင်းများ

တစ်ချို့ဟာ တက်တူးသွားထိုးရင် ဘော်ဒါတွေကို ခေါ်ခေါ်သွားလေ့ ရှိပါတယ်။ ဒီလိုဘော်ဒါတွေခေါ်သွားရင် ကိုယ်တက်တူးထိုးနေတဲ့အချိန် ဟေးလားဝါးလားစကားတွေပြောလိုက်၊ တစ်ယောက်နဲ့ တစ်ယောက် စနောက်နေလိုက်၊ ဟိုအကြောင်းဒီအကြောင်းတွေ ပြောလိုက် လုပ်နေခြင်းက တက်တူးဆရာအတွက် အင်မတန် စိတ်အနှောင့်အယှက် ဖြစဟ်စေပါတယ်။

Pixabay-ilovetattoos

၇။ တက်တူးတစ်ခုပေါ်မှာ ခဏခဏ cover မအုပ်မိပါစေနဲ့

လူတစ်ချို့ဟာ တက်တူးသစ်ထိုးတော့မယ်ဆိုရင် အရင်ထိုးတဲ့ တက်တူးပေါ်မှာပဲ cover art ကို ခဏခဏပြန်အုပ်လေ့ ရှိပါတယ်။ အဲဒီလို cover အုပ်တာ တစ်ခါလောက်ပဲ ကောင်းပါတယ်။ ၃ ခေါက် ၄ ခေါက်လောက် အုပ်နေရင် ကိုယ်ထိုးတဲ့ ဒီဇိုင်းတွေ ကာလာတွေက သိပ်မပေါ်တော့ပဲ အရောင်တွေ ဒီဇိုင်းတွေရောပြီး မဲမဲကြီး ဖြစ်နေတတ်ပါတယ်။

၈။ တက်တူးထိုးပြီသွားတဲ့ပုံပေါ်ကို ဆေးတွေ အများကြီး မလိမ်းမိပါစေနဲ့

လူတော်တော်များများဟာ တက်တူးတစ်ခုထိုးပြီးသွားရင် ဒဏ်ရာကျက်ချင်ဇောနဲ့ အရေပြားလိမ်းဆေးတွေကို အလွန်အကျွံ လိမ်းလေ့ ရှိပါတယ်။ အဲဒီလို လိမ်းခြင်းက မကောင်းပါဘူး။ ကိုယ်ထိုးလိုက်တဲ့ တက်တူးအရောင်ကို မှိန်သွားစေတတ်ပါတယ်။ အကောင်းဆုံးကတော့ တက်တူးဆရာ လိမ်းခိုင်းတဲ့ ပမာဏနဲ့ အကြိမ်အရေအတွက်တိုင်း သေသေချာချာ လိမ်းသင့်ပါတယ်။

Pyi Hein Kyaw

SHARE